ကဏန်းနီတွေကြောင့် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ရတဲ့ ဩစတြေးလျနိုင်ငံက ခရစ္စမတ်ကျွန်း

ကဏန်းနီတွေကြောင့် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ရတဲ့ ဩစတြေးလျနိုင်ငံက ခရစ္စမတ်ကျွန်း

ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက ကဏန်းနီ သန်းပေါင်းများစွာက ဩစတြေးလျ အနောက်ဘက် ကမ်းရိုးတန်း ပင်လယ်ပြင်အတွင်းရှိတဲ့ ကျွန်းပေါ် ပြောင်းရွှေ့နေထိုင်ဖို့အတွက် ခရစ္စမတ်ကျွန်းကို ဖြတ်သန်းသွားခဲ့ပါတယ်။

ဒီနှစ်ရဲ့ ကဏန်းနီတွေ ပြောင်းရွှေ့နေထိုင်မှုက တကယ့်ကို Epic ပဲ ဖြစ်တယ်လို့ ခရစ္စမတ်ကျွန်းအမျိုးသားဥယျာဉ် ရဲ့ သဘာဝအရင်းအမြစ် ထိန်းသိမ်းရေး မန်နေဂျာ Brendan Tiernan က ဆိုထားပါတယ်။

လမ်းတွေက ကဏန်းနီတွေ ပြည့်နှက်နေတာကြောင့် ကျွန်းသေးသေးလေး အပေါ်မှာ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်လာပြီး လူတွေက သူတို့ ကားတွေထဲက ထွက်ကာ ကဏန်းတွေကို မောင်းထုတ်ခဲ့ကြတာပါ။

ဒါ့အပြင် ကဏန်းတွေရဲ့ ဂေဟစနစ် အဖြစ် ပင်လယ်ပြင်သို့ ပြောင်းရွှေ့မျိုးပွားတဲ့ ဖြစ်စဉ်မှာ ခရစ္စမတ်ကျွန်းလောက် ကမ္ဘာပေါ်က ဘယ်လိုနေရာမှာမှ အခုလောက်များပြားတဲ့ ပမာဏနဲ့ မရှိနိုင်ကြောင်းလဲ Tiernan က ထပ်လောင်း ပြောကြား ထားပါသေးတယ်။

အဆိုပါ ခရစ္စမတ်ကျွန်းကိုတော့ တစ်ခါတစ်ရံ ကဏန်းနီကျွန်းလို့လည်း ခေါ်တွင်ပြီး ကဏန်းနီတွေက ကျွန်တော်တို့ရဲ့ ဂေဟစနစ်နဲ့ စီးပွားရေးဆိုင်ရာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအတွက် ဘယ်လောက် အရေးကြီးသလဲဆိုတာ ကျွန်းရဲ့ လူမှုအသိုင်းအဝိုင်းက အသိအမှတ်ပြုထားကြပြီးသား ဖြစ်ပါတယ်လို့လည်း ၎င်းက ဆိုထားပါသေးတယ်။

မိတ်လိုက်ကြပြီးနောက် ကဏန်းအထီးတွေက တောထဲကို ပြန်လည် ထွက်ခွာသွားကြပြီး အမ တွေကတော့ ဥ ဥဖို့အတွက် နှစ်ပတ်ခန့် မြေတွင်းထဲ ကျန်နေရစ်ခဲ့ကြလေ့ ရှိတာပါ။ ကဏန်းအမ တိုင်းက ဥပေါင်း တစ်သိန်းလောက်ဆီ ဥနိုင်ပြီး သမုဒ္ဒရာထဲကို ကဏန်းမျိုးစိတ်တွေ ထည့်သွင်းပေးလေ့ရှိတာပဲ ဖြစ်ပါတယ်။

အချို့လူတွေက သန်းပေါင်းများစွာသော ကဏန်းနီတွေ ဝန်းရံခြင်းခံထားရတာကြောင့် ကြောက်ရွံ့နေကြသလို အချို့ကတော့ မြေပေါ်လှဲချပြီး အမှတ်တရအဖြစ် ကဏန်းနီတွေကို သူတို့ ကိုယ်ပေါ်ဖုံးလွှမ်းသွားစေပြီး ဖြတ်သန်းသွားစေရလောက်အောင် ရဲတင်းကြတယ်လို့လဲ Tiernan က ပြောကြားထားပါတယ်။

ကဏန်းနီတွေက ခရစ္စမတ် ကျွန်းအတွက် အလွန်ကို အရေးပါတဲ့ သတ္တဝါတွေဖြစ်ပြီး ဩစတြေးလျနိုင်ငံရဲ့ ဥပဒေနဲ့ ကာကွယ်ပေးခြင်းခံထားရတာပဲ ဖြစ်ပါတယ်။

Ref: Autoblog

Be the first to comment

Leave a comment

Your email address will not be published.


*