ခရစ်စတင်းလေလံတင် ရောင်းချမှုတွင် ဒ်ါလာ ၁၃ သန်းနဲ့ စံချိန်တင်ခဲ့တဲ့ အိုင်းစတိုင်းရဲ့ နှိုင်းရသီအိုရီ လက်ရေးမူစာအုပ်
Unicode … ခရစ်စတင်းလေလံတင် ရောင်းချမှုတွင် ဒါ်လာ ၁၃ သန်းနဲ့ စံချိန်တင်ခဲ့တဲ့ အိုင်းစတိုင်းရဲ့ နှိုင်းရသီအိုရီ လက်ရေးမူစာအုပ်
ရူပဗေဒပညာရှင် အဲလ်ဘတ်အိုင်းစတိုင်းဟာ သူ့ရဲ့နှိုင်းရသီအိုရီကို ထုတ်ဖော်ရန်ကြိုးစားရာမှာ တွက်ချက်မှုတွေ ပါဝင်တဲ့ လက်ရေးမူ မှတ်တမ်းစာအုပ်ကို လေလံပွဲတခုမှာ ဒေါ်လာ ၁၃ သန်းနဲ့ စံချိန်တင်ရောင်းချခဲ့ ပါတယ်။
သိပ္ပံဆိုင်ရာ အချက်အလက်တွေ ပါဝင်တဲ့ အဲဒီလက်ရေးမူ မှတ်တမ်းစာအုပ်ဟာ ပါရီရှိ ခရစ်စတင်း လေလံဌာနရဲ့ ရောင်းချမှုမှာ စံချိန်တင်ခဲ့ပါတယ်။
သိပ္ပံချက် အလက်တွေ ပါဝင်တဲ့ အဲဒီလက်ရေးမူ တမ်းစာအုပ်ဟာ ရူပဗေဒပညာရှင် အိုင်းစတိုင်းရဲ့ ကြီးမားတဲ့ သိပ္ပံဆိုင်ရာ အောင်မြင်မှုတွေ ကိုပြ သတဲ့ စာတမ် းနှစ်စောင်အနက်မှ တစ်ခုဖြစ်ပါတယ်။
၁၉၁၅ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ အိုင်းတိုင်းရဲ့ နှိုင်းရသီအိုရီဟာ အာကာသ၊ အချိန်နဲ့ ဆွဲငင်အားတို့ အပေါ် လူသားတို့ရဲ့ နားလည် သိရှိထားမှုကို အကြီးအကျယ်ပြောင်းလဲ စေခဲ့ပါတယ်။
လေလံတင် ရောင်းချခဲ့တဲ့ တွက်ချက်မှု လက်ရေးမူ ကို အိုင်းစတိုင်းနဲ့ ဆွစ်ဇာလန်နိုင်ငံက သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်သူ မီရှဲလ်ဘက်ဆိုတို့က ၁၉၁၃ ခုနှစ်နဲ့ ၁၉၁၄ ခုနှစ်အကြားမှာ တွက်ချက်မှတ်တမ်း ပြုစုခဲ့တာဖြစ်ပါတယ်။ crd
Be the first to comment