ကာလအခြေအနေတစ်ခုမှာ နေသားကျနေတာ မဟုတ်ကြောင်းနဲ့ ပရိသတ်တွေကို လွမ်းနေတယ်လို့ ပြောပြလာတဲ့ ဝတ်မှုံရွှေရည်

ကာလအခြေအနေတစ်ခုမှာ နေသားကျနေတာ မဟုတ်ကြောင်းနဲ့ ပရိသတ်တွေကို လွမ်းနေတယ်လို့ ပြောပြလာတဲ့ ဝတ်မှုံရွှေရည်

နိုင်ငံကျော် သရုပ်ဆောင် အကယ်ဒမီ ဝတ်မှုံရွှေရည် ကတော့ ပြီးခဲ့တဲ့ နှစ်ကတည်းကနေ ဒီနေ့ ဒီအချိန်ထိ အနုပညာ အလုပ်တွေကို လုံးဝရပ်နား ထားခဲ့တာပဲ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှု ဖြစ်စဉ်မှာ မူလအ က ပြည်သူ တွေနဲ့ အတူတူ ဆန္ဒထုတ်ဖော်ခဲ့တဲ့ ဝတ်မှုံရွှေရည်ဟာ နောက်ပိုင်းမှာ သူမကိုယ်တိုင် CDMer တွေကို ထောက်ခံပါတယ်ဆိုတဲ့ ပိုစ့်တွေကို ဖြတ်သွားခဲ့ တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုကို ပြင်းပြင်းထန်ထန် ခံခဲ့ရသေးတာ ဖြစ်ပါတယ်။

ပရိသတ်ဝေဖန်မှုကို ရရှိပြီးတဲ့နောက် တစ်နှစ်နီးပါး လူမှုကွန်ယက် စာမျက်နှာကနေ ပျောက်ကွယ်သွားခဲ့တဲ့ ဝတ်မှုံရွှေရည်ဟာ ဒီကနေ့မှာတော့ သူမရဲ့ဖေ့စ်ဘုတ် စာမျက်နှာကို ပြန်လည်အသုံးပြု လာခဲ့တာကို တွေ့ရပါတယ်။ ဝတ်မှုံရွှေရည်က “ အားလုံးကို သတိရနေ ခဲ့ပါတယ် 🤍 ကာလအခြေ အနေတစ်ခုမှာ နေသားကျနေတာ မဟုတ်ပေမယ့် ချစ်ရသော ပရိတ်သတ်တွေ ကိုလွမ်း နေပါတယ်။ အားလုံးနေကောင်း ကျန်းမာကြပါစေရှင်ဘ။ ” ဆိုပြီး ပရိသတ် တွေကို သတိရတဲ့ အကြောင်း ပြောလာတာကို တွေ့ရပါတယ်။

ဝတ်မှုံရွှေရည်ကတော့ ပရိသတ် ရှေ့မှောက်ကနေ ပျောက်ကွယ်သွားတာ တစ်နှစ်တင်းတင်း ပြည့်တဲ့အချိန်မှ ပြန်လည်ထွက်ပေါ် လာခဲ့တာပဲဖြစ်ပါတယ် ။ ပရိသတ်ကြီးရော ဝတ်မှုံရွှေရည်ကို အရင်လို ချစ်သေးရဲ့လားဆိုတာ ပြောပြပေးခဲ့ကြပါဦးနော်။ ခရက်ဒစ်

Zawgyi … ကာလအေျခအေနတစ္ခုမွာ ေနသားက်ေနတာ မဟုတ္ေႀကာင္းနဲ႕ ပရိသတ္ေတြကို လြမ္းေနတယ္လို႕ ေျပာျပလာတဲ့ ဝတ္မႈံေ႐ႊရည္

နိုင္ငံေက်ာ္ သ႐ုပ္ေဆာင္ အကယ္ဒမီ ဝတ္မွုံေရႊရည္ ကေတာ့ ၿပီးခဲ့တဲ့ ႏွစ္ကတည္းကေန ဒီေန႔ ဒီအခ်ိန္ထိ အႏုပညာ အလုပ္ေတြကို လုံးဝရပ္နား ထားခဲ့တာပဲ ျဖစ္ပါတယ္။ စစ္အာဏာသိမ္းမွု ျဖစ္စဥ္မွာ မူလအ က ျပည္သူ ေတြနဲ႔ အတူတူ ဆႏၵထုတ္ေဖာ္ခဲ့တဲ့ ဝတ္မွုံေရႊရည္ဟာ ေနာက္ပိုင္းမွာ သူမကိုယ္တိုင္ CDMer ေတြကို ေထာက္ခံပါတယ္ဆိုတဲ့ ပိုစ့္ေတြကို ျဖတ္သြားခဲ့ တာေၾကာင့္ ပရိသတ္ေတြရဲ့ ေဝဖန္မွုကို ျပင္းျပင္းထန္ထန္ ခံခဲ့ရေသးတာ ျဖစ္ပါတယ္။

ပရိသတ္ေဝဖန္မွုကို ရရွိၿပီးတဲ့ေနာက္ တစ္ႏွစ္နီးပါး လူမွုကြန္ယက္ စာမ်က္ႏွာကေန ေပ်ာက္ကြယ္သြားခဲ့တဲ့ ဝတ္မွုံေရႊရည္ဟာ ဒီကေန႔မွာေတာ့ သူမရဲ့ေဖ့စ္ဘုတ္ စာမ်က္ႏွာကို ျပန္လည္အသုံးျပဳ လာခဲ့တာကို ေတြ႕ရပါတယ္။ ဝတ္မွုံေရႊရည္က “ အားလုံးကို သတိရေန ခဲ့ပါတယ္ 🤍 ကာလအေျခ အေနတစ္ခုမွာ ေနသားက်ေနတာ မဟုတ္ေပမယ့္ ခ်စ္ရေသာ ပရိတ္သတ္ေတြ ကိုလြမ္း ေနပါတယ္။ အားလုံးေနေကာင္း က်န္းမာၾကပါေစရွင္ဘ။ ” ဆိုၿပီး ပရိသတ္ ေတြကို သတိရတဲ့ အေၾကာင္း ေျပာလာတာကို ေတြ႕ရပါတယ္။

ဝတ္မွုံေရႊရည္ကေတာ့ ပရိသတ္ ေရွ႕ေမွာက္ကေန ေပ်ာက္ကြယ္သြားတာ တစ္ႏွစ္တင္းတင္း ျပည့္တဲ့အခ်ိန္မွ ျပန္လည္ထြက္ေပၚ လာခဲ့တာပဲျဖစ္ပါတယ္ ။ ပရိသတ္ႀကီးေရာ ဝတ္မွုံေရႊရည္ကို အရင္လို ခ်စ္ေသးရဲ့လားဆိုတာ ေျပာျပေပးခဲ့ၾကပါဦးေနာ္။ ခရက္ဒစ္

Be the first to comment

Leave a comment

Your email address will not be published.


*