ကမ္ဘာပေါ်မှာ ကိုယ်လက်အင်္ဂါ အပြည့်အစုံပါရှိသည့် အသေးငယ်ဆုံးလူသားအဖြစ် ကြော်ကြားခဲ့တဲ့ တချိန်ကအမေရိကန်ရောက် ကမ္ဘာ့အသေးဆုံး မြန်မာလူမျိုး လူပုလေး
ပုံမှာ အနောက်တိုင်းဝတ်စုံ အပြည့်အစုံ ဝတ်ဆင်ထားတဲ့ လူပုလေးတစ်ဦးကို အမေရိကန် အရာရှိများနှင့် အတူ မြင်တွေ့ ရပါလိမ့်မယ်။ ဒီလူပု ကလေးက ၁၉၁၀ ခန့်မှာ အမေရိကန် နိုင်ငံသို့ ပြောင်းရွှေ့ပြီး အခြေချနေထိုင်ရန် မြန်မာနိုင်ငံမှနေ၍ အမေရိကန် နယူးယောက်မြို့အနီးရှိသည့် အဲလစ်ကျွန်း သို့ရောက်ရှိလာခဲ့သူ တစ်ဦးဖြစ်ပါတယ်။
ထိုစဉ်မှ မြန်မာ လူမျိုးတွေဟာ ဒီလို အနောက်တိုင်း နိုင်ငံ တွေကို ပြောင်းရွှေ့ နေထိုင်ပြီး အခြေချတယ် ဆိုတာက အင်မတန် ရှားပါးခဲ့သည် ။ သူနဲ့ပတ်သတ် ပြီးတော့လည်း သူကဘာလူမျိုးဖြစ်တယ် ဆိုတာက လွဲ၍ ကျန်တဲ့ သူ့ အကြောင်းတွေကို ဘာဆိုဘာမှ ရှာလို့လဲ မတွေ့ခဲ့သေး လို့ ဘာမှ မသိရပါဘူး။
သိရတာဆိုလို့ သူ့အမည်က စမောင်ဆင်းဖူး (Smaun Sing Hpoo ) ဖြစ်ကြောင်း သိရှိရပါတယ်။ သူဟာ ထိုစဉ် အချိန်က … “ ကမ္ဘာပေါ်တွင် ကိုယ်လက်အင်္ဂါ အပြည့်အစုံ ပါရှိသည့် အသေးငယ်ဆုံး လူသား” ပဲ ဖြစ်ပါတယ်။
သူ့အရပ်က ၂ ပေ ၁၀ လက်မ ၊ ကိုယ်အလေးချိန် ၁၈ ပေါင် နဲ့ သူ ဂျွမ်းဘားကစားတာကို ကျွမ်းကျင်သူ ဖြစ်ပါတယ်။ ၁၈၈၀ ခုဝန်းကျင် မြန်မာပြည်မှာ သူ့လို လူပုလေး ပုံစံရှိတဲ့ ညီမနဲ့ အတူ အမွှာမွေးဖွားခဲ့သည်ဟု တချို့တွေကလည်း ပြောဆိုကြ ယူဆကြပါတယ်။
သူဟာ ပြဇာတ်ရုံတွေ ဆပ်ကပ်တွေမှာ လိုက်လံပြီး လှည့်လည် ဖျော်ဖြေရင်းလူ သိများ လာခဲ့ပါတယ် ။ သူ့ညီမ ဖြစ်သူ ကွယ်လွန်သွားပြီး နောက်ပိုင်းမှာတော့ (သူ) စမောင်ဆင်းဖူးလေးဟာ ဘယ်မြို့ ဘယ်နေရာမှာ ဘယ်လိုပုံစံမျိုးနဲ့ဆက်ပြီး အသက်ရှင်ကာ နေထိုင်ခဲ့တယ်ဆိုတဲ့ သူနဲ့ပတ်သတ်ပြီး လုံးဝ မသိရတော့ပါဘူး … ခင်ဗျာ့ ။ Ref / Internet /crd ; ThawZinAung
Be the first to comment