ကမ္ဘာကျော် ဟက်ကာအဖွဲ့ဖြစ်တဲ့ Anonymous အဖွဲ့က ရုရှားကို ဆိုက်ဘာစစ် ကြေညာ

ကမ္ဘာကျော် ဟက်ကာအဖွဲ့ဖြစ်တဲ့ Anonymous အဖွဲ့က ရုရှားကို ဆိုက်ဘာစစ် ကြေညာ

ယူကရိန်းကို အင်အားပြည့် ကျူးကျော်လိုက်တဲ့ ရုရှား သမ္မတ ဗလာဒီမာပူတင် အစိုးရအဖွဲ့ကို Anonymous ဟက်ကာ အုပ်စုက ဆိုက်ဘာစစ် ကြေညာ လိုက်ကြောင်း သိရပါတယ်။

တွေ့သိဖို့မလွယ်တဲ့ ယင်းကွန်ပျူတာ ပညာရှင်တွေဟာ ကြာသပတေးနေ့ ညပိုင်းက ၎င်းတို့ရဲ့ တွစ်တာ ပေါ်ကနေ ပြတ်သားတဲ့ ကြေညာချက် ထုတ်ပြန်လိုက်ကြ တာဖြစ်ပါတယ် ။ “Anonymous စုပေါင်းအဖွဲ့ဟာ ရုရှားအစိုးရကို ဆိုက်ဘာစစ်ပွဲ တရားဝင် ဆင်နွှဲနေပြီ ” လို့ ည ၁၀ နာရီ လောက်မှာ ၎င်းတို့က ကြေညာ ခဲ့ပါတယ်။

ယင်းသို့ကြေညာပြီး နာရီဝက်လောက် အကြာမှာပဲ ရုရှား အစိုးရ ကျောထောက်နောက်ခံပြု ရုပ်သံချန်နယ် တစ်ခုဖြစ်တဲ့ RT(Russia Today) ရဲ့ ဝက်ဘ်ဆိုက်ကို သူတို့ ဖြုတ်ချ လိုက်ပြီ ဖြစ်တယ်လို့ ထပ်မံ ကြေညာခဲ့ပါတယ်။ ယင်း ရုပ်သံလိုင်းဟာ ဗြိတိန်မှာ ထုတ်လွှင့် ပြသနေပြီး ယင်းရဲ့ လွှမ်းခြုံထားနိုင်မှုအတွက် ပြင်းပြင်း ထန်ထန် ဝေဖန်ခံ ခဲ့ရပါတယ်။

ဒီနေ့ မနက်အထိ ယင်း ရုပ်သံဝက်ဘ်ဆိုက်ကို ဝင်ရောက်ဖို့ ကြိုးစားကြည့်ပေမယ့် မရသေးကြောင်းနဲ့ ဒီဝက်ဘ်ဆိုက် ကို ဝင်လို့ မရနို င်သေးဘူးဆိုတဲ့ error မက်ဆေ့ခ်ျ တစ်ခုသာ တွေ့ရကြောင်း ဒေးလီးမေးလ် သတင်းဌာနက ဆိုပါတယ်။

Anonymous ရဲ့ ဆိုက်ဘာစစ် ကြေညာချက်ဟာ လာမယ့်ရက်တွေ အတွင်း ရုရှားနိုင်ငံ အပေါ် စနစ်တကျ hacking လုပ်ကြရေး လှုံ့ဆော်ကြိုးပမ်းချက်များ တိုးမြင့်လာအောင် တွန်းအား ဖြစ်စေ နိုင်တယ်လို့ ဆိုပါတယ်။ Daily Mail

Be the first to comment

Leave a comment

Your email address will not be published.


*