စာသင်ချိန်ငါးလနဲ့ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုဖို့ စစ်ကောင်စီက အချိန်စာရင်းထုတ်ပြန်

စာသင်ချိန်ငါးလနဲ့ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုဖို့ စစ်ကောင်စီက အချိန်စာရင်းထုတ်ပြန်

စစ်ကောင်စီ လက်အောက်ခံ ပညာရေး ဝန်ကြီးဌာနရဲ့ မြန်မာနိုင်ငံ စာစစ်ဦးစီး ဌာနက‌နေ တက္ကသိုလ်ဝင် စာမေးပွဲ အချိန်စာရင်းကို ဒီကနေ့ရက်စွဲနဲ့ စစ်အုပ်စုရဲ့ ဝါဒဖြန့် သတင်းစာကနေ ကြေညာ လိုက်ပါတယ်။

အ‌ခြေခံပညာကျောင်းတွေကို COVID-19 ကပ်ရောဂါနဲ့ နိုင်ငံရေး အခြေအနေတွေကြောင့် ကာလရှည်ကြာ ပိတ်ထားရာကနေ နိုဝင်ဘာ ၁ ရက်နေ့ ကစပြီး ပြန်လည် ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ တက္ကသိုလ်ဝင် စာမေးပွဲကိုတော့ မတ်လရဲ့ နောက်ဆုံးနေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့အတွက် ကျောင်းသား/သူတွေရဲ့ စာသင်ချိန်ကာလ ၅ လသာရှိပါတယ်။

စစ်ကောင်စီထုတ်ပြန်တဲ့ တက္ကသိုလ် ဝင်စာမေးပွဲ အချိန်စာရင်းတွေ ကတော့ မတ်လ ၃၁ ရက် ကနေစပြီး ဧပြီလ ၉ ရက်နေ့အထိ ဖြေဆိုချိန် နံနက် ၉ နာရီကနေ နေ့လည် ၁၂ နာရီအထိ စီစဉ်ထား တာဖြစ်ပါတယ်။

ဧပြီ ၃၁ ရက်နေ့မှာ မြန်မာစာ ၊ မတ် ၁ ရက်နေ့မှာ အင်္ဂလိပ်စာ၊ ၂ ရက်နေ့ မှာ သင်္ချာ၊ ၄ ရက်နေ့မှာ ဓာတုဗေဒ၊ ၅ ရက်နေ့မှာ ရူပဗေဒ၊ ၆ ရက်နေ့မှာ ဇီဝ‌ဗေဒနဲ့ ဘောဂဗေဒ ၊ ၇ ရက်နေ့မှာ ပထဝီဝင်၊ ၈ ရက်နေ့မှာ သမိုင်းဘာသာရပ်နဲ့ ၉ ရက်နေ့မှာ စိတ်ကြိုက်မြန်မာစာ တို့ ဖြစ်ကြပါတယ်။

စစ်ကောင်စီ လက်အောက်မှာ ပညာမသင်ကြားလိုတဲ့ ကျောင်းသား၊ကျောင်းသူတွေလည်းရှိနေပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှု CDMဆရာ၊ဆရာမတွေ အများကြီးရှိတဲ့အတွက် သင်ကြားရေးမှာ ဆရာ၊ဆရာမ မလုံလောက်တဲ့ပြဿနာတွေလည်း ရှိနေပါတယ်။မွန်ပြည်နယ်မှာတော့ အခြေခံပညာကျောင်းပေါင်း ၁၅၀၀ ကျော်ရှိပြီး နှစ်စဉ် ကျောင်းသား၊ကျောင်းသူ နှစ်သိန်းနီးပါး တက်ရောက်ပညာသင်ကြားနေကြပါတယ် ။ Crd

Be the first to comment

Leave a comment

Your email address will not be published.


*