ကွယ်လွန်သူ အဖွားနဲ့အဖေအတွက် ရည်စူးကာအလှူလေးကို အဖမ်းခံရနေချိန်မှာတောင် မပျက်မကွက် ပြလုပ်ပေးခဲ့တဲ့ အဆိုတော် ပိုပို
ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ ပိုပို ကတော့ ဖမ်းဆီးခံထားရပြီး လက်ရှိ အချိန်ထိ ပြန်လည်လွှတ်မြောက်ခြင်း မရှိသေးပါဘူ း။ ပိုပိုကိုတော့ ပရိသတ်တွေကတော့ ပိုပို့ကို အချိန်တိုင်း သတိတရရှိနေခဲ့ပြီး ပိုပိုတစ်ယောက် အမြန်ဆုံးပြန်လည် လွှတ်မြောက်လာဖို့ကိုလည်း ဆုတောင်းပေးနေခဲ့ကြပါသေးတယ်။
မနေ့က မတ်လ (၁၇ )ရက်နေ့မှာတော့ ပိုပိုက သူ့ရဲ့အဖွားဖြစ်သူနဲ့ ဖခင်ကြီးအတွက် အလှူပြုလုပ်ပေးဖို့ သူ့ရဲ့ Admin Teamကို မှာကြားခဲ့တာကြောင့် Admin Team အလှူလေးပြုလုပ် ပေးခဲ့ပါတယ်။ ဖမ်းဆီးခံထားရချိန်မှာတောင် အဖွားနဲ့အဖေအတွက်ကို မပျက်မကွက် အလှူလေး လုပ်ပေးနိုင်ဖို့ ပိုပိုက သူ့ရဲ့ Admin Team ကို သူ့ကိုယ်စားအလှူလေးပြုလုပ်ပေးဖို့တောင်းဆိုခဲ့ပါတယ်တဲ့။
ပိုပိုရဲ့ Admin တွေကလည်း ပိုပို့ရဲ့ တောင်းဆိုမှု အတိုင်း ပိုပို့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ အလှူလေးပြု လုပ်ခဲ့ကြောင်း မျှဝေ လာခဲ့ပါတယ်။ ပိုပို့ရဲ့ Admin Team က ပိုပိုရဲ့ ဆန္ဒအတိုင်း ရတနာပန်းကုံးကျောင်းတိုက်မှာ အရုဏ်ဆွမ်းကပ်လှူပေးခဲ့ပါတယ်။
ပရိသတ်ကြီးရေ အမြဲတမ်း အလှူအတန်းမပျက်လုပ်တဲ့အပြင်ကို ဖမ်းဆီခံထားရချိန်မှာတောင် အလှူမတန်းမပျက်တဲ့ ပိုပို နေကောင်းကျန်းမာပြီး အမြန်ဆုံးပြန်လည်လွတ်မြောက်လာစေဖို့ ဆုတောင်းပေး ခဲ့ကြပါဦးနော် ။ crd
Zawgyi … ကွယ်လွန်သူ အဖွားနဲ့အဖေအတွက် ရည်စူးကာအလှူလေးကို အဖမ်းခံရနေချိန်မှာတောင် မပျက်မကွက် ပြလုပ်ပေးခဲ့တဲ့ အဆိုတော် ပိုပို
crd
Be the first to comment