ငယ်စဉ်ကတည်းက လမ်းမလျှောက်နိုင်တဲ့ (၆) နှစ်အရွယ် ကလေးငယ်ကို လမ်းလျှောက်နိုင်အောင် ကုသပေးနိုင်ခဲ့တဲ့ ထူးခန့်ကျော်
ငယ်စဉ်ကတည်းက လမ်းမလျှောက်နိုင်တဲ့ (၆) နှစ်အရွယ် ကလေးငယ်ကို လမ်းလျှောက်နိုင်အောင် ကုသပေးနိုင်ခဲ့တဲ့ ထူးခန့်ကျော်
ပရိသတ်ကြီးရေ ထူးခန့်ကျော်ကတော့ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားတွေ ထဲမှာ သရုပ်ဆောင် တစ်ယောက်အနေနဲ့ ပါဝင်ခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝ ရရှိထားတဲ့ ဝါရင့် သရုပ်ဆောင် တစ်ယောက်ပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ထူးခန့်ကျော်က (၇)ရက် သားသမီးတွေ ခံစားနေရတဲ့ ဝေဒနာတွေကို သူတတ်တဲ့ ပညာတွေနဲ့ ကုသပေးတဲ့ ဆေးခန်းလေး ဖွင့်လှစ် ထားခဲ့ပါတယ် ။
ဝေဒနာခံစားနေရတဲ့ (၇)ရက်သားသမီးတွေအားလုံးကို လူမျိုးဘာသာမရွေး ကုသပေးနေခဲ့ပြီး မနေ့ကတော့ လမ်းမလျှောက်နိုင်တဲ့ (၆) နှစ်အရွယ်ကလေးတစ်ယောက်ကို လမ်းလျှောက်နိုင်အောင် ကုသပေးနိုင်ခဲ့ပါတယ်တဲ့ ထူးခန့်ကျော်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “အင်မတန်ကိုပဲဝမ်းသာပီတိဖြစ်ခဲ့ရလေသည်။ အသက်(၆)နှစ်ရှိသားငယ်လေးဝေယံအောင်သည် ငယ်စဉ်ကထဲကလမ်းမလျေှက်နိုင်ခဲ့တာ ကလေးအသက်(၆)နှစ်ပြည့်ခဲ့သည်အထိပင်ဖြစ်ပေသည်။
ကျွန်တော်ထံလာရောက်ကုသရင်း အခုတော့သားလေးဝေယံအောင် လမ်းလျှောက်နိုင်သွားလို့ အင်မတန်ဝမ်းသာပီတိဖြစ်ခဲ့ရသလို ကျွန်တော်၏တစ်နေ့တာအမောများပြေပျောက်ခဲ့ရပြီး အခုလို့(၇)ရက်သားသမီးများ၏ခံစားနေရသော ဝေဒနာများအားအခမဲ့ပါရမီဖြည့်ကုသခွင့်ပေးခဲ့ပါသော ရတနာသုံးပါး၏ခြေအစုံသို့ဦးခိုက်ကန်တော့ရင်း အမျိုးများအားလုံးကျန်းမာလို့ချမ်းသာကြပါစေ”လို့ ကုသပေးနိုင်ခဲ့တဲ့ အတွက် သူကိုယ်တိုင်လည်း အင်မတန်ကို ပီတိဖြစ်နေခဲ့ကြောင်း မျှဝေလာခဲ့တာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ။
Zawgyi … ငယ်စဉ်ကတည်းက လမ်းမလျှောက်နိုင်တဲ့ (၆) နှစ်အရွယ် ကလေးငယ်ကို လမ်းလျှောက်နိုင်အောင် ကုသပေးနိုင်ခဲ့တဲ့ ထူးခန့်ကျော်
nnjnmmmn
Be the first to comment
Leave a comment
Your email address will not be published.
*