ဂျပန်နိုင်ငံမှ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ” သက်ကယ်မိုးရွာ ” မှ ရေဖြန်းပွဲတော်
ကျိုတိုမြို့မြောက်ဘက်ရှိ Miyama တွင် တည်ရှိပြီး Kayabuki no Sato ရွာသည် မြင့်မားသော တောင်တန်းများနှင့် ကြည်လင်သောမြစ်များဖြင့် ဝန်းရံထားသည့် ရိုးရာ သက်ကယ်မိုး အိမ်ငယ်များရှိရာ ရွာငယ်လေး ဖြစ်ပါတယ် ။ အိမ်များကို သက်ကယ်များဖြင့်သာ မိုးထား၍လည်း ” သက်ကယ်မိုးရွာ” ဟုလည်း ခေါ်ကြပါတယ်။ သမိုင်းဝင် UNESCO ကမ္ဘာ့ အမွေအနှစ် နေရာအဖြစ် 1995 တွင် အသိအမှတ် ပြုခဲ့ပါတယ်။
လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုက မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် သမိုင်းဝင် မှတ်တမ်း အဆောက် အအုံများကို ကာကွယ်ရန် တစ်ရွာလုံးကို ရေဖြန်းတဲ့စနစ် တပ်ဆင် ထားပါတယ် ။ ရေပိုက်များကို လည်း စမ်းရင်း တစ်နှစ်နှစ်ကြိမ် မေလနဲ့ဒီဇင်ဘာလမှာ ရေဖြန်းပွဲတော်(Water Hose Festival) ကျင်းပ ကြပါတယ်။
ပွဲတော်သည် ခရီးသွားများကို ဆွဲဆောင်နိုင်ပြီး ရေတွေ ရပ်တန့်သွားတဲ့အခါ ဒေသခံ စားသောက်ဆိုင်တွေ၊ စက်ဘီးစီး လမ်းတွေနဲ့ ရွာမှာရှိတဲ့ ပြတိုက်ငယ်တွေကို သွားရောက် လည်ပတ်နိုင် ပါတယ်။ ခရီးသွားများသည် ပွဲကြီးပွဲကောင်းကြည့်လိုပါက မေလ သို့မဟုတ် ဒီဇင်ဘာလ အတွက် ခရီးစဉ်ကို စီစဉ်သင့်သည်။
ဒါပေမယ့် တခြား အချိန်တွေမှာလည်း ဧည့်သည်များအတွက် 11 ရာစုမှ တောက်လျှောက်သော တောင်များနှင့် ဗိသုကာ လက်ရာများဖြင့် ဝန်းရံထားတဲ့ အေးချမ်းသော အပန်းဖြေ ခရီးကို တွေ့ကြုံ ခံစားနိုင်စေလို့ ဒီရွာကို သွားလည်ဖို့ ထိုက်တန် ပါတယ် ။ Ref : Colossal
Be the first to comment