ကမ္ဘာ့သရဲအခြောက်ဆုံး ဟိုတယ်အဖြစ် သတ်မှတ်ခြင်း ခံထားရတဲ့ The Stanley Hotel

ကမ္ဘာ့သရဲအခြောက်ဆုံး ဟိုတယ်အဖြစ် သတ်မှတ်ခြင်း ခံထားရတဲ့ The Stanley Hotel

အမေရိကန်ပြည်ထောင်စု Colorado ပြည်နယ်၊ Estes Park မြို့တွင်တည်ရှိတဲ့ The Stanley Hotel ဟာ ရှေးအကျဆုံးဂုဏ်ကျက်သရေဆောင်နဲ့ အလွန်ကောင်းမွန်တဲ့ဝန်ဆောင်မှုတို့ကြေင့် ကျော်ကြားရုံသာမက လျို့ဝှက်ဆန်းကြယ်ဖြစ်ရပ်များနဲ့ ဝိညာဉ်ဇာတ်လမ်းတွေကြောင့် လူသိများတာပါ။ ဝင်ပေါက်မှ Rocky Mountain National Park သို့ ငါးမိုင်အကွာတွင်တည်ရှိတဲ့ သက်တမ်း100 ကျော်ရှိပြီဖြစ်တဲ့ဒီဟိုတယ်ဟာLake Estes, Rocky တောင်တန်းတွေနဲ့ Long’s Peak တောင်ကြီးတို့ရဲ့ မြင်ကွင်းကျယ်ကို ပေးစွမ်းနိုင်တာပါ။

The Stanley Hotel ကို 1900 ခုနှစ်အစောပိုင်းတွင် F.O. Stanley က တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ Stanley ဟာ မြင်းမဲ့ရေနွေးငွေ့စွမ်းအင်သုံး ရထားလုံးမှာအသုံးပြုတဲ့ Stanley Steam Engine ကို တီထွင်ခဲ့သူလည်း ဖြစ်ပါတယ်။ ကြီးကျယ်ခမ်းနားတဲ့ ဂျော်ဂျီယာစတိုင်လ်ဟိုတယ်ကို 1909 ပြည့်နှစ်အစောပိုင်းတွင် ဖွင့်လှစ်ခဲ့ပြီး ချမ်းသားပြီး ကျော်ကြားသူတွေရဲ့အကြိုက်ကို ဖြည့်ဆည်းပေးနိုင်ခဲ့တာပါ။Freelan Oscar Stanley (F.O.) နဲ့ သူ့ရဲ့ဇနီး Folra တို့ဟာ F.O Stanley ရဲ့ဆရာဝန်က ကောင်းမွန်တဲ့လေကောင်းလေသန့်ရရှိနိုင်တဲ့ အပန်းဖြေမှုကိုလိုအပ်တယ်ဆိုတဲ့ အကြံပြုချက်ကြောင့် Colorado ရဲ့ အနောက်ဘက်သို့ ခရီးထွက်ခဲ့ကြပါတယ်။

တီဘီရောဂါခံစားနေရတဲ့ Stanley ဟာ ခြောက်လကျော်ဘာအလုပ်မှမလုပ်ဖို့ အကြံပြုခံရတာဖြစ်ပြီး ဆရာဝန်က နွေရာသီအတွက် Estes Park ရှိ သူငယ်ချင်းရဲ့အိမ်လေးမှာ နေထိုင်ဖို့ သူတို့ဇနီးမောင်နှံကို စီစဉ်ပေးခဲ့တာဖြစ်ပါတယ်။ ချက်ချင်းဆိုသလိုပဲ သူတို့နှစ်ယောက်ဟာ ဒီနေရာကိုအရမ်းသဘောကျသွားပြီး F.O ရဲ့ကျန်းမာရေးဟာလည်း သိသိသာသာ တိုးတက်လာခဲ့ပါတယ်။နွေရာသီကို ဒီအိမ်ငယ်လေးမှာကုန်ဆုံးပြီးနောက် Flora ကMaine တွင်ကျန်ခဲ့တဲ့ အိမ်ကဲ့သို့ အိမ်တစ်လုံးကိုလိုချင်ခဲ့တာဖြစ်ပြီး သူတို့ဇနီးမောင်နှံဟာ နောက်ပိုင်းတွင်တည်ဆောက်မယ့် Stanley Hotel ရဲ့ အနောက်ဘက်မိုင်ဝက်ခန့်အကွာတွင် သူတို့ရဲ့အိမ်အသစ်ကို ဆောက်လုပ်ခဲ့ပါတယ်။ ဒီကနေ့မှာတော့ သူတို့ရဲ့အိမ်ဟာ private residence ဖြစ်လို့နေပါတယ်။

အဲနောက်မှာတော့ F.O Stanley ဟာ Irish Earl Lord Dunraven ထံမှဝယ်ယူခဲ့တဲ့မြေပေါ်တွင် ဟိုတယ်ကိုတည်ဆောက်ခဲ့ပါတယ်။ အမဲလိုက်ခရီးထွက်ရင်း Dunraven ဟာ ဒီဒေသသို့ ရောက်ရှိလာခဲ့တာဖြစ်ပြီး သူဟာ ဧည့်သည်တွေအတွက် အမဲလိုက်တည်းခိုခြင်း၊ တည်းခိုခန်းနဲ့ ဟိုတယ်ကိုဆောက်လုပ်ခဲ့ပြီး ပုဂ္ဂလိကအမဲလိုက်နေရာတစ်ခုဖန်တီးရန် ကြိုးပမ်းရာတွင် မအောင်မြင်ပဲ မြေဧက 6000 အထိ တရားမဝင်ယူဆောင်ထားခဲ့တာပါ။ Dunraven က လူတွေရဲ့မြေနဲ့ ငွေတွေကို လိမ်လည်ရန်ကြိုးစားပြီး နောက်ဆုံးတွင် အဲဒီနေရာက ထွက်ပြေးသွားခဲ့ပါတယ်။

1906 ခုနှစ်တွင် Stanley Hotel ကိုစတင်တည်ဆောက်ခဲ့ပြီး သစ်သားနဲ့ကျောက်များကို အနီးနားရှိတောင်များမှရယူခဲ့ကာ ဟိုတယ်ကို ဂျော်ဂျီယာဗိသုကာပုံစံဖြင့် တည်ဆောက်ခဲ့ပြီး နှစ်ဆယ်ရာစုအစောပိုင်းတွင် ပြန်လည်သက်ဝင်နိုးကြာလာခဲ့ပါတယ်။ 1909 ခုနှစ်တွင်တော့ ဇိမ်ခံဟိုတယ်ကြီးကို ပြီးစီးခဲ့ပြီး ရေ၊ လျှပ်စစ်နဲ့ တယ်လီဖုန်းများတပ်ဆင်ထားပြီး ဟိုတယ်တွင် နွေရာသီစခန်းအဖြစ် ဒီဇိုင်းထုတ်ထားတာကြောင့် ဟိုတယ်ရဲ့အဆင်ပြေမှုက အပူချိန်ဒဏ်သက်သာတာပါ။

Stanley Hotel ဟာ ဂျပန်ဧကရာဇ်နဲ့ ဟောလိဝုဒ်အကျော်အမောတို့ရဲ့ တည်းခိုရာနေရာဖြစ်လာပြီး Stephen King ဟာသူ့ရဲ့စာအုပ် ‘The Shining’ ရေးသားရန်အတွေ့အကြုံကို လှုံ့ဆော်ပေးတဲ့နေရာ ဖြစ်ခဲ့ပါတယ်။ ဒီဟိုတယ်ကြီးဟာ ပုံမှန်ဧည့်သည်တွေအပြင် တစ်ခြားကမ္ဘာမှလာရောက်လည်ပတ်သူတွေကို လက်ခံပေးလေ့ရှိတယ်လို့ ဆိုပါတယ်။ အထင်ရှားဆုံးကတော့ F.O. Stanley ကို ဧည့်ခန်းနဲ့ ဘိလိယက်အခန်းတို့တွင် မကြာခဏတွေ့ရတတ်ဖြစ်ပြီး Stanley သက်ရှိထင်ရှားရှိစဉ်က ဒီအခန်းဟာ သူအကြိုက်ဆုံးအခန်းဖြစ်ခဲ့ပါတယ်။

တစ်ခါကလည်း ဘိလိယက်ခန်းထဲသို့ ခရီးသွားအဖွဲ့တစ်ဖွဲ့ လည်ပတ်ကြည့်ရှုစဉ်တွင် အဖွဲ့ဝင်တစ်ဦးရဲ့နောက်တွင် Stanley ပေါ်လာခဲ့ဖူးတာပါ။ ဟိုတယ်ရဲ့ ဘားတွင်လုပ်ကိုင်တဲ့သူတွေကလည်း သူတို့မီးဖိုချောင်တွင်ရှိနေတဲ့အချိန် Stanley ဟာ ဘားကိုဖြတ်လျှောက်သွားပြီး ပျောက်ကွယ်သွားကြောင်း ဆိုပါတယ်။Stanley ရဲ့ဇနီးဖြစ်သူ Flora ဟာလည်း ဟိုတယ်တွင်ခြောက်လှန့်နေပြီး ballroom ထဲမှာရှိတဲ့ သူမရဲ့စန္ဒယားကိုတီးခတ်ကာ ဧည့်သည်တွေကို ဆက်လက်ဖျော်ဖြေလေ့ရှိတာပါ။

ဝန်ထမ်းများနဲ့ ဧည့်သည်တွေဟာ အခန်းအတွင်းမှ သီချင်းသံများကြားရပြီး အဲဒီနေရာကိုသွားချောင်းကြည့်တဲ့အခါ စန္ဒယားကီးတွေ ရွေ့လျားနေတာကို တွေ့မြင်ခဲ့ရပါတယ်။ ဒါပေမယ့် တစ်စုံတစ်ယောက်က အဲဒီနေရာကိုပေါ်တင်သွားစစ်ဆေးခဲ့မယ်ဆိုရင်တော့ ဂီတသံတွေ ရပ်တန့်သွားလေ့ရှိတာပါ။ဒီဟိုတယ်တွင် သရဲခြောက်တဲ့အခန်းများစွာရှိပြီး အခန်း 407 တွင် တစ်ခါတစ်ရံStanley မတိုင်မီ မြေကိုပိုင်ဆိုင်ခဲ့တဲ့ Lord Dunraven က ရေချိုးခန်းတံခါးနားမှာ မတ်တပ်ရပ်ကာ ခြောက်လှန့်လေ့ရှိတယ်လို့ ဆိုပါတယ်။

နောက်ပြီး အဲဒီအခန်းရဲ့ အခန်းထောင့်ရှိမီးလုံးဟာ အဆက်မပြတ်ပွင့်လိုက်ပိတ်လိုက်ရှိနေခဲ့ပြီး မီးပိတ်နေချိန်မှာ အဲဒီလူကြီးက မတ်တပ်ရပ်နေကြောင်း တည်းခိုသူတစ်ယောက်က ပြောကြားထားပါတယ်။ နောက်ပြီး ဓာတ်လှေကားတွေက ဘယ်သူမှအသုံးမပြုပေမယ့် အသံတွေကြားနေရတာပါ။အခန်း 407 တွင်တည်းခိုတဲ့သူမရှိတဲ့အချိန်မှာတော့ တစ်စုံတစ်ယောက်က ပြတင်းပေါက်ကနေ အပြင်ကိုငေးကြည့်နေတာကို တွေ့ခဲ့ရပါတယ်။

အခန်း 418 မှာတော့ ကလေးဝိဥာည်တွေရဲ့ ခြောက်လှန့်မှုကို အများဆုံးခံကြရပြီး အခန်းအတွင်းမှ ထူးဆန်းတဲ့အသံတွေကြားရကာ အခန်းလွတ်နေချိန်တွင် ကုတင်ပေါ်တွင် လူရှိနေသလို ဖိရာမျိုးကို တွေ့ခဲ့ရတာဖြစ်ပါတယ်။ ညဘက်တွေမှာတော့ စင်္ကြန့်တွင် ကလေးတွေဆော့နေတဲ့အသံကို ကြားခဲ့ရတာပါ။

အခန်း 217 နဲ့ 401 တွင်လည်း ဧည့်သည်တွေဟာ ခြောက်လှန့်မှုတွေကို ခံစားခဲ့ရပြီး ဒီဟိုတယ်ဟောင်းရဲ့ နေရာတော်တော် များများမှာ ကလေးတစ္ဆေကို ဝန်ထမ်းတွေက မကြာ ခဏ တွေ့ဖူးလေ့ ရှိကြတာပါ ။ သတင်းတွေ အရ Stephen King ဟာ ဒုတိယထပ်တွင် အမေကိုအော်ခေါ်နေတဲ့ ကလေးလေးကိုတွေ့ခဲ့ရကြောင်း သိရပါတယ်။ ဝန်ထမ်းတွေဟာလည်း ဟိုတယ်ထဲတွင် ခြေရာတွေနဲ့ တစ်ခြားသောအသွင်အပြင်တွေကို တွေ့ရကြောင်း ပြောကြားထားကြတာပါ။ crd ; SHWEMOM

Be the first to comment

Leave a comment

Your email address will not be published.


*