ချစ်ဇနီးလေးနဲ့သန်လျင်မှာ အပန်းဖြေရင်းသူတို့ရဲ့ စီးပွားရေးလုပ်ငန်းသစ်တစ်ခုနဲ့ပါ မိတ်ဆက်ပေးလိုက်တဲ့ ဝေဠုကျော်

ချစ်ဇနီးလေးနဲ့သန်လျင်မှာ အပန်းဖြေရင်းသူတို့ရဲ့ စီးပွားရေးလုပ်ငန်းသစ်တစ်ခုနဲ့ပါ မိတ်ဆက်ပေးလိုက်တဲ့ ဝေဠုကျော်

ပရိသတ်အချစ်တော် မင်းသားကြီး ဝေဠုကျော် ကတော့ တစ်ခေတ်တစ်ချိန်ကတည်းက အနုပညာလောကမှာ ဗီဒီယိုရော ရုပ်ရှင်ဘက်မှာပါ အောင်မြင်ခဲ့ သူဖြစ်ပါတယ်။ ဝေဠုကျော်က သဘာဝကျပီ ပြင်လွန်းတဲ့ သရုပ်ဆောင်ချက်တွေနဲ့ အတူ ဇာတ်ရုပ်တိုင်းကို အသက်ဝင်လာအောင် ဖန်တီးနိုင်စွမ်းရှိ သူလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဝေဠုကျော်က အနုပညာအလုပ်တွေနဲ့ဝေးကွာခဲ့တာ အချိန်အတော်ကြာရှိနေပြီဖြစ်ပြီး ပရဟိတလုပ်ငန်းတွေကိုသာ ဦးစားပေးလုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ဝေဠုကျော်က “ဝေဠုကျော် ဖောင်ဒေးရှင်း” ကိုတည်ထောင်ထားပြီး အများကောင်းကျိုးသယ်ပိုးတဲ့ ပရဟိအလုပ်တွေကို သူကိုယ်တိုင်ဦးစီးလုပ်ကိုင်နေတာဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဝေဠုကျော်ကို အခုချိန်အထိတိုင်အောင် အားပေးချစ်ခင်နေကြဆဲ ဖြစ်ပါတယ်။

မကြာသေးမီက မင်းသားဝေဠုကျော်က သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာထက်မှာ ချစ်ရတဲ့သူလေးနဲ့ လက်ထပ်လိုက်ပြီဆိုတဲ့ အကြောင်းကို ပရိတ်သတ်ကြီးအား ရုတ်တရက်အသိပေးလာခဲ့တာပဲဖြစ်ပါတယ်။ မင်္ဂလာပွဲကိုလည်း ရင်းနှီးချစ်ခင်ရသူတွေနဲ့သာ ကျင်းပခဲ့ပြီး ငယ်ရွယ်ချောမောတဲ့ ချစ်သူလေးရထားတာကြောင့်လည်း ပရိသတ်တွေရဲ့ ပိုမိုစိတ်ဝင်စားမှုကို ခံခဲ့ရသူလည်းဖြစ်ပါတယ်။

ဒီနေ့မှာလည်း မင်းသားဝေဠုကျော်က လက်ထပ်ပြီးကာစ ပူပူနွေးနွေးချစ်ဇနီးလေးနဲ့ သူရဲ့ သန်လျင်မှာရှိတဲ့ ဝေဠုကျော်ရုပ်ရှင်ခြံမှာ အချိန်အတူကုန်ဆုံးခဲ့ပြီး စီးပွားရေးလုပ်ငန်းအတွက် ဘာတွေလုပ်နေတယ်ဆိုတာ ပရိသတ်ကြိးကို အသိပေးလာတာဖြစ်လို့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

“ဝါး”ကိုတွယ်တာ “ဝါး”ကိုမြတ်နိုး “ဝါး”ကိုတန်ဖိုးထား “ဝါး”ကို ချစ်တဲ့သူတွေအတွက် “ဝါးကို ပိုးမထိုးအောင် နှစ်ပေါင်း ဆယ်ချီ အသုံးပြုခံအောင် ဆေးနှင့်ပြုတ်ထားပေါင်းထားတဲ့ ဝါးမျိုးစုံ ဆိုက်စုံကို လိုသလောက်ရောင်းချ‌ပေးနေသည့်အပြင် ဝါးလက်မှု့ပညာ၊ ဝါးအသုံးဆောင်၊ ဝါးပရိဘောဂ နှင့် ဝါးအဆောက်ဦးများကိုပါ ထုတ်လုပ်ခြင်း လိုက်လံဆောက် လုပ်ပေးခြင်းများကို တာဝန်ယူ လုပ်ဆောင်ပေးနေပါတယ်ခင်ဗျာ

ဝေဠုကျော်ရုပ်ရှင်ခြံ သံလျင်မြို့ အောင်ချမ်းသာ ရပ်ကွက် အကျော် ၁၈ ကုန်းကားမှတ်တိုင်အနီး သဲဖြူချောင်းကျေးရွာ။ ဒီနေ့မှာလည်း မင်းသားဝေဠုကျော်က လက်ထပ်ပြီးကာစ ပူပူနွေးနွေး ချစ်ဇနီးလေးနဲ့ သူရဲ့ သန်လျင်မှာရှိတဲ့ ဝေဠုကျော်ရုပ်ရှင်ခြံမှာ အချိန်အတူကုန်ဆုံးခဲ့ပြီး စီးပွားရေးလုပ်ငန်းအတွက် ဘာတွေလုပ်နေတယ်ဆိုတာ ပရိသတ်ကြိးကို အသိပေးလာတာဖြစ်လို့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

crd

Be the first to comment

Leave a comment

Your email address will not be published.


*