ဂျပန်မှာ တစ်ရက်တည်းနဲ့ လူပေါင်း ၂ သိန်း ၃ သောင်းကျော် ကိုဗစ်ကူးစက်ခံရ

ဂျပန်မှာ တစ်ရက်တည်းနဲ့ လူပေါင်း ၂ သိန်း ၃ သောင်းကျော် ကိုဗစ်ကူးစက်ခံရ

ဇူလိုင် ၂၈ ရက်နေ့ ကြာသပတေးနေ့က တစ်ရက်တည်းမှာ ဂျပန်နိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက်ဟာဆိုရင် ၂၃၃,၁၀၀ အထိရှိခဲ့ပြီဒြါဟာဂျပန်နိုင်ငံရဲ့ အမြင့်ဆုံးကူးစက်မှု ဒုတိယနေ့အဖြစ် စံချိန်တင်ခဲ့ပါတယ်။

ကိုဗစ်လူနာဦးရေ ဆက်တိုက်တိုးလာနေ အခြေအနေကြောင့် ဆေးရုံတွေရဲ့ လိုက်လျော ညီထွေမှုစွမ်းရည်နဲ့ ပတ်သက်ပြီးတော့ လူထုကြား စိုးရိမ်ပူပန်မှုတွေမြင့်တက်နေပါတယ် ။ ဂျပန်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှု သတ္တမလှိုင်းနဲ့ ရင်ဆိုင်နေရပါတယ် ။ အခုကူးစက်ခံနေရတာက အိုမိုက်ခရွန်မျိုးကွဲBA.5 ဖြစ်ပါတယ်။

ကက်ဘိနက်အတွင်းဝန်ရုံးရဲ့ ပြောကြားချက်အရ ပြည်နယ်ပေါင်း ၁၉ မှာ ဆေးရုံကုတင်လိုအပ်ချက်နဲ့ ပြင်ဆင်လာမှုက ၅၀ ရာခိုင်နှုန်းကျော် ရှိလာပြီးလို့ သိရပါတယ် ။ ဒါဟာ ယခင်တစ်ပတ်ကထက် နှစ်ဆပိုများလာတာပဲ ဖြစ်ပါတယ် ။

မြို့တော်တိုကျိုမှာဆိုရင်လည်း ပထမဆုံးအကြိမ်အဖြစ် လူပေါင်း ၄ သောင်း ကျော် ကူးစက်ခံရတယ်လို့ သိရပါတယ် ။ ဂျပန်နိုင်ငံရဲ့ နေရာတော်တော်များများမှာလည်း ကူးစက်ခံရမှုအရေအတွက်ဟာ စံချိန်တင်တိုးလာပါတယ် ။ တိုကျိုမှာ ကူးစက်ခံရသူ အများစုက အသက် ၂၀ အရွယ် တွေဖြစ်ပြီး ဆာအီ တီမာနဲ့ ချီဘာ စီရင်စုတွေအပြင် ဟိုကိုင်းဒိုးနဲ့ အီချီ တို့မှာ ကြာသပတေးနေ့ က ကူးစက်မှုဟာ စံချိန်တင်များပြားခဲ့ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ် ။

ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းက ထုပ်ပြန်ထားတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းရဲ့ ထုပ်ပြန်ချက်အရ ကမ္ဘာတစ်ဝန်းလုံးမှာ ကူးစက်ခံရသူလူနာအသစ် ၆.၆ သန်းကျော်ရှိလာခဲ့ပြီး ယခင်တစ်ပတ်ကထက် လူပေါင်း ၃ သိန်းခန့်တိုးလာခဲ့တယ်လို့ သိရပါတယ် ။

Be the first to comment

Leave a comment

Your email address will not be published.


*