ကစားေဖာ္သူငယ္ခ်င္းေတြကို အျမဲတမ္းကိုယ္တိုင္ ဟင္းခ်က္ေကြၽးေနေသာ အသက္ ၃ ႏွစ္အရြယ္ ကေလးမေလး

ကစားေဖာ္သူငယ္ခ်င္းေတြကို အျမဲတမ္းကိုယ္တိုင္ ဟင္းခ်က္ေကြၽးေနေသာ အသက္ ၃ ႏွစ္အရြယ္ ကေလးမေလး

မိဘတိုင္းက သူတို႔ရဲ႕သားသမီးေလးေတြကို ကိုယ့္ကိုယ္ကို ရပ္တည္ႏိုင္ဖို႔ရာအတြက္ ေန႔စဥ္လိုအပ္သည့္ အရာမ်ားကို လုပ္ကိုင္တတ္ေအာင္ သင္ၾကားေပးတတ္ၾကကာ အခ်ိဳ႕မွာ ငယ္ငယ္႐ြယ္႐ြယ္ႏွင့္ ကြၽမ္းက်င္စြာ တတ္ေျမာက္ထားၾကၿပီျဖစ္သည္။

ယခုတြင္လည္း အိႏၵိယႏိုင္ငံမွ အသက္ ၃ ႏွစ္ အ႐ြယ္ ကေလးမေလးသည္ ခ်က္ျပဳတ္ေရးရာႏွင့္ ပက္သက္ၿပီး ဝါသနာ ပါခဲ့ရာ မိခင္ဆီကေန ဟင္းခ်က္နည္းမ်ားစြာကို စိတ္ပါဝင္တစား သင္ယူခဲ့သည္။

ကေလးမေလးသည္ အ႐ြယ္ႏွင့္မလိုက္ေအာင္ အခ်က္အျပဳတ္ကြၽမ္းက်င္ၿပီး အိမ္နီးနားခ်င္းရွိ ကစားေဖာ္ သူငယ္ခ်င္းေတြကို အၿမဲလိုလို ဟင္းခ်က္ေကြၽးျခင္းျဖင့္ မိခင္ျဖစ္သူမွလည္း သမီးေလးရဲ႕ အရည္အခ်င္းကို မွတ္တမ္းတင္ ဗီဒီယိုေလး ႐ိုက္ကူးကာ လူမႈကြန္ယက္တြင္ မွ်ေဝခဲ့သည္။

ကေလးမေလးသည္ သူငယ္ခ်င္းေတြႏွင့္ ကစားၿပီးေနာက္ ေန႔လည္ထမင္းစားခ်ိန္တြင္ ငါးေလးေတြကို ေၾကးခြံခြၽတ္၍ ေရေသခ်ာေျပာင္ေအာင္ ေဆးေၾကာကာ လိုအပ္သည့္ ဟင္းခတ္အေမႊးအႀကိဳင္တို႔ကို ႏွံ႔စပ္ေအာင္ထည့္ၿပီး မီးအပူခ်ိန္မွန္မွန္နဲ႔ ခ်က္ျပဳတ္ေနေသာ ပုံရိပ္ေလးသည္ မခ်က္မျပဳတ္တတ္ေသာ အ႐ြယ္ေရာက္ၿပီးသားမိန္းကေလးေတြကို အထင္ႀကီးေလးစားေစခဲ့သည္။ crd

Unicode … ကစားဖော်သူငယ်ချင်းတွေကို အမြဲတမ်းကိုယ်တိုင် ဟင်းချက်ကျွေးနေသော အသက် ၃ နှစ်အရွယ် ကလေးမလေး

မိဘတိုင်းက သူတို့ရဲ့သားသမီးလေးတွေကို ကိုယ့်ကိုယ်ကို ရပ်တည်နိုင်ဖို့ရာအတွက် နေ့စဉ်လိုအပ်သည့် အရာများကို လုပ်ကိုင်တတ်အောင် သင်ကြားပေးတတ်ကြကာ အချို့မှာ ငယ်ငယ်ရွယ်ရွယ်နှင့် ကျွမ်းကျင်စွာ တတ်မြောက်ထားကြပြီဖြစ်သည်။

ယခုတွင်လည်း အိန္ဒိယနိုင်ငံမှ အသက် ၃ နှစ် အရွယ် ကလေးမလေးသည် ချက်ပြုတ်ရေးရာနှင့် ပက်သက်ပြီး ဝါသနာ ပါခဲ့ရာ မိခင်ဆီကနေ ဟင်းချက်နည်းများစွာကို စိတ်ပါဝင်တစား သင်ယူခဲ့သည်။

ကလေးမလေးသည် အရွယ်နှင့်မလိုက်အောင် အချက်အပြုတ်ကျွမ်းကျင်ပြီး အိမ်နီးနားချင်းရှိ ကစားဖော် သူငယ်ချင်းတွေကို အမြဲလိုလို ဟင်းချက်ကျွေးခြင်းဖြင့် မိခင်ဖြစ်သူမှလည်း သမီးလေးရဲ့ အရည်အချင်းကို မှတ်တမ်းတင် ဗီဒီယိုလေး ရိုက်ကူးကာ လူမှုကွန်ယက်တွင် မျှဝေခဲ့သည်။

 

ကလေးမလေးသည် သူငယ်ချင်းတွေနှင့် ကစားပြီးနောက် နေ့လည်ထမင်းစားချိန်တွင် ငါးလေးတွေကို ကြေးခွံချွတ်၍ ရေသေချာပြောင်အောင် ဆေးကြောကာ လိုအပ်သည့် ဟင်းခတ်အမွှေးအကြိုင်တို့ကို နှံ့စပ်အောင်ထည့်ပြီး မီးအပူချိန်မှန်မှန်နဲ့ ချက်ပြုတ်နေသော ပုံရိပ်လေးသည် မချက်မပြုတ်တတ်သော အရွယ်ရောက်ပြီးသားမိန်းကလေးတွေကို အထင်ကြီးလေးစားစေခဲ့သည်။ crd

Be the first to comment

Leave a comment

Your email address will not be published.


*