ငှက်ပျောသီးပုံမှန်စားခြင်းဖြင့် နှလုံးရောဂါဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်

ငှက်ပျောသီးပုံမှန်စားခြင်းဖြင့် နှလုံးရောဂါဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်

ကမ္ဘာတစ်ဝှမ်းက လူတွေစားသုံးမှုနှုန်း အများဆုံးအသီးစာရင်းမှာငှက်ပျောသီးက ထိပ်ဆုံးက ပါဝင်ပါတယ် ။ ငှက်ပျောသီးမှာ ကျန်းမာရေးအတွက် လိုအပ်တဲ့အဟာရဓာတ်များစွာ ပါဝင်နေပြီး မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်၊ မန်းဂိနိစ်၊ အမျှင်ဓာတ်၊ ပရိုတင်း၊ ဗီတာမင် B6 နဲ့ C တို့ ပါဝင်နေတာပါ ။ ငှက်ပျောသီးကို ပုံမှန်စားသုံးပေးခြင်းက သွေးပေါင်ချိန်ကို လျော့ကျစေပါတယ် ။ ဒါ့အပြင်ကင်ဆာရောဂါ ဖြစ်နိုင်ခြေကို လျော့နည်းစေကာ နှလုံးရောဂါ ဖြစ်ပွါးနိုင်ခြေကိုလည်း လျော့ချပေးနိုင်တာ ဖြစ်ပါတယ်။

ငှက်ပျောသီးဟာ ပိုတက်စီယမ်ကြွယ်ဝစွာပါဝင်ပြီ ငှက်ပျောသီး တစ်လုံးမှာ ပိုတက်စီယမ် 455 mg ပါရှိပါတယ် ။ နှလုံးခုန်ခြင်းဟာ ပိုတက်စီယမ်နှင့် အလွန်စပ်ဆက်မှုရှိပါတယ် ။ ငှက်ပျောသီးစားခြင်းဖြင့် နှလုံးဟာ နေ့စဉ် အကြိမ်ရေ 100,000 ခုန်ပြီး ခန္ဓာကိုယ်အတွင်း သွေးများကို ညှစ်ထုတ်ပေးဖို့ ကူညီပေးပါတယ်။

အာရုံကြောတွေနဲ့ ကြွက်သားတွေရဲ့ လုပ်ဆောင်မှုကို ပိုမိုချောမွေ့စေပြီ ကျောက်ကပ်ကို သွေးစစ်ထုတ်ရန် ကူညီပေးပါတယ် ။ ဆဲလ်အတွင်းနဲ့အပြင် အဟာရစီးဆင်းမှုကိုလည်း ထိန်းညှိပေးပြီ ခန္ဓာကိုယ်ရဲ့ အရည်အဆင့်ကို ထိန်းသိမ်းရန် ကူညီပေးတာ ဖြစ်ပါတယ် ။ အသစ်သိရှိထားရတဲ့ သုတေသန ပြုချက်များအရ ဆရာဝန်တွေဟာ ပိုတက်စီယမ်ပမာဏကို စစ်ဆေးခြင်းဖြင့် နှလုံးရောဂါအချို့ကို ကာကွယ်ရန် လူနာတွေကို ကူညီပေးနိုင်တာပါ။

မကြာသေးခင်က ကြွက်တွေကိုစမ်းသတ်ထားတဲ့ လေ့လာမှုတစ်ခုမှာ ပိုတက်စီယမ် စားသုံးမှုနည်းပါးခြင်းနဲ့ သွေးလွှတ်ကြော ကြွက်တက်ခြင်း၊ တင်းမာခြင်းတို့ကြား ဆက်စပ်မှု ရှိတာကို တွေ့ရှိခဲ့ရတာပါ။ ပိုတက်စီယမ် ပိုစားတဲ့ ကြွက် တွေဟာ ပုံမှန်ပိုတက်စီယမ်ကျွေးတဲ့ ကြွက်တွေထက် သွေးလွှတ်ကြောတောင့်တင်းမှု ပိုများကြောင်း သုတေသီတွေက တွေ့ရှိခဲ့ကြတာပါ ။

ပိုတက်စီယမ်ကြွယ်ဝတဲ့ အစားအစာတွေ သွေးကြောတွင်းမှ ကလီစာတွေနဲ့ သွေးကြောတင်းမာမှုကို လျော့ချပေးပါတယ်။ လေ့လာမှုတစ်ခုအရ ငှက်ပျောသီးကိုပုံမှန်စားသုံးခြင်းက နှလုံးရောဂါနဲ့ လေဖြတ်ခြင်းကို ကာကွယ် ပေးနိုင်ကြောင်း အကြံပြု ထားပါတယ်။

ငှက်ပျောသီးတစ်လုံးက နေ့စဉ်လိုအပ်တဲ့ ပိုတက်စီယမ် ပမာဏရဲ့ 10% ခန့်ကို ဖြည့်ပေးနိုင်ပါတယ်။ ပိုတက်စီယမ် စားသုံးမှုနည်းသူတွေဟာ ပိုတက်စီယမ် ပိုစားသုံးသူတွေထက် လေဖြတ်နိုင်ခြေ ပိုများကြောင်း တွေ့ရှိခဲ့ရပြီး ဆားအလွန် အကျွံစားသုံးခြင်းက သွေးပေါင်ချိန်တက်စေပြီး heart attack နဲ့ လေဖြတ်ခြင်း အန္တရာယ်ကို တိုးမြင့်စေနိုင်ပါသည် ။

Be the first to comment

Leave a comment

Your email address will not be published.


*