ကိုးရီးယားလူမျိုးတွေရဲ့ မပါမဖြစ်ဟင်းဖြစ်တဲ့ ကင်ချီစားပေးခြင်းမှ ရရှိလာမယ့် ကျန်းမာရေး အကျိုးကျေးဇူးများ

ကိုးရီးယားလူမျိုးတွေရဲ့ မပါမဖြစ်ဟင်းဖြစ်တဲ့ ကင်ချီစားပေးခြင်းမှ ရရှိလာမယ့် ကျန်းမာရေး အကျိုးကျေးဇူးများ

ကိုးရီးယားတွေရဲ့ ရိုးရာအစား အစာတွေဟာ အရသာ ရှိရုံမက ကျန်းမာရေးအတွက်ပါ အလွန်ကောင်းမွန် တာကြောင့် ကမ္ဘာအနှံ့ လွှမ်းမိုးနိုင်တာ ဖြစ်ပါတယ်။ ကိုးရီးယား အစားအစာတွေရဲ့ အကျိုးသက်ရောက်မှုတွေ ဟာ ကြီးမားတာကြောင့် ရည်ရွယ်ချက် အမျိုးမျိုးနဲ့ စားသုံးနေကြ ပါတယ်။

ကိုးရီးယား အစားအစာတွေထဲက အဓိက တစ်ခုဖြစ်တဲ့ ကင်ချီဟာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရှိတဲ့ အရံ့ဟင်းတစ်မျိုးပဲ ဖြစ်ပါတယ်။

ကိုးရီးယားတွေဟာ ကင်ချီကို အစားအစာ တိုင်းလိုလိုနဲ့ တွဲဖက်စားတတ်ကြပြီး ပုံမှန်အားဖြင့် ကော်ဖီထုတ် ၊ မုန်လာဥနီ၊ ကြက်သွန်မြိတ်၊ ဆား၊ သကြား၊ ကြက်သွန်နီ၊ ဂျင်း၊ ကြက်သွန်ဖြူနဲ့ ငရုပ်သီးအစရှိတဲ့ ဟင်းခတ် အမွှေးအကြိုင်မျိုးစုံနဲ့ ပြုလုပ်ထားတဲ့ ကိုးရီးယားရိုးရာ ဟင်းလျာတစ်မျိုးပါ။

တစ်ချို့ ဟင်းလျာတွေဟာ တစ်နှစ်ပတ်လုံး မရရှိနိုင်တဲ့ အတွက် ကိုးရီးယားလူမျိုးတွေဟာ သူတို့ရဲ့ အရသာရှိလှတဲ့ အရံ့ဟင်းကို ဘယ် အချိန်မျိုးမှာမဆို စားသောက်နိုင်ရန် အတွက် ခုလိုမျိုး အစားအစာ ထိန်းသိမ်းတဲ့နည်းလမ်းကို အသုံးပြုကြတာ ဖြစ်ပါတယ်။

အကောင်းဆုံးကတော့ အချဉ်ဖောက်ထားတဲ့ ကင်ချီဟာ အနံ့မွှေးရုံမက ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရှိလို့နေတာ ဖြစ်ပါတယ်။ကင်ချီကို ဆားစိမ်ထားတဲ့ အသီးအရွက်တွေနဲ့ ပြုလုပ် ထားတာကြောင့် ကောင်းမွန်တဲ့ ဘက်တီးရီးယားတွေ အထူးသဖြင့် အစာခြေစနစ်ကို ကောင်းမွန်စေတာ ဖြစ်ပါတယ်။

အူအတွက် အရမ်းကိုအကျိုးဖြစ်စေပြီး အူလမ်းကြောင်းဆိုင်ရာ ပြသနာတွေကို ရှောင်ရှားရန်ကူညီပေးပါတယ်။ နောက်ပြီးကင်ချီမှာပါဝင်တဲ့probiotics တွေဟာ အခြားသော ကျန်းမာရေး အခြေအနေ တော်တော်များများကို ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။

အချဉ်ဖောက်ပြီး ပြုလုပ်ထားတဲ့ ကင်ချီဟာ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ရောင်ရမ်းမှု အဆင့်ကို လျော့ကျစေ နိုင်ပါတယ်။ ကင်ချီမှာ ဗီတာမင်စီ ပါဝင်တာကြောင့် ကိုယ်ခံအားကို ကောင်းမွန်စေ တာပါ။ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ၊ လေဖြတ်ခြင်း၊ ကင်ဆာအမျိုး အစားများနဲ့ ဆီချိုရောဂါများအပါအဝင်

ပြင်းထန်တဲ့ ကျန်းမာရေး အခြေ အနေတွေကို လျော့ချပေးနိုင်တဲ့ beta-carotene နဲ့ antioxidants တွေ ပြည့်ဝစွာ ပါဝင်နေပါတယ်။ Vitamin A,C,K ရဲ့ အရင်းအမြစ်ကောင်းတစ်ခုဖြစ်ပြီး calcium နဲ့ potassium တို့ ပါဝင်နေတာ ဖြစ်ပါတယ်။

ကင်ချီတွင် ကယ်လ်လိုရီ ပါဝင်မှုနည်းပြီး အမျှင်ဓာတ်မြင့်မားစွာ ပါဝင်တာကြောင့် ဝိတ်ကိုကျစေ နိုင်ပါတယ်။ လေ့လာမှုများအရ ကိုးရီးယားကင်ချီဟာ ခန္ဓာကိုယ်အတွင်းရှိ မကောင်းတဲ့ (LDL) cholesterol ကို လျော့ချပေးနိုင်ကြောင်း ဆိုထားပါတယ်။ လူတစ်ယောက်ရဲ့ နှလုံးကျန်းမာရေးနဲ့ဆက်စပ်ပြီး နှလုံးရောဂါမဖြစ်အောင် တားဆီးပေးနိုင်တာ ဖြစ်ပါတယ်။ source ; shwemom

Be the first to comment

Leave a comment

Your email address will not be published.


*