Unicode … ခရီးသွားနေရင်း လမ်းမှာတွေ့တဲ့ နွမ်းပါးသူတွေကို အလှူငွေတွေ လှူဒါန်းပေးခဲ့တဲ့ ဆောင်းယွန်းစံ
ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင် မင်းသမီးချောလေး ဆောင်းယွန်းစံ ကတော့ လတ်တလောမှာ အလုပ် ကိစ္စတွေနဲ့ ခရီးတွေထွက်နေ ခဲ့ရပါတယ် ။ ဆောင်းယွန်းစံကတော့ စေတနာ သဒ္ဓါတရား ထက်သန်လှတဲ့ သူတစ်ယောက်ဖြစ်တဲ့အတွက် အခုလို ခရီတွေ သွားနေချိန်မှာတောင် အလှူအတန်းတွေကို ပြုလုပ်နေခဲ့ ပါသေးတယ်။
ပြီးခဲ့တဲ့ ရက်တွေကလည်း ကျောက်ပန်းတောင်းဘက်ကို ရောက်ရှိနေ တုန်းမှာ ဆွမ်းကပ်အလှူ၊ ချို့တဲ့တဲ့ သူတွေအတွက် ဆန်လှူဒါန်းခြင်းစတဲ့ အလှူလေးကိုပြုလုပ် ခဲ့ပါသေးတယ်။ အခု တစ်ခေါက်မှာလည်း ဆောင်းယွန်းစံက ရွှေသိမ်တော် ဘုရားကိုရောက်တုန်း ချို့တဲ့တဲ့ သူတွေအတွက် ကာလဒါန အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။
ဆောင်းယွန်းစံက ရွှေသိမ်တော် ဘုရားရောက်တုန်း ချို့တဲ့တဲ့ သူတွေအားလုံးအတွက် သူတတ်နိုင်သလောက် အလှူငွေတွေ လှူဒါန်းပေးခဲ့တာပဲ ဖြစ်ပါတယ်။ပရိသတ်ကြီးရေ ဆောင်းယွန်းစံရဲ့ မွန်မြတ်လှတဲ့ ကလဒါန အလှူလေးကို ပရိသတ်တွေလည်း သာဓုခေါ်ဆို ပေးခဲ့ကြ ပါဦးနော်။ crd
Be the first to comment
Leave a comment
Your email address will not be published.
*