ကမ္ဘာ့ဘဏ်ကလွဲပြီး ကြိုက်တဲ့နေရာ ကြိုက်တဲ့နည်းနဲ့စစ် အစစ်တွေပါဘဲလို့ပြောရမဲ့ ထိုင်းမှာဖမ်းမိတဲ့ ဒေါ်လာငွေစက္ကူ အတုများ
မနေ့ကထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး နခွန်ပထုမ်ခရိုင် ဘန်းလိန်းမြို့က ဂိုဒေါင်တစ်ခုမှာ အမေရိကန်ဒေါ်လာ ငွေစက္ကူအတု ထုတ်လုပ်တဲ့ ဂိုဏ်းကနေ စက်တွေနဲ့အတူ ထုတ်လုပ်ပြီးသား ငွေစက္ကူအရွက်ရေ ၃၆၀၀၀ ကို PCT ဆိုက်ဘာ ရဲတပ်ဖွဲ့က တရားခံအမျိုးသမီး ၄ ဦးနဲ့အတူ ဖမ်းဆီးရမိခဲ့ကြတယ်။
စုံစမ်းသိရှိရသလောက် စက်ရဲ့တန်ဘိုးဟာ ထိုင်းဘတ်ငွေ ၅ / ၆ သိန်းတန်ပါတယ် ၊ ငွေစက္ကူ မိုဒီဇိုင်းရိုက်နှိပ်တဲ့ ပုံစံခွက် ဘလောက်ပြား ရှေ့နောက် ၂ ချပ်ကို ဘတ် ဘတ် ၇ သိန်းပေးရ သည် ၊ ပုံနှိပ်စက် Digi UV Coater စက်တစ်လုံးကိုဘတ် (၂ ) သိန်းနီးပါးရှိသည် ၊ တစ်ရက်ကိုငွေစက္ကူအရွက်ရေ ၂၀၀၀၀ သောင်းထုတ်လုပ်နိုင်ပါသည် ။
ဒေါ်လာငွေစက္ကူထုတ်လုပ်သည့် Thomas Dela Rue ခေါ်တဲ့စက္ကူလိပ်တစ်လိတ်ကို ဘတ် ၁ သိန်းခွဲရှိပါသည် ၊ ၁ လိပ်ကို A3 စက္ကူ 300 ခန့်ထွက်ပါသည် ၊ A3 စက္ကူတစ်ရွက်ကို ဒေါ်လာငွေစက္ကူ ၁၀၀ တန် ၆ ရွက်ခန့်ထုတ်လုပ်သည်ဟုသိရှိရသည် ၊ မှင်ရည်ကိုတော့ဂျာမဏီနှင့်တရုတ်ကနေတင်သွင်းရပြီး ၁ လီတာကို ထိုင်းဘတ် ၃ သောင်းကျော်ကုန်ကျသည် ၊
စက္ကူကလည်းအမေရိကန်က မှောင်ခိုဈေးကွက်နေ အစစ်တွေ ဝယ်သွင်းကြတာမို့ ဒေါ်လာ ငွေစက္ကူတွေ အားလုံးဟာ လုံးဝ ( လုံးဝ ) အစစ်တွေပါဘဲ ၊ ၉၀ % ထက်တောင် ကျော်လွန်နေပါတယ် ၊ ကမ္ဘာ့ဘဏ်ကလွဲ၍ ကြိုက်သလိုအစစ်ဆေးခံနိုင်တယ် ၊ ရေစိမ်ခံနိုင်တယ်လို့ဆိုပါတယ် ။
မှောင်ခိုဈေးကွက်မှာ ငွေစက္ကူဒေါ်လာ ၁၀၀ ကို ထိုင်းဘတ် ၆၀၀ နှင့် ရောင်းချပေးခဲ့တာမို့ ဒေါ်လာ ၅ မီလျံခန့် ထုတ်လုပ်ရောင်းချခဲ့ပြီး ဖြစ်တာမို့နယ်စပ်ဒေသတွေကိုရောက်မလာနိုင်ဘူးလို့ ပြောလို့မရသလို နယ်စပ်ကနေတဆင့်မိမိနိုင်ငံအတွင်းကိုလည်းမရောက်နိုင်ဘူးလို့အာမမခံနိုင်ပါဘူး ။
ဒေါ်လာ စုဆောင်းထားသူတွေ အနေနဲ့ မူလလာရာ နေရာနဲ့ Exchange Money တွေကနေ လဲလှယ်စုဆောင်း ထားကြမယ် ဆိုရင်တော့ အရွက်ကြီးတွေရဲ့ ငွေနံပါတ်တွေကို သေသေချာချာ ရေးမှတ်ထားကြဘို့ လိုပါတယ် ။
ကိုယ်တွေက ဘတ်ဘတ်ဘဲ ကိုင်သုံးရတာမို့ ဒေါ်လာ တုတုစစ်စစ် ရင်မခုန်ပါဘူး ၊ ဒေါ်လာငွေတွေ ဘတ်ထားသူတွေအတွက်တော့ သွေးတိုးနေကြမှာစိုးလို့စေတနာနဲ့ သတိပေးရေးသားလိုက်တာပါ ။Crd ; SiThuMaung
Be the first to comment