ကျွန်တော်တို့နေ့စဉ် သောက်နေကြတဲ့ အချိုရည်တွေမှာ အမျိုးအစား အလိုက် သကြားပါဝင်မှုနှုန်းများ

ကျွန်တော်တို့နေ့စဉ် သောက်နေကြတဲ့ အချိုရည်တွေမှာ အမျိုးအစား အလိုက် သကြားပါဝင်မှုနှုန်းများ

အချိုရည်ထဲမှာ သကြား ဆေးသကြား ၊ အချဉ်ခဲ ၊ ဆိုးဆေး၊ သစ်သီးအနံနဲ့ ကြာရှည်အ ထားခံဆေး များသာ ပါဝင်နေပါတယ် ။ အချိုဓါတ်သည် ဦးနှောက်ဉာဏ်ရည် လုပ်‌ဆောင်နိုင်စွမ်းကို နှေးကွေးစေပါသည်။ ပုံတွင် အချိုရည်ထုတ်ကုန်များတွင် ပါဝင်တဲ့ အချိုဓါတ် ပါဝင်မှုနှုန်းတွေကို ဖေါ်ပြထားပါတယ်။

Coca Cola classic တစ်ဗူးမှာ သကြား 35 gram ပါတယ် ။ သကြား 35 gram ဆိုတာက လက်ဖက်ရည်ဇွန်းနဲ့ ၁၂ဇွန်းစာလောက်ရှိတယ်။ ကော်ဖီမစ်တစ်ထုပ်ကိုတောင်မှ 20 gram ပဲရှိတာလေ သကြား 35 gram ဆိုတာ ကော်ဖီမစ် နှစ်ထုပ်စာပါ။ ထမင်းကနေရမယ့်အချိုဓာတ်ကို ထည့်မတွက်ရင်တောင်မှ တော်တော်များတဲ့ ပမာဏပဲ။

Soft drink တစ်ဗူးသောက်တိုင်း ဆီးချိုဖြစ်နိုင်ခြေ ၂၅ရာနှုန်းတက်လာတယ် ။ အဖေ ဆီးချိုရှိရင် ၃၀ရာနှုန်း အမေဆီးချိုရှိရင် ၃၀ ရာနှုန်းမောင်နှမဆိုရင် ဘယ်လောက်ရာနှုန်းဆိုတဲ့ riskတွေပါထည့်တွက်Sedative lifestyle ဆိုရင် ၂၀ ရာနှုန်း ဝနေရင် ၂၀ရာနှုန်း ။

ရာနှုန်းတွေပေါင်းလိုက်တော့ ၁၀၀ ရာနှုန်းရဲ့ ဟိုဘက်ကမ်းကို လွန်လို့ကျော်တောင်သွားသေးတယ် ။ မြေကြီးလက်ခတ်တာကမှ လွဲချင် လွဲဦးမယ် Diabetes ဖြစ်ဖို့မလွဲတော့ ဘူးသေချာနေပြီ ။ စင်္ကာပူနိုင်ငံမှာ Soft drink မှန်သမျှ ကြော်ငြာလို့ မရတော့ဘူး။ ဘန်းပစ်လိုက်ပါပြီ။ နံရံကပ်ဗီနိုင်း၊ တီဗွီချန်နယ် မည်သည့် နည်းလမ်းနဲ့မဆို Advertise လုပ်မရတော့ဘူး။

စင်္ကာပူနိုင်ငံဟာ War on Diabetes project အရ Soft drink advertisement ကို လုံးဝပိတ်ပင်တဲ့ ကမ္ဘာမှာ ပထမဆုံးသော နိုင်ငံဖြစ်လာပြီ ။ အမေရိကန်မှာသော်မှ ၁၈နှစ်အောက်တွေကို မကြေငြာရဘူးဆိုတဲ့ ဥပဒေပဲ ထုတ်နိုင်ပါသေးတယ်။ စင်္ကာပူကပိုတင်းကျပ်လာပြီ။

ဒါ့အပြင် Coca Colaကုမဏ္ဍီဟာ Soft drink တိုင်းမှာသကြားပမာဏလျှော့ဖို့ Coca Colaကုမဏ္ဍီအနေနဲ့ War on Diabetes မှာပူးပေါင်းပါဝင်ဖို့ သဘောတူခဲ့တယ် ။ Diet coke၊Zerosugar coke တွေ ထုတ်လုပ်လာတဲ့အပြင် Classic Coke မှာလည်းမူရင်းအရသာ မပျက်စေပဲ သကြားပမာဏကို ၂၆ ရာခိုင်နှုန်းထိ လျော့ချပစ်လိုက်ပြီ။

သူများနိုင်ငံတွေမှာ ကိုယ့်နိုင်ငံသားတွေ ကျန်းမာဖို့ ကျန်းမာရေး ဝန်ကြီးဌာနအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာနတွေကစွမ်းစွမ်းတမံ ကြိုးစားနေကြတာမြင်တော့ အားရလိုက်တာ။ ဒီနိုင်ငံမှာတော့ ရေဆာတိုင်း သံဗူး အချိုရည် တဂွမ်းဂွမ်း ဖောက်သောက်တယ်။

ကျနော်တို့ ကလေးဘဝကတည်းက ခေတ်စားခဲ့တဲ့ ထက်ထက်မိုးဦးနဲ့ ဒွေးရဲ့ ” Ve Ve မန်ကျည်းအချိုရည် “ဇော်ဝင်းထွဠ်ရဲ့” ဘာကွ Max” တို့ကိုကြည့်ခဲ့ရတုန်းက အချိန်တွေကို ပြန်တွေးကြည့်တဲ့ အခါငါ အဲ့တုန်းက အဲ့ကြေငြာ တွေကြည့်ပြီး အချိုရည်သောက်ဖို့ပူဆာ ဂျီကျခဲ့ဖူးတာပဲဆိုပြီး ပြန်အမှတ်ရမိတယ်။

ခုမှ ဥာဏ်ဦးသွားပြီး ဒါတွေကို အန္တရာယ်လို့မြင်လာခဲ့တာ ။ ခုဆိုလည်း တစ်ဗူးမှ ၃၀၀ ကိုကာကိုလာပုလင်းကို အားရ ပါးရမော့ပြပြီး လမ်းမပေါ် ဒွန့်ပြနေတဲ့ ကြော်ငြာလာတိုင်း အသည်းပေါက်ပါတယ် ။ ပညာမတတ် ပိုက်ဆံမရှိတဲ့ ငါတို့နိုင်ငံသားတွေကို ကောင်းကောင်းကြီး ဂျင်းထည့်နေတာပဲလို့တွေးမိပြီး… အလှူမင်္ဂလာဆောင်မှာ ဧည့်ခံတဲ့သဘောနဲ့ ချပေးတဲ့Shark ဗူးတွေ။

လူနာလာမေးတာဆိုပြီး ကဒ်လိုက်ဝယ်လာတဲ့ Max plus ဗူးတွေ။ ၁၀၀ တန် ကော်ဖီမစ်ထုပ်တွေ။ လက်ဖက်ရည်ထုပ်တွေ ။ ကမ္ဘာကြီးနှစ်ခြမ်းကွဲသွားရင်တောင် Speed ရှိတဲ့ဘက်မှာနေမ ယ့်သူတွေ။ အသက်လေးဆယ် နားကပ်လာရင် သမားတော် တစ်ယောက်ကို ဆီးချိုရောဂါနဲ့ ပုံမှန်ပူဇော်ဖို့ခုကတည်းက ပိုက်ဆံစုထားကြပါ ။ နေ့စဉ်သောက်ရမယ့် ဆီးချိုကျဆေးတွေနေ့တိုင်း လက်ထိပ်ကို သွေးဖောက်စစ်ရမယ့် ဒုက္ခတွေ။

ဆီးချိုသွေးချိုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကြောင့် ဘဝရဲ့နောက်ဆုံးအချိန်မှာ ဆေးရုံကုန်ကျမယ့် ငွေတွေအတွက် ခုကတည်းက ပြင်ဆင်ထားကြပါတော့ လို့ ပြောပါရစေ ။ crd ; မူရင်းရေးသားသူ

Add a Comment

Your email address will not be published. Required fields are marked *