Unicode … ကွယ်လွန်သွားတာ ၅လကျော်ခဲ့ပြီဖြစ်တဲ့ သူငယ်ချင်းဖြစ်သူ ရေမွန်ရဲ့မွေးနေ့မှာ သတိတရနဲ့ မွေးနေ့ဆုတောင်းပေးခဲ့တဲ့ မေ
ပရိသတ်တွေရဲ့ အချစ်တော် ဖြစ်တဲ့ အဆိုတော် ရေမွန် ကွယ် လွန်သွားတာတော့ (၅) လကျော်ဆိုတဲ့ အချိန် ကာလ တစ်ခုကို ရောက်ရှိ နေခဲ့ပါပြီ။
သို့ပေမဲ့ ရေမွန်ရဲ့ မိသားစုတွေရော ရေမွန်ရဲ့ ပရိသတ်တွေအတွက် တော့ မနေ့တနေ့ကလိုပဲ စိတ်ထဲထင်ကျန် နေခဲ့ပြီး အခု ချိန်ရှိ ရေမွန်တစ်ယောက် သက်ရှိထင်ရှား ရှိနေသေးတဲ့ အလား မယုံမကြည်နိုင် ဖြစ်နေကြ ပါသေးတယ်။
ဒီနေ့ နိုဝင်ဘာလ (၂၆) ရက်နေ့လေးကတော့ ရေမွန်ရဲ့ မွေးနေ့ရက်မြတ် ကျရောက်တဲ့ နေ့ရက်လေးပဲ ဖြစ်ပါတယ်။ ရေမွန် သာသက်ရှိ ထင်ရှား ရှိနေခဲ့မယ်ဆိုရင် ဒီနေ့မွေးနေ့ ရက်လေးမှာ အသက် (၃၃)နှစ်ပြည့်မြောက် မှာပဲဖြစ် ပါတယ်။
ရေမွန်ရဲ့ ဒီနေ့မှာ ကျရောက်တဲ့ မွေးနေ့လေးကိုတော့ သူရဲ့ သူငယ်ချင်း အရင်းကြီးဖြစ်တဲ့ မေ က သတိတရနဲ့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ မွေးနေ့ဆုတောင်း ပေးနေခဲ့ ပါသေးတယ်။
“ Happy birthday သူငယ်ချင်းရေ .. Raymond .. မတွေ့တာ ကြာနေလို့ နင်ရှိနေသေး တယ်ပဲ အမြဲတွေးမိပါတယ်. ဖြစ်လေရာ ဘဝမှာ အကောင်းဆုံးရှိနေမယ် ယုံကြည်တယ်.. သတိ ရတယ် ကွယ် … till we meet again ” ဆိုပြီး
ခုချိန်ထိ သူငယ်ချင်းဖြစ်သူ ရေမွန်ကို ရှိနေသေး တယ်လို့ တွေးမိနေပြီး အခွင့် အရေးရှိရင် တစ်ချိန်မှာ သူငယ်ချင်းကောင်း တွေအဖြစ် နောက်တစ်ချိန် ထပ်မံဆုံတွေ့ ခြင်းသေးကြောင်း ကိုပါ ရေမွန်အတွက် မွေးနေ့ ဆုတောင်းလေးနဲ့ အတူ တောင်းဆုပြုထားတာပဲဖြစ်ပါတယ်။ crd
Be the first to comment