ကွယ်လွန်သွားတဲ့ဖခင်ကြီးနဲ့ ဘယ်ချိန်မှပြန်လည်ထိတွေ့ခွင့် ရမယ်မှန်းမသိတဲ့ အနုပညာအလုပ်တွေနဲ့ ပရိသတ်တွေကို လွမ်းဆွတ်နေကြောင်း ဝမ်းနည်းစွာနဲ့ ရင်ဖွင့်လာတဲ့ ဖွေးဖွေး

ကွယ်လွန်သွားတဲ့ဖခင်ကြီးနဲ့ ဘယ်ချိန်မှပြန်လည်ထိတွေ့ခွင့် ရမယ်မှန်းမသိတဲ့ အနုပညာအလုပ်တွေနဲ့ ပရိသတ်တွေကို လွမ်းဆွတ်နေကြောင်း ဝမ်းနည်းစွာနဲ့ ရင်ဖွင့်လာတဲ့ ဖွေးဖွေး

ပရိသတ်ကြီးရေ ဖွေးဖွေးကတော့ ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် အကယ်ဒမီ(၃)ဆုပိုင်ရှင် ထိပ်တန်းအနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ဖွေးဖွေးကတော့ မကြာသေးခင်အချိန်ကပဲ သူရဲ့ဖခင်ကြီးကို ဆုံးရှုံးထားရပြီး ဖခင်ကြီးကို ချစ်တဲ့ သမီးတစ်ယောက်အနေနဲ့တော့ တန်ဖိုးဖြတ်မရတဲ့ ဆုံးရှုံးမှုကြီးတစ်ခုပါ။

ဖွေးဖွေးကတော့ ဒီနေ့ ဧပြီလ (၆)ရက်နေ့မှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ကွယ်လွန်ချိန်မှာတောင် နောက်ဆုံးအနေနဲ့ သွားတွေ့ခွင့်မရခဲ့တဲ့ ဖခင်ကြီးကို အိမ်မက်မက်ကြောင်း “အဖေ့အကြောင်းအိပ်မက်မက်တယ်။ အရင်လိုပဲ သမီးကို ကားမောင်းပေးပြီး တူတူလျှောက် လည်နေကြတာ .. ပြုံးနေတာပဲ အဖေက အဲ့လိုနေ့တွေဆို အိပ်ပဲနေချင်တော့တယ်။

နိုးမလာချင်တော့ဘူး။ နိုးလာရင်လည်း ပို့ထားတဲ့“ဖွေးကိုလွမ်းတယ်..“ ဆိုတဲ့ Message လေးတွေလိုက်ဖတ်ကြည့်မိပြီး ချစ်ရတဲ့ သူတွေကိုလွမ်းလွန်းလို့…ပန်းလေးတွေတွေ့တိုင်းလည်း ကိုယ်မြတ်နိုးတန်ဖိုးထားခဲ့တဲ့ ရုပ်ရှင်တွေကို လွမ်းလွန်းလို့…မထိတွေ့ရတာ ကြာခဲ့ပြီမို့.တစ်နေ့နေ့တော့ လွမ်းတဲ့ အဲ့အကြောင်းလေးတွေ ပြန်ပြောပြခွင့် ရချင်ပါသေးရဲ့…

လောကကြီးရဲ့ တနေရာမှာ… ပြန်ဆုံချင်ပါသေးရဲ့ …” ဆိုပြီး ဖခင်ကြီးကို လွမ်းဆွတ် သတိရ နေသလို ရူးသွပ်စွာနဲ့ လုပ်ကိုင်ခဲ့တဲ့ အနုပညာ အလုပ်တွေနဲ့အတူ ချစ်ရတဲ့ ပရိသတ်တွေကိုလည်း သတိရနေကြောင်း ဝမ်းနည်းစွာနဲ့ ရင်ဖွင့်လာခဲ့ပါတယ်။

ပရိသတ်ကြီးရေ ဖခင်ကြီးကိုရော အနုပညာအလုပ်တွေနဲ့ ပရိသတ်တွေကို လွမ်းဆွတ် တမ်းတတာကြောင့် စိတ်အားငယ် ဝမ်းနည်းနေတဲ့ ပြည်သူ့ အချစ်တော် ဖွေးစိန်လေးအတွက် အားပေးစကားလေးတွေ ပြောပေးခဲ့ကြပါဦးနော် ။ ပရိသတ်ကြီးတွေလည်း ဖွေးစိန်လေးကို လွမ်းနေကြတယ်မဟုတ်လား။ ခရက်ဒစ်

Zawgyi … ကြယ္လြန္သြားတဲ့ဖခင္ႀကီးနဲ႕ ဘယ္ခ်ိန္မွျပန္လည္ထိေတြ႕ခြင့္ ရမယ္မွန္းမသိတဲ့ အႏုပညာအလုပ္ေတြနဲ႔ ပရိသတ္ေတြကို လြမ္းဆြတ္ေနေၾကာင္း ဝမ္းနည္းစြာနဲ႔ ရင္ဖြင့္လာတဲ့ ေဖြးေဖြး

ပရိသတ္ႀကီးေရ ေဖြးေဖြးကေတာ့ ပရိသတ္ေတြရဲ့ အခ်စ္ေတြကို အျပည့္အဝရရွိထားတဲ့ ပရိသတ္အခ်စ္ေတာ္ အကယ္ဒမီ(၃)ဆုပိုင္ရွင္ ထိပ္တန္းအႏုပညာရွင္တစ္ေယာက္ပဲျဖစ္ပါတယ္။ ေဖြးေဖြးကေတာ့ မၾကာေသးခင္အခ်ိန္ကပဲ သူရဲ့ဖခင္ႀကီးကို ဆုံးရွုံးထားရၿပီး ဖခင္ႀကီးကို ခ်စ္တဲ့ သမီးတစ္ေယာက္အေနနဲ႔ေတာ့ တန္ဖိုးျဖတ္မရတဲ့ ဆုံးရွုံးမွုႀကီးတစ္ခုပါ။

ေဖြးေဖြးကေတာ့ ဒီေန႔ ဧၿပီလ (၆)ရက္ေန႔မွာ သူ႔ရဲ့လူမွုကြန္ရက္စာမ်က္ႏွာကေန ကြယ္လြန္ခ်ိန္မွာေတာင္ ေနာက္ဆုံးအေနနဲ႔ သြားေတြ႕ခြင့္မရခဲ့တဲ့ ဖခင္ႀကီးကို အိမ္မက္မက္ေၾကာင္း “အေဖ့အေၾကာင္းအိပ္မက္မက္တယ္။ အရင္လိုပဲ သမီးကို ကားေမာင္းေပးၿပီး တူတူေလၽွာက္ လည္ေနၾကတာ .. ျပဳံးေနတာပဲ အေဖက အဲ့လိုေန႔ေတြဆို အိပ္ပဲေနခ်င္ေတာ့တယ္။

နိုးမလာခ်င္ေတာ့ဘူး။ နိုးလာရင္လည္း ပို့ထားတဲ့“ေဖြးကိုလြမ္းတယ္..“ ဆိုတဲ့ Message ေလးေတြလိုက္ဖတ္ၾကည့္မိၿပီး ခ်စ္ရတဲ့ သူေတြကိုလြမ္းလြန္းလို့…ပန္းေလးေတြေတြ႕တိုင္းလည္း ကိုယ္ျမတ္နိုးတန္ဖိုးထားခဲ့တဲ့ ႐ုပ္ရွင္ေတြကို လြမ္းလြန္းလို့…မထိေတြ႕ရတာ ၾကာခဲ့ၿပီမို့.တစ္ေန႔ေန႔ေတာ့ လြမ္းတဲ့ အဲ့အေၾကာင္းေလးေတြ ျပန္ေျပာျပခြင့္ ရခ်င္ပါေသးရဲ့…

ေလာကႀကီးရဲ့ တေနရာမွာ… ျပန္ဆုံခ်င္ပါေသးရဲ့ …” ဆိုၿပီး ဖခင္ႀကီးကို လြမ္းဆြတ္ သတိရ ေနသလို ႐ူးသြပ္စြာနဲ႔ လုပ္ကိုင္ခဲ့တဲ့ အႏုပညာ အလုပ္ေတြနဲ႔အတူ ခ်စ္ရတဲ့ ပရိသတ္ေတြကိုလည္း သတိရေနေၾကာင္း ဝမ္းနည္းစြာနဲ႔ ရင္ဖြင့္လာခဲ့ပါတယ္။

ပရိသတ္ႀကီးေရ ဖခင္ႀကီးကိုေရာ အႏုပညာအလုပ္ေတြနဲ႔ ပရိသတ္ေတြကို လြမ္းဆြတ္ တမ္းတတာေၾကာင့္ စိတ္အားငယ္ ဝမ္းနည္းေနတဲ့ ျပည္သူ႔ အခ်စ္ေတာ္ ေဖြးစိန္ေလးအတြက္ အားေပးစကားေလးေတြ ေျပာေပးခဲ့ၾကပါဦးေနာ္ ။ ပရိသတ္ႀကီးေတြလည္း ေဖြးစိန္ေလးကို လြမ္းေနၾကတယ္မဟုတ္လား။ ခရက္ဒစ္

Be the first to comment

Leave a comment

Your email address will not be published.


*