ကြက်တွေကို ဆေးခြောက်ကျွေးနေတဲ့ ထိုင်း မြောက်ပိုင်းက မွေးမြူရေးခြံ
ထိုင်း မြောက်ပိုင်း လန်ပန်က မွေးမြူရေးခြံ ၁ ခြံက ကြက်တွေကတော့ ဆေးခြောက်စားပြီး ဇိမ်ကျနေပါပြီ။ အဲဒီခြံဟာ ပဋိဇီဝဆေးတွေအစား ဆေးခြောက်ကို ကျွေးနေကြတာ ဖြစ်ပြီး ဆေးခြောက်စားတဲ့ ကြက်တွေဟာ ရောဂါတွေကို တွန်းလှန်နိုင်တဲ့ ကိုယ်ခံအား ပိုကောင်းလာကြပါတယ်။
ဒါ့အပြင် အဆီ နည်းပါးလာတဲ့အတွက် ကြက်ဆီထမင်းချက်ရင် အရသာ ပိုကောင်းလာတယ်လို့ အဲဒီခြံကနေ ကြက်တွေ ပုံမှန် ဝယ်ယူနေတဲ့ ချင်းမိုင်က စားသောက်ဆိုင် ၁ ဆိုင်က ပြောပါတယ်။
ဆေးခြောက်ကို ထိုင်းမှာ Category 5 မူးယစ်ဆေးဝါး စာရင်းကနေ ဇွန်လ ၉ ရက်နေ့က စတင် ပယ်ဖျက်ပေးလိုက်တာ ဖြစ်ပြီး ကျန်းမာရေးနဲ့ စီးပွားရေးအတွက် အသုံးပြုလို့ရလာပါပြီ။
လန်ပန်ပြည်နယ်ချဲဟုန်းက Petch Lanna Organic Agriculture Community Enterprise ဟာ ဆေးခြောက် စိုက်ပျိုးဖို့ လိုင်စင်ရထားပါတယ်။ အဲဒီစိုက်ပျိုးမွေးမြူရေးခြံက ဆေးခြောက် စိုက်ပျိုး ထုတ်လုပ်ရာမှာ အကြွင်းအကျန်များစွာ ရှိတဲ့အတွက် ကြက်တွေကို စမ်းသပ်ကျွေးခဲ့တာလို့ ပြောပါတယ်။ဆေးခြောက် ကျွေးထားတဲ့ ကြက်တွေဟာ စိတ်ဖိစီးမှု နည်းပါးလာတဲ့အတွက် အဆီနည်းပါးလာကြကာ အသား အရသာ ပိုကောင်းလာပါတယ်။
အဲဒီကြက်တွေကို ပုံမှန် ဝယ်ယူနေတဲ့ ချင်းမိုင်မှ စားသောက်ဆိုင်ရဲ့ ပိုင်ရှင် ဖြစ်သူက ဆေးခြောက် ကျွေးထားတဲ့ ကြက်တွေရဲ့ အသားဟာ ပိုမို နူးညံ့လာပြီး အရသာ ပိုကောင်းလာတဲ့အတွက် ၁ ရက်ကို ဘတ် ၅၀၀၀ ကနေ ၈၀၀၀ အထိ အမြတ်ရနေတယ်လို့ ပြောပါတယ်။ Ref : ဘန်ကောက်လမ်းညွန်ကိုစိုင်း
Zawgyi … ၾကက္ေတြကို ေဆးေျခာက္ေကၽြးေနတဲ့ ထိုင္း ေျမာက္ပိုင္းက ေမြးျမဴေရးၿခံ
ထိုင္း ေျမာက္ပိုင္း လန္ပန္က ေမြးျမဴေရးၿခံ ၁ ၿခံက ၾကက္ေတြကေတာ့ ေဆးေျခာက္စားၿပီး ဇိမ္က်ေနပါၿပီ။ အဲဒီၿခံဟာ ပဋိဇီဝေဆးေတြအစား ေဆးေျခာက္ကို ေကၽြးေနၾကတာ ျဖစ္ၿပီး ေဆးေျခာက္စားတဲ့ ၾကက္ေတြဟာ ေရာဂါေတြကို တြန္းလွန္နိုင္တဲ့ ကိုယ္ခံအား ပိုေကာင္းလာၾကပါတယ္။
ဒါ့အျပင္ အဆီ နည္းပါးလာတဲ့အတြက္ ၾကက္ဆီထမင္းခ်က္ရင္ အရသာ ပိုေကာင္းလာတယ္လို့ အဲဒီၿခံကေန ၾကက္ေတြ ပုံမွန္ ဝယ္ယူေနတဲ့ ခ်င္းမိုင္က စားေသာက္ဆိုင္ ၁ ဆိုင္က ေျပာပါတယ္။
ေဆးေျခာက္ကို ထိုင္းမွာ Category 5 မူးယစ္ေဆးဝါး စာရင္းကေန ဇြန္လ ၉ ရက္ေန႔က စတင္ ပယ္ဖ်က္ေပးလိုက္တာ ျဖစ္ၿပီး က်န္းမာေရးနဲ႔ စီးပြားေရးအတြက္ အသုံးျပဳလို့ရလာပါၿပီ။
လန္ပန္ျပည္နယ္ခ်ဲဟုန္းက Petch Lanna Organic Agriculture Community Enterprise ဟာ ေဆးေျခာက္ စိုက္ပ်ိဳးဖို့ လိုင္စင္ရထားပါတယ္။ အဲဒီစိုက္ပ်ိဳးေမြးျမဴေရးၿခံက ေဆးေျခာက္ စိုက္ပ်ိဳး ထုတ္လုပ္ရာမွာ အႂကြင္းအက်န္မ်ားစြာ ရွိတဲ့အတြက္ ၾကက္ေတြကို စမ္းသပ္ေကၽြးခဲ့တာလို့ ေျပာပါတယ္။ေဆးေျခာက္ ေကၽြးထားတဲ့ ၾကက္ေတြဟာ စိတ္ဖိစီးမွု နည္းပါးလာတဲ့အတြက္ အဆီနည္းပါးလာၾကကာ အသား အရသာ ပိုေကာင္းလာပါတယ္။
အဲဒီၾကက္ေတြကို ပုံမွန္ ဝယ္ယူေနတဲ့ ခ်င္းမိုင္မွ စားေသာက္ဆိုင္ရဲ့ ပိုင္ရွင္ ျဖစ္သူက ေဆးေျခာက္ ေကၽြးထားတဲ့ ၾကက္ေတြရဲ့ အသားဟာ ပိုမို ႏူးညံ့လာၿပီး အရသာ ပိုေကာင္းလာတဲ့အတြက္ ၁ ရက္ကို ဘတ္ ၅၀၀၀ ကေန ၈၀၀၀ အထိ အျမတ္ရေနတယ္လို့ ေျပာပါတယ္။ Ref : ဘန္ေကာက္လမ္းညြန္ကိုစိုင္း
Be the first to comment