ကိုဗစ်ကိုနတ်ရေစင်ကုထုံးနဲ့ အဆုံးသတ်စေမယ်ဆိုတဲ့ သီရိလင်္ကာနာမည်ကျော် ဆေးဆရာ ကိုဗစ်ကြောင့်သေဆုံးသွားခဲ့

ကိုဗစ်ကိုနတ်ရေစင်ကုထုံးနဲ့ အဆုံးသတ်စေမယ်ဆိုတဲ့ သီရိလင်္ကာနာမည်ကျော် ဆေးဆရာ ကိုဗစ်ကြောင့်သေဆုံးသွားခဲ့

ကိုဗစ်ကို နတ်ရေစင်နဲ့ ကုသပြီး အဆုံးသတ် ပစ်မယ်လို့ ပြောကြားခဲ့တဲ့ သီရိလင်္ကာနိုင်ငံက ဆေးဆရာတစ်ဦးဟာ ကိုဗစ်ကြောင့် သေဆုံးခဲ့တယ်လို့ မိသားစုက အတည်ပြု ခဲ့ပါတယ်။ ကြာသပတေးနေ့က အတည်ပြုခဲ့တာဖြစ်ပြီး အသက် ၄၈ နှစ်အရွယ် Eliyantha White ဟာ နာမည်ကျော်အားကစားကြယ်ပွင့်တွေနဲ့ သီရိလင်္ကာဝန်ကြီးချုပ် အပါအဝင် ထိပ်တန်းနိုင် ငံရေးသမားတွေကို ကုသပေးဖူးသူလို့ ဆိုပါတယ်။

သူဟာပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်းက သူ့ရဲ့ နတ်ရေစင်ကို မြစ်တွေထဲလောင်းထည့်ပြီး သီရိလင်္ကာနဲ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံတွေမှာ ကိုဗစ်ကပ်ရောဂါကို အဆုံးသတ်စေမယ်လို့ ပြောကြားခဲ့ကြောင်း France 24 က ဖော်ပြခဲ့ပါတယ်။ ကျန်းမာရေးဝန်ကြီးဖြစ်သူ Pavithra Wanniarachchi ဟာလည်း သူ့ရဲ့ ရေစင်ကုသမှုကို ခံယူခဲ့ပေမယ့် ၂ လအကြာမှာ ကိုဗစ်ကူးစက်ခံခဲ့ရပြီး ဆေးရုံ အထူးကြပ်မတ်ဆောင်မှာ ကုသခံခဲ့ရပါတယ်။

ဒီနောက်မှာတော့ သူမဟာ ရာထူးပါ ကျသွားခဲ့ရပြီး ပိုင်ဆိုင်မှုတွေပါ ဆုံးရှုံးခဲ့ကာ အစိုးရအဖွဲ့တွင်း ဆက်လက်ရှိနေမှုနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ ၂၀၁၀ ခုနှစ်ကလည်း အိန္ဒိယ နာမည်ကျော် ခရစ်ကတ် ကစားသမား Sachin Tendulkar ရဲ့ ဒူးဒဏ်ရာကို ရေစင်ကုထုံးနဲ့ ကုသခဲ့ရာက ပျောက်ကင်းခဲ့ပြီးနောက် White ဟာ နာမည်ကျော်ကြား လာခဲ့ပါတယ်။

သူဟာ ကိုဗစ်ကာကွယ်ဆေး ထိုးဖို့ကို ငြင်းဆန်ခဲတယ်လို့ မိသားစုက ဖွင့်ဟခဲ့ပြီး ရုပ်အလောင်းကိုတော့ ကိုလံဘိုက အဓိက သချိုင်းမှာ မီးသဂြိုလ်ခဲ့ကြောင်း သိရပါတယ်။ သူ့ရဲ့နာရေးသတင်းနဲ့ ပတ်သက်ပြီး သီရိလင်္ကာဝန်ကြီးချုပ် Mahinda Rajapaksa က ” သူ့ရဲ့အမွေအနှစ်တွေက ဘဝတ လျှောက်လုံး ဆက်လက်ရှင်သန်နေမှာပါ ၊ သူက ရောဂါအမျိုးမျိုးကို တို့ထိကုသပေးခဲ့ပါတယ်” လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။

ဒါပေမယ့်လည်း ဆရာဝန်တွေကတော့ White ကို လိမ်လည်ခဲ့သူလို့ ပြောကြားခဲ့ကြပါတယ် ။ သိပ္ပံနည်းကျ ကုသမှု မဟုတ်ဘဲ လိမ်လည်လှည့်ဖြားကာ ကုသမှုတွေကို ပြုလုပ်ခဲ့တယ်လို့ ပြောခဲ့ကြပေမယ့် ယုံကြည်သူ အများအပြားရှိကာ ထိပ်တန်း ပုဂ္ဂိုလ်တွေပါ ပါဝင်နေခဲ့တာဖြစ်ပါတယ်။ sourve ; The River News

Be the first to comment

Leave a comment

Your email address will not be published.


*