ကျီးပေါင်းအတွက် အစွမ်းထက်တဲ့ သင်္ဘောရွက်

ကျီးပေါင်းအတွက် အစွမ်းထက်တဲ့ သင်္ဘောရွက်

သင်္ဘောသီးကို မြန်မာမှာသာမက တစ်ကမ္ဘာလုံးမှာ နှစ်ခြိုက်စွာ စားသုံးနေကြပါတယ် ။ သဘောၤသီးဟာ အရသာကောင်းပြီ ဝမ်းမှန်စေသည့် အစားအစာအဖြစ် စားသုံးကြသည် ။ အပူပိုင်းဇုန်များတွင် ပို၍ဖြစ်ထွန်းပြီ သင်္ဘောပင်တွင် အဖိုပင်နှင့် အမပင်ဟူ၍ နှစ်မျိုးရှိသည်။ အဖိုပင်မှာ အသီးမသီးပဲ အမပင်မှာသာ အသီးများသီးသည်။ သင်္ဘောသီးတွင် အလုံးအဝိုင်းမျိုးနှင့် အရှည်သီးဟူ၍ နှစ်မျိုးရှိသည်။ အပူပိုင်းဒေသများတွင် လုံးဝိုင်းသော အမျိုးကပို၍ ဖြစ်ထွန်းသည်။ သင်္ဘောသီးရဲ့ ဆေးဘက်ဝင်ကြောင်းကို ရှေးကအိန္ဒိယ အာယုဗေဒဆေးကျမ်းများတွင် တခမ်းတနား ဖော်ပြထားသည်။

သင်္ဘောသီး အမှည့်တွင် ဗီတာမင် အေနှင့်စီ အမြောက်အများ ပါဝင်သည်ဟု ဆိုသည် ။ ဗီတာမင်အေမှာ မျက်စိအတွက်ကောင်းမွန်စေပြီ ဗီတာမင်စီမှာ ကိုယ်ခံအား ကောင်းမွန်စေပြီ ကင်ဆာကို ကာကွယ်နိုင်သော Antioxident ဟု ဆိုကြသည် ။ သင်္ဘောသီးတွင် အဓိက ပါဝင်သော ဓါတ်မှာ (papin) ဟုခေါ်ပြီး အခြား ရှားပါးသတ္တုဓါတ်များ မင်ဂနိ(စ်) နှင့် သွပ်ဓါတ်၊ ထုံးဓါတ်များလည်း ထိုက်သင့်သလောက် ပါဝင်သည်ဟု အဆိုရှိ သည်။ရှေးမြန်မာတို့က နံနက်သင်္ဘော၊ ညငှက်ပျောဟု၍ အဆိုရှိကြသည်။ နံနက်ပိုင်းအစာစားပြီး သင်္ဘောသီးမှည့် စားပေးလျှင် အစာကြေစေကာ ရင်တောင့်ခြင်း၊ ရင်ခံခြင်းမှ ကင်းဝေးစေသည်။ ဝမ်းသက် လေကြေစေသည်ဟု ဆိုသည် ။ ညအိပ်ယာဝင် ငှက်ပျောသီးကို စားပေးလျှင် ညအိပ်ပျော်စေပြီ နောက်တစ်နေ့နံနက်တွင် ဝမ်းမှန်စေသည်ဟု ဆိုကြသည်။

မြန်မာ့တိုင်းရင်းဆေး အယူအဆတွင်မှု သင်္ဘောသီးအစိမ်းသည် လေစာဖြစ်ပြီ သင်္ဘောသီး အမှည့်သည် အာပေါ+ဝါယော အစာဖြစ်သည်ဟု ဆိုထားသည် ။ လေစာဟုဆိုသော်လည်း လေချုပ်စာမဟုတ်ပဲ လေပွ လေသက်စေသော အစာမျိုး ဖြစ်သည်။ သင်္ဘောရွက်သည်လည်း ပုံမှန်သစ်ရွက်မဟုတ်ဘဲ လက်ငါးချောင်းကဲ့သို့ လက်ခြားပါသော သစ်ရွက်ရိုးတံတွင် ခေါင်းပွပါသော သစ်ရွက်ဖြစ်သဖြင့် အာကာသအရွက် ဖြစ်သည်။ သင်္ဘောသီး၏ ဆေးအသုံးဝင်ပုံကို အသိများကြသော်လည်း သင်္ဘောရွက်၏ ဆေးဘက်ဝင်ပုံကို သိသူနည်းသဖြင့် မျှဝေပေးလိုပါသည် ။ ထွက်ခါစအရွက်နှင့် အဖူးတို့ကို ပြုတ်ပြီးတို့စရာအနေနှင့် စားသုံးလေ့ရှိသည်။ ရွက်ကြမ်းများကို မီးကင်၊ မီးမြိုက်ပြီး ဆေးဘက်ဝင်အဖြစ် စားသုံးလေ့ရှိကြသည်။

လူကြီး၊ သက်ကြီးရွယ်အိုများက လေသက်၍ အစာကြေစေသည်ဆိုကာ အရွက်ကြမ်းကို မီးမြိုက်ပြီး စားသုံးလေ့ရှိကြသည်။ ရင်ကြပ်၊ ပန်းနာနှင့် စကားပြောလျှင် မောပြီး လေမဆက်သူများအတွက် သဘောၤရွက်သည် အလွန်သင့်တော်သည် ။ သင်္ဘောရွက်သည် ခါးသောအရသာ ရှိသည်။ မြန်မာဆေးကျမ်းများ၏အဆိုအရ ခါးသောအရာမှန်သမျှသည် လေကိုဖွပေးသော ဓာတ်သဘောရှိသည်။ သို့သော်လည်း စားသုံးမှုများလျှင်၊ လွန်ကဲလျှင် ခေါင်းမူးတတ်သဖြင့် အခါးအရသာရှိသော အသီးအရွက် မှန်သမျှ သင့်တင့်ရုံသာ စားသုံးရမည်။

သင်္ဘောရွက် အကြမ်းကိုပြုတ်ပြီ ကပ်ကြေးဖြင့် ပါးပါးညှပ်ကာ လက်ဖက်သုပ်ကဲ့သို့ အသုတ်ပြုလုပ်ပြီးလည်း စားသုံးနိုင်သည်။ နှမ်းနက်၊ ကြက်သွန်ဖြူကြော်တို့နှင့်တွဲဖက်စားလျှင် လေသက်စေသည် ။ ညနေ ၃ နာရီမှ ၆ နာရီ အတွင်းစားလျှင် ပို၍လေရသည်။ သင်္ဘောရွက်ကိုထောင်းပြီး အရည်ညှစ်ကာနေ့စဉ်မှန်မှန် သောက်ပေးလျှင် ဝမ်းတွင်းမှ တုတ်၊ သန် စသော ပိုးများကို သေစေနိူင်သည် ။ ဒါ့အပြင် အစာအိမ် အူသိမ်မှအနာ တို့ကိုလည်းကျက်စေသည်။ ၎င်းကို သဘောင်္ရွက် သတ္တုရည်ဟု ခေါ်သည်။

ဘောလုံးကန်သူ၊ ခြင်းလုံးခတ်သူများတွင် ဒူးဆစ်၊ ဂုံညင်းနှင့် အောက်ခံအရိုး ဂျွိုင်းဆက်တွင် ကျီးပေါင်းတက်လေ့ရှိပါသည်။ ဒူးဆစ်ကျီးပေါင်းတက်ပါက ထိုဒူးဆစ်ကို မုံညင်းဆီ သို့မဟုတ် နှမ်းဆီကို မီးဖြင့်နွေးပြီး ခပ်နွေးနွေး လိမ်းပေးပြီးနောက် သင်္ဘောရွက်ကြမ်းကို ပျော့သွားအောင်မီးကင်ပြီး စည်းပေးပါ။ရက်သတ္တတစ်ပတ်မှ သုံးပတ်အထိ စည်းပေးလျှင်အကောင်းဆုံးဖြစ်ပါသည်။ဖနောင့်ရိုးအတက်ထွက် ကျီးပေါင်းတက်သူများအတွက် တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် (၄၇) ခုနှစ်ပါးဆေးဝါလေးနှင့် ရောနယ်စည်းပေးပါ။ ညအိပ်ယာဝင်ချိန်တွင် စည်းထားပြီး နံနက် အိပ်ယာထတွင် ဖြည်ပါ။ ၎င်းးကို သုံးပတ်ခန့် စည်းပေးရမည်ဖြစ်သည် ။

(၇) ပါးဆေးဝါးလေးဆိုသည်မှာ ရှေးဆေးကျမ်းများပါ ဆေးနည်းကျော် ဖြစ်သည် ။ ထိုဆေးတွင်

၁ ။ ဆိတ်ဖူး

၂။ လင်းနေ

၃။နွားမြေရင်း

၄။ဣဿရမူလီ

၅။ရှိန်းခို

၆။ဆေးဒန်း

၇။ကန့် စသည့် ဆေးဖက် (၇) မျိုး ပါဝင်သည်။

ပရဆေးဆိုင်များတွင် အလွယ်တကူ ဝယ်ယူဖော်စပ်နိုင်သည်။ ဆေးအလေးချိန်မှာ အားလုံး ဆတူဖြစ်သည်။

ဇက် ၊ ဂုတ်ရိုး ကျီးပေါင်းဖုပေါ်တွင် သင်္ဘောရွက်ကိုပြုတ် ခပ်နွေးနွေးကိုပုံမှန်ကပ်ပေးလျှင် ကျီးပေါင်းရောဂါကို သက်သာစေနိုင်သည်။ လေ့ကျင့်ခန်းအနေဖြင့် ဘယ်လှည့် ညာလှည့် လုပ်ပေးဖို့လိုအပ်ပါသည် ။ တစ်နေ့လျှင်ဦးခေါင်း လေ့ကျင့်ခန်းအနေဖြင့် ဘယ်လှည့်၊ ညာလှည့်၊ အထက်မော့၊ အောက်ငုံ့ ဖြည်းဖြည်းချင်းအကြိမ် ၂၀ ခန့် လုပ်ပေးလျှင်သက်သာစေသည်။ ဒါ့အပြင် သင်္ဘောအစေ့များကိုလည်း အခြောက်လှန်းကာ အမှုန့်ထောင်းပြီး ပျားရည်နှင့်တေပြီး တစ်နေ့လျှင် နှစ်ကြိမ်၊ တစ်ကျပ်သားခန့် သားပေးလျှင်လည်း ကျီးပေါင်းနှင့် အရိုးအဆစ်ကိုက်ခြင်း ဝေဒနာများကို သက်သာစေနိုင်သည်။

မြန်မာနိုင်ငံရှိ တောရွာများတွင် သင်္ဘောစေ့အနက်အစို ၇ စေ့ကို ကလေးများသန်ချဆေးအဖြစ် တိုက်ကျွေးလေ့ရှိသည်။ ကျီးပေါင်းရောဂါ ဆိုသည်မှာ တစ်ရက်၊ တစ်လနှင့် ဖြစ်လာသော ရောဂါမျိုးမဟုပ်ပဲ လနှစ်ချီပြီး ဖြစ်လာသောရောဂါဖြစ်သဖြင့် စိတ်ရှည်ရှည်နှင့် ကုသမှုခံယူရန် လိုအပ်သည်။ အရေပြားကို လောင်စေသော ပူလွန်းသည့် ဒဏ်ကြေဆေးများကို အလွန်အကျွံမလိမ်းသင့်ပေ။ လေ့ကျင့်ခန်း လုပ်ခြင်း၊ ကြပ်ထုပ်ထိုးခြင်း၊ ရေနွေးအိတ်ကပ်ခြင်း၊ ဆေးပူလိမ်းခြင်း စသည်တို့ကို သင့်တင့်ရုံသာ လုပ်ဆောင်ပြီး အနေအထိုင်ကို ဆင်ခြင်၊ စိတ်ရှည်ရှည် ကုသမှုခံယူမှသာ သက်သာမည်ဖြစ်လိုသည်။

Be the first to comment

Leave a comment

Your email address will not be published.


*