ခန္တာကိုယ်တစ်ခုလုံးကို ဂြိုလ်သာတစ်ကောင်လို ခွဲစိတ်ပြောင်းလဲလိုက်တဲ့ အနက်ရောင်ဂြိုလ်သား
ချိုအဖြစ် ဦးခေါင်းပေါ်သတ္တုထည့်ပြီး၊ လျှာနှစ်ခွခွဲ စိပ်ကာ မျက်လုံ းအပါအဝင် အသားအရေ တစ်ခုလုံးမှာလည်း တက်တူးအပြည့် ထိုးထားတာနဲ့ အနက်ရောင်ဂြိုလ်သားလို့ လူသိများခဲ့တဲ့ ပြင်သစ်က အသက် ၃၂ နှစ်အရွယ် “အန်တိုနီ လော့ဖ်ဖရီဒို ” ဆိုသူ ကြည့်ရုံနဲ့
သတ္တဝါ တစ်ကောင်လို ကြောက်စရာ ကောင်းလွန်းတဲ့ ကိုယ်ခန္ဓာ တစ်ခုလုံးပြုပြင် မွမ်းမံ (Body modification) ပြုလုပ်ရန် ရူးသွပ် လှတဲ့ အမျိုးသား တစ်ဦးရဲ့ ထူးခြားဆန်းပြား ဘဝအကြောင် းအရာ ရှေ့ဆက်လှုပ်ရှားမှု တစေ့တစောင်းကို နိုင်ငံခြား သတင်းဌာန တစ်ခုက စိတ်ဝင်စားစရာ ဖော်ပြ ထားပါတယ်။
သူ့ရဲ့ နောက်ဆုံးပြုလုပ်ခဲ့သော အပြောင်းအလဲသည် အပေါ်နှုတ်ခမ်းနှင့် နှာခေါင်းဖျားလေး ဖြတ်ထုတ် လိုက်တာပါ။ ဒါဟာ သူစကားပြောတဲ့ အခါမှာ အဆင်မပြေမှုများ အနည်းငယ် အခက်အခဲ ရှိပေမယ့် သူ့အတွက် ကတော့ ပြဿနာ တစ်ခု မဟုတ်သလို ဒါတွေကို ဆက်လက် ရူးသွပ်စွဲလန်း သွားနေဦးမှာပဲလို့ ဆိုပါတယ်။
သူသည် အပေါ်နှုတ်ခမ်းနှင့် နှာခေါင်းဖျားဖြတ်ရန် အတွက် ပြင်သစ်မှ ာတရားမဝင်လို့ စပိန်မှ ာသွားလုပ်ခဲ့ရတယ်လို့ ဆိုပြီးတော့၊ လုပ်ပြီးသွားမှာ စကားပြောရန် အခက်အခဲ အနည်းငယ် ရှိကြောင်း သူ့ရဲ့ Instagram live မှာ ပြောကြား ထားပါတယ်။
သူသည် ခန္ဓာကိုယ်တစ်ခုလုံးရှိ အရေပြားအားလုံးကိုချွတ်ပြီး သတ္တုဖြင့်အစားထို းရန် ပြုလုပ်ဖို့အိပ်မက်ရှိပါသေးတယ်။ ဒါတွေမကသေးဘဲ လက်၊ ခြေထောက်၊ လက်ချောင်းများနှင့် ဦးခေါင်းကျောဘက် အစရှိတဲ့ခန္ဓာကိုယ်အသီးသီးရှိအင်္ဂါရပ်များ ထပ်မံပြောင်းလဲပြုပြင်ပြုလုပ်သွားချင်သေးတယ်လို့လည်း ပြောကြားထားပါတယ်။ ခရက်ဒစ်
Be the first to comment