ချစ်သူများနေ့မှာ ချစ်တင်းနှောမယ့်သူများ နှာခေါင်းစည်းတပ်ကြဖို့ ထိုင်း အစိုးရ တိုက်တွန်း

ချစ်သူများနေ့မှာ ချစ်တင်းနှောမယ့်သူများ နှာခေါင်းစည်းတပ်ကြဖို့ ထိုင်း အစိုးရ တိုက်တွန်း

ချစ်သူများနေ့မှာ ချစ်ခြင်းမေတ္တာ သင်္ကောတတွေ ဖလှယ်ကြမယ့် ထိုင်းနိုင်ငံရှိ ချစ်သူစုံတွဲတွေ အနေနဲ့ ချစ်တင်းနှောတဲ့ အခါမျိုးမှာ နှာခေါင်းစည်းတွေတပ်ကြဖို့ အပါအဝင် ကပ်ရောဂါဆိုင်ရာ ဘေးကင်းလုံခြုံရေး အလေ့အထတွေကို လိုက်နာ စောင့်ထိန်းကြဖို့ ကျန်းမာရေး အာဏာပိုင်တွေကတိုက်တွန်းပါတယ်။

အရှေ့တောင်အာရှရဲ့ ခရီးသွားဗဟိုချက်ဖြစ်တဲ့ ထိုင်းနိုင်ငံမှာ နေ့အလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက် မှုတွေ မြင့်တက်နေပြီး လအစ ပိုင်းမှာ ပိုးကူး စက်သူ ၈၀၀၀ ခန့်ရှိခဲ့ရာကနေ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း နှစ်ဆကျော်နီးပါးအထိ မြင့်တက်လာကြောင်း သိရပါတယ်။

ယခု ဖေဖော်ဝါရီ ၁၄ ရက်ဟာဆိုရင် လူတွေ အကြားထိတွေ့ ဆက်ဆံမှုတွေ ယုတ်ဆွအဆုံး အိပ်ယာပေါ် ကိစ္စတွေတောင် အခြားရက်တွေထက်ပိုများနိုင်တယ်လို့ အသိအမှတ် ထားရပြီး ရောဂါကူးစက်မှု အခြေအနေတွေ ပိုးဆိုးလာမှာကို ကျန်းမာရေး အာဏာပိုင်တွေက စိုးရိမ်နေကြပါတယ်။

ကိုဗစ်-၁၉ ရောဂါဟာ လိင်ကိစ္စကနေ ကူးစက်တာမျိုး မဟုတ်ပေမယ့် အနီးကပ် အသက်ရှုကြခြင်းနဲ့ တံတွေးကနေတဆင့် ကူးစက်ခံရနိုင်တယ်လို့ မျိုးဆက်ပွား ကျန်းမာရေး ဗျူယို ဒါရိုက်တာ Bunyarit Sukrat က AFP ကို ပြောဆိုပါတယ်။

ချစ်ရသူတွေနဲ့ မတွေ့ဆုံခင် ဆေးစစ်မှုတွေ လုပ်ကြခြင်းဖြင့် ကိုယ့်လက်တွဲဖော်တွေဆီ ရောဂါမကူးသွားအောင် ကာကွယ်ကြဖို့ စုံတွဲတွေကို ၎င်းက အကြံပြုခဲ့ပါတယ်။ မျက်နှာချင်းဆိုင်အနေအထားမျိုးနဲ့ ချစ်တင်းနှောတာမျိုးတွေ၊ ရမ္မက်ပြင်းပြင်း အနမ်းပေးတာမျိုးတွေ ရှောင်ကြဖို့နဲ့ မလိုလားအပ်တဲ့ ကိုယ်ဝန်ရသွားစေတာမျိုး မဖြစ်လိုဘူးဆိုရင် သန္ဓေတားဆေးတွေ သုံးကြဖို့လည်း ၎င်းက တိုက်တွန်းခဲ့ပါတယ်။

“ ဖြစ်နိုင်ရင်တော့ လိင်ဆက်ဆံရာမှာ နှာခေါင်းစည်းတပ်ကြတာက ကိုဗစ်ကူး စက်သွားနိုင်တဲ့အန္တရာယ်ကို လျှော့ချနိုင်ပါတယ်”လို့ ဒေါက်တာBunyarit က ပြောခဲ့ပါတယ်။ The Straits Times

Be the first to comment

Leave a comment

Your email address will not be published.


*