ငွေရေးကြေးရေး အခက်အခဲမရှိစေဖို့ လိုက်နာလုပ်ဆောင်သင့်တဲ့ အချက်များ

ငွေရေးကြေးရေး အခက်အခဲမရှိစေဖို့ လိုက်နာလုပ်ဆောင်သင့်တဲ့ အချက်များ

အသက်ငယ်တုန်း အချိန်မှာ ငွေကြေးစီမံ ခန့်ခွဲတတ်ဖို့က အရမ်းကို အရေးကြီးပါတယ် ။ ဒါက နောင်အသက်ကြီးလာတဲ့အချိန် ငွေကြေးအခက်အခဲ မဖြစ်စေဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။ လူအများစုဟာ ငွေကြေးစီမံ ခန့််ခွဲမှုအားနည်းတာကြောင့် ငွေကြေး ပြသနာတွေ ဖြစ်လာပါတယ်။ ဒါကြောင့် အချိန်တိုင်း ငွေရေး ကြေးရေး အခက်အခဲ မရှိစေဖို့ ဒီနည်းလမ်းတွေက ကူညီပေးမှာပါ။

အရေးပေါ်ငွေကြေး စုဆောင်းထားပါ

ဖြစ်နိုင်မယ်ဆိုရင် သင်ရဲ့ဝင်ကြေးထဲကနေ နည်းနည်းစီ ချွေတာပြီး အရေးပေါ် ငွေကြေးအဖြစ် စုဆောင်းထားတာပါ။ အနာဂတ်မှာ ဘယ်လို ကိစ္စတွေဖြစ်လာမလဲ ဆိုတာ မသိနိုင်တာဖြစ်လို့ ဒီအရေးပေါ် ငွေက ငွေကြေး အခက်အခဲဖြစ်နေချိန်မှာ သင့်အတွက် အထောက်အကူ ဖြစ်လာနိုင်ပါတယ်။

ဘောနပ်စ်တွေကို မသုံးပစ်ပါနဲ့

လေုပ်ငန်းခွင်မှ ဘနပ်စ်တွေ သို့ တစ်ခုခုကနေ အမြတ်အစွန်းတွေ ရတဲ့အခါတိုင်း ဒီငွေတွေကို လွယ်လွယ် မသုံးပစ်ပါနဲ့ ။ ဒါတွေကို စုဆောင်းထားပြီး နောင်တချိန်မှာ ငွေကြေးကိစ္စ မပူပန် ရစေဖို့ ထိန်းသိမ် းထားပါ။

ရင်းနှီးမြုပ်နှံပါ

စုဆောင်းထားတဲ့ ငွေကြေး အမြောက်အမြား ရှိတဲ့အခါ ရင်းနှီးမြုပ်နှံမှုက သေချာတဲ့ ငွေကြေး တိုးပွါးနည်း ဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်ရင်းနှီး မြုပ်နှံမယ့် လုပ်ငန်း အကြောင်းကိုတော့ သေသေချာချာ နားလည်အောင်လုပ်ပြီး သေချာမှ ရင်းနှီးမြုပ်နှံပါ။

လစဉ် ဝင်ငွေရဲ့ 30% ကိုစုဆောင်းပါ

သင့်ရဲ့ လစဉ်ဝင်ငွေရဲ့ 30% ခန့်ကို ပုံမှန် စုဆောင်းတတ်တဲ့ အကျင့်ကို မွေးမြူပါ ။ ဒါက ငွေစုရခက်တဲ့ သူတွေအတွက် ကောင်းမွန်တဲ့ နည်းလမ်းတစ်ခုဖြစ်သလို ငွေကြေးပြသနာတွေကိုလည်း ဖြေရှင်းနိုင်မယ့် နည်းလမ်းကောင်းဖြစ်ပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*