စစ်ပွဲ မလိုလားကြောင်း ဆန္ဒထုတ်ဖော် လာကြတဲ့ နာမည်ကျော် ဘောလုံးကစားသမားများ

စစ်ပွဲ မလိုလားကြောင်း ဆန္ဒထုတ်ဖော် လာကြတဲ့ နာမည်ကျော် ဘောလုံးကစားသမားများ

ရုရှားနဲ့ ယူကရိန်း စစ်ရေးတင်းမာနေတဲ့ အခြေအနေကို စစ်ကိုမလိုလားတဲ့ ဘောလုံး အားကစားသမားတွေက သူတို့ ဆန္ဒကို ထုတ်ဖော်လာကြပါတယ်။ ဒိုင်နမို မော်စကိုရဲ့ ရုရှားလက်ရွေးစင် တိုက်စစ်မှူး ဆလိုမော့ဗ်ကတော့ ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်စစ် ဆင်နွှဲနေတဲ့ ပူတင်နဲ့ သူ့စစ်တပ်ရဲ့ လုပ်ရပ်တွေကို ဆန့်ကျင်ကြောင်း တရားဝင် ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဆလိုမော့ဗ်က သူ့ရဲ့ အင်စတာဂရမ် အကောင့်မှာ “စစ်ပွဲ အလိုမရှိ” ဆိုတဲ့ စာသားနဲ့အတူ ယူကရိန်းနိုင်ငံ အတွက် ဆုတောင်းပေးတဲ့ Emojiလေး တင်ကာ သူ့ရဲ့ ဆန္ဒကို ထုတ်ဖော် ပြသခဲ့ပါတယ်။ ထို့အတူ နာပိုလီ နဲ့ ဘာစီလိုနာတို့ ယှဉ်ပြိုင်ကစားကြတဲ့ ယရိုပါလိဂ် ပွဲစဉ်တွင်လဲ နှစ်ဘက်အသင်းသားများက Stop War ဆိုတဲ့ စာတန်းပါ ဗီနိုင်းကို ကိုင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဘင်ဖီကာအသင်းမှ ယူကရိန်းလက်ရွေးစင် တိုက်စစ်မှူး ယာရမ်ချု့ခ်သည် အေဂျက်စ်နဲ့ နှစ်ဂိုးစီသရေကျတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အရေးပါတဲ့ချေပဂိုးသွင်းပြီးနောက် နိုင်ငံအမှတ်တံဆိပ်ပါ တီရှပ်ကို ထုတ်ဖော်ပြသကာ မိခင်နိုင်ငံအပေါ် ထောက်ခံအားပေးခဲ့ပါတယ်။ ယာရမ်ချု့ခ်စာ အသင်းဂျာစီကိုချွတ်ကာ အောင်ပွဲခံတဲ့အဲ့ဒီလုပ်ရပ်ကြောင့် အဝါကတ် ပြသခံခဲ့ရပါတယ်။

အိုလံပီယာကို့စ် ၀-၃ အတ္တလန်တာပွဲစဉ်မှာ အတ္တလန်တာ အတွက် ခြေစွမ်းပြ ကစားရင်း သွင်းဂိုး ၂ဂိုး သွင်းပေးနိုင်ခဲ့တဲ့ ယူကရိန်း ကွင်းလယ်တိုက်စစ် ကစားသမား မာလီနော့ဗ်စကီကလည်း ဂိုးသွင်းယူအပြီးမှာ “ယူကရိန်းမြေပေါ်မှာ စစ်ပွဲတွေ မလုပ်ပါနဲ့” (No War In Ukraine) ဆိုတဲ့ စာ သားနဲ့အတူ ဆန္ဒပြခဲ့ပါတယ်။

ရုရှားနဲ့ ယူကရိန်းပြည်သူတိုင်းတင်မကပဲ တစ်ကမ္ဘာလုံးကပြည်သူတွေက စစ်ပွဲကို လိုလားကြတာ မဟုတ်တဲ့အတွက် ကမ္ဘာပေါ်မှာ စစ်ပွဲတွေ အမြန်ဆုံး ချုပ်ငြိမ်းပါစေလို့လည် အဆိုပါကစားသမားတွေက ပြောဆိုထားပါတယ်။ crd ; AKonThi

Be the first to comment

Leave a comment

Your email address will not be published.


*