ချစ်ရသူနဲ့ရွှေလက်တွဲလိုက်ပြီဖြစ်ကြောင်း ပရိသတ်တွေကိုအသိပေးလာတဲ့ အဆိုတော် မိစန္ဒီ

ချစ်ရသူနဲ့ရွှေလက်တွဲလိုက်ပြီဖြစ်ကြောင်း ပရိသတ်တွေကိုအသိပေးလာတဲ့ အဆိုတော် မိစန္ဒီ

ရေခဲရိုက်အပြုံး ၊ ကျေးကျွန်အစရှိတဲ့ သီချင်းတွေနဲ့ ပရိသတ်တွေ အားပေးမှုအခိုင်အမာရရှိထားတဲ့ တေးသံရှင် မိစန္ဒီက အိမ်ထောင်ပြုလိုက်ပြီးဖြစ်ကြောင်း ပရိသတ်တွေကို တရားဝင်အသိပေးလာခဲ့ပါတယ် ။

မိစန္ဒီက သူ့မရဲ့Facebook စာမျက်နှာမှတဆင့် “ဘဝရဲ့ အကောင်းအဆိုး အချိုးအကွေ့ လောကဓံတွေ တွေ ကြား ရှင်သန်ရုန်းကန်ရင်း ဒီနေ့မှာ အသက် ၃၂ နှစ်ပြည့်ခဲ့ပါပြီ..အသက် ၁၉၊၂၀ သီချင်းစဆိုတဲ့ အချိန်လေးတည်းကနေ အခုအချိန်ထိ ပရိသတ်တွေရှေ့မှာ သီချင်းတွေ ဖန်တီးခွင့်ရပြီး ကြီးပြင်းခွင့်ပေးတာရော..

ချစ်ခြင်းမေတ္တာတွေ အတွက်ရော ပရိတ်သတ် တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူး အများကြီး တင်ပါတယ် ဒီနှစ်မွေးနေ့မှာ မိစန္ဒီ ဘဝရဲ့ အမှတ်တရ အဖြစ်ဆုံး အခိုက်အတန့် လေးတချို့ ကို ပရိတ်သတ်ကြီး ကို ဝေမျှခွင့်ပြုပါရှင့် ၊ ဒီနှစ် မွေးနေ့မှာတော့ အရင်လို မိစန္ဒီ တစ်ယောက်တည်း မဟုတ်တော့ပါဘူးလို့ မမ ဈေးဗန်း သိမ်းလိုက်ပါပြီနော်”ဆိုပြီး ခင်ပွန်းသည်ဖြစ်သူနဲ့ပုံတွေကို မျှ‌ဝေလာခဲ့တာဖြစ်ပါတယ် ။

Zawgyi … ချစ်ရသူနဲ့ရွှေလက်တွဲလိုက်ပြီဖြစ်ကြောင်း ပရိသတ်တွေကိုအသိပေးလာတဲ့ အဆိုတော် မိစန္ဒီ




Be the first to comment

Leave a comment

Your email address will not be published.


*