ကမ္ဘာ့နားရွက် အရှည်ဆုံးဆိတ်အဖြစ် မှတ်တမ်းစံချိန်တင်သွားတဲ့ ဆိတ်ကလေး ဆင်းဘာ
ပါကစ္စတန် နိုင်ငံမှာ ရှိတဲ့ (၁၉) လက်မ (၄၆ စင်တီမီတာ) အရှည်ရှိသော နားရွက်ကို ပိုင်ဆိုင်ထားတဲ့ ဆယ်ရက်သား ဆိတ်ကလေး တစ်ကောင်ကတော့ ကမ္ဘာ့နားရွက် အရှည်ဆုံး စံချိန် ဝင်သွားခဲ့ပါပြီ။
ဆင်းဘား လို့ အမည်ရထားတဲ့ ဒီဆိတ်ကလေးဟာ ပါကစ္စတန် နိုင်ငံမှာ မွေးဖွား လာတာဖြစ်ပြီး သူဟာ မွေးဖွားစဉ်တည်းက ပုံမှန်မဟုတ်တဲ့ နားရွက်ရှည်နဲ့ မွေးလာခဲ့တာဖြစ်လို့ သူ့ရဲ့ပိုင်ရှင် Muhammad Hassan Narejo က အတော်လေး အံ့အားသင့် ခဲ့ပါတယ်။
မစ္စတာ Hassan Narejo က Simba ဟာ သူ့နားရွက်ရှည်တွေ ကြောင့် ကမ္ဘာပေါ်မှာ နာမည်ကျော်ကြား လာတော့ မယ်လို့ ပြောနေ စဉ်မှာပဲ ဒီဆိတ်ကလေးဟာ နာမည်ကျော်ကြား သွားတဲ့အပြင် ကမ္ဘာ့နားရွက် အရှည်ဆုံး ဆိတ်ကလေးအဖြစ် စံချိန်တင် မှတ်တမ်းဝင် သွားခဲ့ပြီ ဖြစ်ပါတယ်။Crd
Zawgyi … ကမ္ဘာ့နားရွက် အရှည်ဆုံးဆိတ်အဖြစ် မှတ်တမ်းစံချိန်တင်သွားတဲ့ ဆိတ်ကလေး ဆင်းဘာ
Be the first to comment