ချယ်ရီပက်ဗလစ်နိုင်ငံရဲ့ ရွာလေးတရွာက ကလေးရုပ်ထုလေးတွေရဲ့ နောက်ကွယ်က ဝမ်းနည်းကြေကွဲဖွယ် ဇာတ်လမ်းတစ်ပုဒ်

ချယ်ရီပက်ဗလစ်နိုင်ငံရဲ့ ရွာလေးတရွာက ကလေးရုပ်ထုလေးတွေရဲ့ နောက်ကွယ်က ဝမ်းနည်းကြေကွဲဖွယ် ဇာတ်လမ်းတစ်ပုဒ်

ဥရောပတိုက်က ချယ်ရီပက်ဗလစ် နိုင်ငံရဲ့ အနောက် မြောက်ပိုင်းမှာ ရှိတဲ့ Lidice ဆိုတဲ့ ရွာလေးမှာ ကလေးငယ်(၈၂) ဦးရဲ့ ရုပ်ထုကို တွေ့နိုင်မှာပါ။ အသက်(၂) နှစ်ကနေ ဆယ်ကျော်သက် အရွယ်တွေ အထိ ပါဝင်တဲ့ အဲ့ဒီ ရုပ်ထုတွေမှာ ယောက်ျားလေးရုပ်ထု (၄၀) နှင့် မိန်းကလေးရုပ်ထု (၄၂) ခု ပါဝင်ပါတယ်။

ဒီရုပ်ထုတွေကို ဘာအတွက် ထုလုပ်ထားတာလဲ ဆိုတဲ့အကြောင်းက အတော်ဝမ်းနည်း ကြေကွဲဖွယ် ကောင်းလွန်းနေပါတယ် ။ ဒီရုပ်ထုထဲမှာပါတဲ့ ကလေးငယ်(၈၂) ဦးစလုံးဟာ နာဇီ ဂျာမဏီတွေရဲ့ အဆိပ်ငွေ့နဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရသူတွေ ပါတဲ့။

၁၉၄၂ခုနစ်က သူတို့ကို Lidice ရွာလေးကနေ ဖမ်းခေါ်သွားပြီး ပိုလန်နိုင်ငံကChelmo မြို့မှာရှိတဲ့ နာမည်ကျော် Chelmo Exterminat ion Camp မှာ သတ်ဖြတ် ခံခဲ့ရတာပါ။ ( Chelmo စခန်းဟာနာဇီ ဂျာမဏီတွေရဲ့ အဆိပ်ငွေ့သုံး လူသတ် စခန်းတွေအနက် ပထမဆုံးစခန်းလည်းဖြစ် ပါတယ်။

၁၉၄၂ ခုနစ်မှာ ဘိုဟီးမီးယန်နဲ့ ပိုရာမီယာဒေသတွေရဲ့ အုပ်ချုပ်သူ နာဇီအရာရှိ Keinhard Heydrich လုပ်ကြံခံရအပြီးမှာ ဟစ်တလာက(ထိုစဉ်က) ချက်ကိုဆလိုဗက်ကီးယား ဒေသတွင်းမှာရှိတဲ့ လုပ်ကြံသူကို ဝှက်ထားပေးတယ်လို့ သတင်းရတဲ့ ရွာတွေအားလုံးကို အပြစ်ပေးဖို့ အမိန့်ပေးခဲ့ပါတယ်။

သူ့အမိန့်အရ ဒေသအတွင်းက ရွာတွေအားလုံးမှာရှိတဲ့ အမျိုးသားတွေ အကုန်အသတ်ခံရပြီး အမျိုးသမီးတွေဟာလည်း သုံ့ပန်စခန်းတွေကို အပို့ ခံရပါတယ် ။ဒါ့အပြင် ကလေးငယ် တွေကိုလည်း စုဝေးစေပြီး တချို့အာယန်လူမျိုး(မဟာဂျာမဏီလူမျိုး)ရုပ်ဆင်တူတဲ့ ကလေးတွေဟာ ဂျာမာန် လူမျိုးကြီးဝါဒ သွပ်သွင်းခံရဖို့ ရွေးချယ်ခံရပြီး ကျန်တဲ့ကလေးတွေ အားလုံးကတော့ အသတ်ခံခဲ့ရပါ တယ်။

Lidice ရွာက မိသားစုတစုရဲ့ သားတစ်ယောက်ဟာ နာဇီဂျာမဏီကိုတော်လှန်နေတဲ့ ချက်တော်လှန်ရေး တပ်ထဲမှာ ရှိနေတာကြောင့် နာဇီတွေက Lidice ရွာကို တခြားရွာတွေထက် ပိုပြီးအငြိုးတကြီး ဖျက်ဆီးခဲ့ပါတယ်။

ရွာမှာရှိတဲ့ အရွယ်ရောက်ပြီး အမျိုးသား ၁၇၃ ဦးစလုံး သတ်ဖြတ်ခံခဲ့ရပြီး အမျိုးသမီး ၁၈၄ ဦး ဟာလည်း သုံ့ပန်စခန်းအတွက် ဖမ်းဆီးခံခဲ့ရပါတယ်။ကလေးငယ် ၈၈ဦးထဲက ၆ ဦးကိုရွေးချယ် ခဲ့ပြီး ကျန်တဲ့ ၈၂ ဦးကိုလည်း အဆိပ်ငွေ့နဲ့ သတ်ဖြတ်ခဲ့တာပါ။

အခုတွေ့မြင်နေရတဲ့ ကလေးငယ်တွေရဲ့ ရုပ်ထုတွေကိုတော့ ၁၉၆၉ ခုနစ်မှာ ချက်လူမျိုး ရုပ်ထု ပညာရှင် အမျိုးသမီး Marie Uchvtilova -Kucova ကစတင် ထုလုပ်ခဲ့တာပါ ။ ၁၉၈၉ ခုနစ်မှာ Marie မမျှော်လင့်ဘဲ ကွယ်လွန် သွားခဲ့ပေမဲ့ သူမရဲ့ အမျိုးသားဖြစ်သူ J·V Hamol က ဆက်လက် ထုလုပ်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ် ကျမှသာ ကလေးငယ် ၄၂ ဦးစလုံးရဲ့ ရုပ်ထုအားလုံးကို ထုလုပ်ပြီးစီး ခဲ့တာဖြစ်တယ်လို့ သိရပါတယ် ။ ခရက်ဒစ်

Be the first to comment

Leave a comment

Your email address will not be published.


*