ခိုးယူခံရပြီး ၂၅ နှစ်ကြာမှ ပြန်ရှာတွေ့ခဲ့တဲ့ ဂျိမ်းစ်ဘွန်းဇာတ်ကားထဲက Aston Martin DB5 ကား
လွန်ခဲ့တဲ့ ၂၅ နှစ်က ခိုးယူခြင်းခံလိုက်ရတဲ့ ဂျိမ်းစ်ဘွန်း ဇာတ်ကားထဲက နာမည်ကျော် ကားတစ်စီးကို အရှေ့ အလယ်ပိုင်းဒေသမှာ ပြန်ရှာတွေ့ခဲ့ပြီလို့ သိရပါတယ်။ Goldfinger နဲ့ Thunder Ball ဇာတ်ကားတွေမှာ ဂျိမ်းစ်ဘွန်းစီးနင်းခဲ့တဲ့ Aston Martin DB5 ကားဟာ ၁၉၉၇ ခုနှစ်က ဖလော်ရီဒါမှာရှိတဲ့ ဘိုကာရာတွန် လေဆိပ်မှာ ခိုးယူခံလိုက်ရတာဖြစ်ပါတယ်။
Goldfinger နဲ့ Thunder Ball ဇာတ်ကားတွေမှာ ဂျိမ်းစ်ဘွန်းအဖြစ် ရှောင်ကွန်နရီက သရုပ်ဆောင်ခဲ့ပြီး ဒီဇာတ်ကား နှစ်ကားမှာ အသုံးပြုခဲ့တဲ့ Aston Martin DB5 ကားအစီးရေက လေးစီး ရှိခဲ့ပါတယ်။
အခု ပြန်ရှာတွေ့တဲ့ Aston Martin DB5 ကားဟာ ကားလေးစီးအနက်က အစိတ် အပိုင်းအားလုံး အလုပ်လုပ်နေ နိုင်ဆဲဖြစ်တဲ့ တစ်စီးတည်းသောကားဖြစ်ပြီး ပျောက်ဆုံးနေတဲ့ ၂၅ နှစ်တာကာလအတွင်း ဒီကားနဲ့ ပတ်သက်တဲ့ သဲလွန်စတွေကိုဘယ်လိုမှ ရှာမတွေ့နိုင်ဘဲ ဖြစ်ခဲ့ရပါတယ်။
ဒီကားကို ၁၉၈၆ ခုနှစ်တုန်းက အမေရိကန် စီးပွားရေးလုပ်ငန်းရှင် အန်တိုနီ ပူဂလီဆီက ပေါင် နှစ်သိန်းနဲ့ ဝယ်ယူခဲ့တာဖြစ်ပြီး လက်ရှိမှာ ဒီကားရဲ့ဈေးကွက်တန်ကြေးက ပေါင် ၁၈ ဒသမ ၂ သန်း ရှိနေပြီလို့ သိရှိရပါတယ်။
ကားတည်ရှိရာနေရာကို သတင်းပေးသူဟာ မင်းသမီး အဲလီဇဘက် ဟာလေရဲ့အသံကို အသုံးပြုပြီး အရှေ့ အလယ်ပိုင်း ဒေသဆီက ကားရောက်ရှိနေတဲ့နေရာကို ပြောခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။ ခရက်ဒစ်
Be the first to comment