ကံကောင်းပြီးလာဘ်ရစေတယ်ဆိုပြီ ထိုင်းပေါ့ပ်စတား စုဆောင်းထားတဲ့ လူသေမျက်နှာအရေခွံတွေကို နာမည်ကြီးဆယ်လီတွေနဲ့အခြားလာရောက်ဆုတောင်းသူတွေများပြားနေ

ကံကောင်းပြီးလာဘ်ရစေလို့ ထိုင်းပေါ့ပ်စတား စုဆောင်းထားတဲ့ လူသေမျက်နှာအရေခွံတွေကို လာရောက်ဆုတောင်းသူတွေများပြားနေ

နာမည်ကျော် ထိုင်းပေါ့ပ်ကြယ်ပွင့်ဟောင်းတစ်ဦးဟာ ယခင်က စံချိန်တင်နိုင်အောင် အောင်မြင်ကျော်ကြားခဲ့တဲ့ အနုပညာ ဂီတအလုပ်တွေကို မလုပ်တော့ပဲ ယခုအခါ လူသေတွေရဲ့ မျက်နှာ အရေခွံတွေကို စုဆောင်းတဲ့ လုပ်ငန်းတစ်ခုကို လုပ်ကိုင်နေကာ သူ့ရဲ့ ဒီအလုပ်က လူအများကြား ရေပန်းစားနာမည်ကြီးနေတယ်လို့ သိရပါတယ်။

Jakkapong Jill Karnsomphot Jack-Jill ဟာ သူ့ရဲ့ အမွှာညီအကိုဖြစ်သူ Jakkaphan Jack Karnsomphot နဲ့ အတူ သူတို့ အသိုင်းအဝိုင်းကြားထဲ ယခင်က လေးစား ရိုသေခြင်း ခံရတဲ့ လူတွေရဲ့ သေဆုံးပြီး ခြောက်ကပ်နေတဲ့ မျက်နှာ အရေပြားခွံတွေကို စုဆောင်းတဲ့ လုပ်ငန်းကို လုပ်ကိုင်ခဲ့ပါတယ်။

Jack-Jill ဟာ ဂီတအလုပ်ကို မလုပ်တော့တာ နှစ်အတော်လေးကြာနေပြီး အခု ရက်သတ္တပတ် ထဲမှာ သူ့ရဲ့ လူသေတွေရဲ့ မျက်နှာအရေခွံခြောက်ပုံတွေကို ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်တွေ ဟာ အင်တာနက်အသုံးပြုသူတွေကြား ရေပန်းစားပြီး လူကြိုက်များလာခဲ့ကာ လူစိတ်ဝင်စား မှုမြင့်တက်နေပါတယ်။ နောက်ပြီး ညီအစ်ကိုနှစ်ဦးသားဟာ အစွမ်းထက်တဲ့ ထိုင်းအဆောင်လက်ဖွဲ့တွေကို ဝယ်ယူရောင်းချခြင်းလုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့ကြောင်း မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံအလယ်ပိုင်း အယုဒ္ဓယမြို့မှာ ၂၀၀၉ ခုနှစ်တုန်းက တွေ့ဆုံခဲ့တဲ့ ပေါင်လို့ခေါ်တဲ့ လျို့ဝှက် ဆန်းကြယ် အသက် ၉၁ နှစ်အရွယ် အဘိုးအိုတစ်ဦးဆီကနေ လူသေမျက်နှာ အရေခွံ ၂၀ ကို မထင်မှတ်ပဲ လက်ခံရရှိခဲ့ပါတယ်။ မျက်နှာအရေပြား တစ်ခုစီတိုင်းဟာ မြင့်မြတ်တယ်လို့ ယုံကြည်ကြပြီး ဒါတွေကို ဆုတောင်းသူ ဒါမှမဟုတ် ပိုင်ဆိုင်သူတွေအတွက် ကံကောင်းစေနိုင်ကြောင်း Jack-Jill က ပြောကြားခဲ့ပါတယ်။ အချို့သော အရေခွံတွေဟာ နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိပြီလို့လည်း ယူဆရပါတယ်။

ဒီ့အတွက်ကြောင့်လည်း ထိုင်းကြယ်ပွင့်ဟောင်း ဂီတသမားထံ လာရောက်ပြီး လူသေမျက်နှာ အရေခွံတွေကို အနုပညာရှင်တွေ အများအပြား အပါအဝင် လာရောက်ဆုတောင်း သူတွေ အများအပြား နဲ့စည်ကားနေပြီး ကံဆိုးခြင်းတွေမှ ဝေးကွာဖို့နဲ့ လာဘ်လာဘ၊ အောင်မြင်ခြင်း တွေအတွက် ဖြစ်ကာ ထိုင်းဒရာမာနဲ့ ရုပ်ရှင်အသိုင်းအဝိုင်းကြားမှာလည်း ယုံကြည်ကြကြောင်း Jack-Jill က ပြောကြားခဲ့ ပါတယ်။ crd ; ဘန်ကောက်လမ်းညွန်ကိုစိုင်း

Zawgyi … ကံေကာင္းၿပီးလာဘ္ရေစတယ္ဆိုၿပီ ထိုင္းေပါ့ပ္စတား စုေဆာင္းထားတဲ့ လူေသမ်က္ႏွာအေရခြံေတြကို နာမည္ႀကီးဆယ္လီေတြနဲ႕အျခားလာေရာက္ဆုေတာင္းသူေတြမ်ားျပားေန

နာမည္ေက်ာ္ ထိုင္းေပါ့ပ္ၾကယ္ပြင့္ေဟာင္းတစ္ဦးဟာ ယခင္က စံခ်ိန္တင္နိုင္ေအာင္ ေအာင္ျမင္ေက်ာ္ၾကားခဲ့တဲ့ အႏုပညာ ဂီတအလုပ္ေတြကို မလုပ္ေတာ့ပဲ ယခုအခါ လူေသေတြရဲ့ မ်က္ႏွာ အေရခြံေတြကို စုေဆာင္းတဲ့ လုပ္ငန္းတစ္ခုကို လုပ္ကိုင္ေနကာ သူ႔ရဲ့ ဒီအလုပ္က လူအမ်ားၾကား ေရပန္းစားနာမည္ႀကီးေနတယ္လို့ သိရပါတယ္။

Jakkapong Jill Karnsomphot Jack-Jill ဟာ သူ႔ရဲ့ အမႊာညီအကိုျဖစ္သူ Jakkaphan Jack Karnsomphot နဲ႔ အတူ သူတို့ အသိုင္းအဝိုင္းၾကားထဲ ယခင္က ေလးစား ရိုေသျခင္း ခံရတဲ့ လူေတြရဲ့ ေသဆုံးၿပီး ေျခာက္ကပ္ေနတဲ့ မ်က္ႏွာ အေရျပားခြံေတြကို စုေဆာင္းတဲ့ လုပ္ငန္းကို လုပ္ကိုင္ခဲ့ပါတယ္။

Jack-Jill ဟာ ဂီတအလုပ္ကို မလုပ္ေတာ့တာ ႏွစ္အေတာ္ေလးၾကာေနၿပီး အခု ရက္သတၱပတ္ ထဲမွာ သူ႔ရဲ့ လူေသေတြရဲ့ မ်က္ႏွာအေရခြံေျခာက္ပုံေတြကို ရိုက္ကူးထားတဲ့ ဗြီဒီယိုဖိုင္ေတြ ဟာ အင္တာနက္အသုံးျပဳသူေတြၾကား ေရပန္းစားၿပီး လူႀကိဳက္မ်ားလာခဲ့ကာ လူစိတ္ဝင္စား မွုျမင့္တက္ေနပါတယ္။ ေနာက္ၿပီး ညီအစ္ကိုႏွစ္ဦးသားဟာ အစြမ္းထက္တဲ့ ထိုင္းအေဆာင္လက္ဖြဲ႕ေတြကို ဝယ္ယူေရာင္းခ်ျခင္းလုပ္ငန္းကို စတင္လုပ္ကိုင္ခဲ့ေၾကာင္း မီဒီယာေတြကို ေျပာၾကားခဲ့ပါတယ္။

ထိုင္းနိုင္ငံအလယ္ပိုင္း အယုဒၶယၿမိဳ့မွာ ၂၀၀၉ ခုႏွစ္တုန္းက ေတြ႕ဆုံခဲ့တဲ့ ေပါင္လို့ေခၚတဲ့ လ်ိဳ့ဝွက္ ဆန္းၾကယ္ အသက္ ၉၁ ႏွစ္အရြယ္ အဘိုးအိုတစ္ဦးဆီကေန လူေသမ်က္ႏွာ အေရခြံ ၂၀ ကို မထင္မွတ္ပဲ လက္ခံရရွိခဲ့ပါတယ္။ မ်က္ႏွာအေရျပား တစ္ခုစီတိုင္းဟာ ျမင့္ျမတ္တယ္လို့ ယုံၾကည္ၾကၿပီး ဒါေတြကို ဆုေတာင္းသူ ဒါမွမဟုတ္ ပိုင္ဆိုင္သူေတြအတြက္ ကံေကာင္းေစနိုင္ေၾကာင္း Jack-Jill က ေျပာၾကားခဲ့ပါတယ္။ အခ်ိဳ့ေသာ အေရခြံေတြဟာ ႏွစ္ေပါင္း ၁၀၀ ေက်ာ္ သက္တမ္းရွိၿပီလို့လည္း ယူဆရပါတယ္။

ဒီ့အတြက္ေၾကာင့္လည္း ထိုင္းၾကယ္ပြင့္ေဟာင္း ဂီတသမားထံ လာေရာက္ၿပီး လူေသမ်က္ႏွာ အေရခြံေတြကို အႏုပညာရွင္ေတြ အမ်ားအျပား အပါအဝင္ လာေရာက္ဆုေတာင္း သူေတြ အမ်ားအျပား နဲ႔စည္ကားေနၿပီး ကံဆိုးျခင္းေတြမွ ေဝးကြာဖို့နဲ႔ လာဘ္လာဘ၊ ေအာင္ျမင္ျခင္း ေတြအတြက္ ျဖစ္ကာ ထိုင္းဒရာမာနဲ႔ ႐ုပ္ရွင္အသိုင္းအဝိုင္းၾကားမွာလည္း ယုံၾကည္ၾကေၾကာင္း Jack-Jill က ေျပာၾကားခဲ့ ပါတယ္။

crd ; ဘန္ေကာက္လမ္းညြန္ကိုစိုင္း

Be the first to comment

Leave a comment

Your email address will not be published.


*