ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်တစားသွားရောက် လည်ပတ်ကြတဲ့ ကြွက်ကောင်ရေသောင်းနဲ့ချီကို ကျွေးမွေးစောင့်ရှောက်ထားတဲ့ အိန္ဒိယမှ ဘုရားကျောင်း

ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်တစားသွားရောက် လည်ပတ်ကြတဲ့ ကြွက်ကောင်ရေသောင်းနဲ့ချီကို ကျွေးမွေးစောင့်ရှောက်ထားတဲ့ အိန္ဒိယမှ ဘုရားကျောင်း

အိန္ဒိယနိုင်ငံ၊ ရာဂျက်စ်သန် ပြည်နယ်မှာရှိတဲ့ ဘုရားရှိခိုးကျောင်း တစ်ကျောင်းမှာ ကြွက်တွေ အများအပြား ပြေးလွှားလျက် ရှိကြပါတယ်။ ဒီ ဘုရားရှိခိုးကျောင်းကို ကာနီမာတာ လို့ အမည် ပေးထားပြီး ကျောင်းအတွင်းမှာရှိတဲ့ ကြွက်တွေကို ဒေသခံတွေက ယုံကြည်စွာ ကိုးကွယ်မှုတွေ ပြုလုပ်နေကြတယ် လို့ သိရပါတယ်။

ဒီကျောင်းမှာရှိတဲ့ ကြွက်တွေကို အစားအစာ ကျွေးမွေးပြီး ကာကွယ်စောင့်ရှောက်မှုတွေ ပြုလုပ်ထားကြပါတယ်။ နောက်ပြီး ကျောင်းအတွင်းမှာရှိတဲ့ ကြွက်တွေကို အန္တရာယ်မဖြစ်စေဖို့ ကာကွယ် စောင့်ရှောက်မှုတွေ ပေးလေ့ရှိကြပါတယ်။ဒီဘုရားကျောင်းကို လာရောက်တဲ့ ဧည့်သည် တစ်ဦးဖြစ်တဲ့ ရှာမာက ပထမဆုံး အကြိမ် လာရောက်ဖူးခြင်း ဖြစ်ပါတယ်။

ဒီ အနီးအနား တစ်ဝိုက်မှာ ပလိပ်ရောဂါဖြစ်ခဲ့ တယ်လို့ ကြားခဲ့ဖူးခြင်း မရှိပါဘူး။ လူတွေက ဘုရားကျောင်းမှာရှိနေတဲ့ ကြွက်တွေကို ကျွေးမွေးဖို့ အစားအစာတွေ ယူဆောင်လာလေ့ရှိတယ် လို့ ပြောကြားခဲ့ပါတယ်။ ကြွက်တွေဟာ ကြီးမားလှတဲ့ ခွက်တွေမှာ ထည့်ထားတဲ့ အစားအစာနဲ့ နို့တွေကို အလုအယက် စားသောက်လေ့ရှိပါတယ်။

ကလေးငယ်တွေကလည်း ကြွက်တွေနဲ့အတူ ဆော့ကစားတတ်ကြပါတယ်။ ဒီနေရာကို ပထမဆုံး ရောက်လာတဲ့ သူတွေအတွက် ကတော့ တကယ့်ကို အထူးအဆန်းသဖွယ် ဖြစ်နေပါတယ်။ ဘုရားကျောင်းကို ရောက်လာသူတွေဟာ ကြွက်ဖြူကို တွေ့ခဲ့ပါက ကံကောင်းခြင်းတွေ ရတတ်တယ်လို့ အယူအဆ ရှိထားပါတယ်။

ကြွက်တွေကို ဘုရားကျောင်းက တာဝန် ရှိသူတွေက ထိန်းသိမ်း စောင့်ရှောက်ထားပြီး တကယ်လို့ ကိုယ့်ကြောင့် ကြွက်တစ်ကောင် သေဆုံးသွားပါက အစားသဘော ပြန်လျော်တဲ့အနေနဲ့ ဘုရားကျောင်းက ရောင်းချတဲ့ ရွှေ (သို့) ငွေနဲ့ ပြု လုပ်ထားတဲ့ ကြွက်ရုပ်တုတွေကို ဝယ်ယူရမယ်လို့ စည်းကမ်းချက်ထုတ်ပြန် ထားပါတယ်။

ဒီဘုရားကျောင်းကို ကမ္ဘာလှည့် ခရီးသည်တွေလည်း စိတ်ဝင်တစား လာရောက်လေ့လာကြတယ် လို့ သိရပါတယ်။ ဧည့်သည် တစ်ဦးဖြစ်တဲ့ ဆာဗီတာက ဘုရားကျောင်းအတွင်း သတိကြီးစွာ သွားလာခဲ့ကြောင်း၊ ကြွက်တွေ ခြေထောက်နားက ဖြတ်သွားချိန်မှာ ကြောက်လန့်စွာ အော်ဟစ်ခဲ့မိကြောင်း ပြောကြားခဲ့ပါတယ်။ Source ; Dialy Mail

Be the first to comment

Leave a comment

Your email address will not be published.


*