ချဲဒိုင်ကလိမ်သွားလို့ ငွေပြန်ရအောင် ရွှေဆိုင်ကိုဓားပြတိုက်ရာကနေ အဖမ်းခံခဲ့ရတဲ့ ထိုင်းအထက်တန်းကျောင်းသူ

ချဲဒိုင်ကလိမ်သွားလို့ ငွေပြန်ရအောင် ရွှေဆိုင်ကိုဓားပြတိုက်ရာကနေ အဖမ်းခံခဲ့ရတဲ့ ထိုင်းအထက်တန်းကျောင်းသူ

ထိုင်းနိုင်ငံ ၊ ကုန်တိုက်တစ်ခုက ရွှေဆိုင်တစ်ဆိုင်ကို အသက် ၁၇ နှစ် အရွယ် မိန်းကလေးဖြစ်သူ တစ်ဦးက မီးဖိုချောင်သုံးဓားကို အသုံးပြုကာ ဓားပြတိုက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ထိုင်း မီဒီယာတစ်ခုဖြစ်တဲ့ Sanook က ဖော်ပြခဲ့တာဖြစ်ပြီး မြေညီထပ်မှာရှိတဲ့ ရွှေဆိုင် ကို အခုလိုဝင်ပြီးတော့ ဓားပြတိုက် ခဲ့တာဖြစ်ပါတယ်။

စက်တင်ဘာလ ၁၂ ရက်နေ့ ၊ ၃ နာရီခန့်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ကင်းလှည့်တာဝန်ယူပြီး ပြန်လာခဲ့တဲ့ ရဲတပ်ဖွဲ့နဲ့ တည့်တည့်တိုးကာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ် ။ ရွှေဆိုင်ဝန်ထမ်းတွေဟာ ဓားနဲ့ခြိမ်းခြောက်ခံရပြီးနောက်မှာ မိန်းကလေးငယ် ပါလာတဲ့ အိတ်အတွင်း ရွှေတွေကို ထည့်ပေးလိုက်ရပြီး ပြန်လည်ထွက်သွားချိန်မှာတော့ ဓားပြတိုက်ခံရကြောင်း အော်ဟစ် အကူ အညီတောင်းခဲ့ပါတယ်။

ဒီအော်သံကို ကင်းလှည့်ပြန်လာတဲ့ ရဲတပ်ဖွဲ့ဝင်တွေက ကြားခဲ့ရတယ် လို့ဆိုပါတယ် ။ ရဲအရာရှိဖြစ်သူ Nattapon Moalkasem က အော်သံကြားရချိန်မှာ တရားခံက ဘယ်လို လက်နက်ပါလာမလဲ မသိတာကြောင့် သေနတ်ဆွဲထုတ်ကာ အသင့်ပြင်ခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။ တရားခံကို တွေ့ရချိန်မှာတော့ သူဟာ အလျင်အမြန်ပဲ ဖမ်းဆီးနိုင်ခဲ့ပြီး မီးဖိုချောင်သုံးဓားကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဓားပြတိုက်လုယူသွားတဲ့ ရွှေပစ္စည်းအားလုံးကိုလည်း ပြန်လည်ရရှိခဲ့တယ်လို့ သိရပါတယ်။ မိန်းကလေးကို ဖမ်းမိဖို့အတွက် သစ်သီးဝယ်နေ သူတစ်ဦးက ခြေထိုးခံကာ တားဆီးပေးခဲ့ တယ်လို့ သိရပြီး ဘေးနားဝန်းကျင်က ပြည်သူတွေကလည်း ၀ိုင်းဝန်းဖမ်းဆီး ပေးခဲ့ကြကြောင်း ဆိုပါတယ်။ သူမဟာ တီရှပ်၊ အနက်ရောင်ဘောင်းဘီကို ဝတ်ဆင်ထားပြီး ဆံပင်ရှည်တွေကို ဖုံးအုပ်ထားကာအ ဖြူရောင်နှာခေါင်းစည်းတပ်ဆင်ထားတယ်လို့ သိရပါတယ်။

အဖြူရောင်အိတ်ကို ယူဆောင်ခဲ့ပြီး အတွင်းမှာတော့ နောက်ထပ်အိတ်တစ်ခုထည့်လို့ရတဲ့အထိ ကြီးမားကြောင်းလည်း သိရကာ ရာဇဝတ်မှုကျူးလွန်ဖို့ ကြိုတင်ပြင်ဆင်ခဲ့ကြောင်း ထင်ရှားခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေအရ သူမဟာ အထက်တန်းကျောင်းသူတစ်ဦးဖြစ်ပြီး ထိုင်းအရှေ့မြောက်ပိုင်းကဖြစ်ကာ အွန်လိုင်းကတဆင့် ချဲထီရောင်းချခဲ့ပြီး လောဘတက်မိရာကနေ ဒိုင်က လိမ်လည်ခဲ့လို့ ငွေပြန်ရအောင် ဓားပြတိုက်ခဲ့တာလို့ သိရပါတယ်။ ခရက်ဒစ်

Add a Comment

Your email address will not be published. Required fields are marked *