စိုင်းထီးဆိုင် ရေးသားခဲ့တဲ့သီချင်းများကို ခွင့်မတောင်းဘဲ အသုံးပြုသီဆိုပါက တရားဥပဒေအရ အရေးယူမည် သမီးဖြစ်သူပြော
ဖခင်ဖြစ်သူ စိုင်းထီးဆိုင် ရေးသားခဲ့တဲ့ သီချင်းများကို ခွင့်မတောင်းဘဲ အသုံးပြု သီဆိုပါက တရားဥပ ဒေအရ အရေးယူမည်လို့ သမီးဖြစ်သူ ဆိုင်စံက လူမူကွန်ယက်မှာ ရေးသားထားပါတယ်။
” ကျမရဲ့အဖေ တေးသံရှင် စိုင်းထီးဆိုင် ရေးသားခဲ့သော တေးသီချင်းများကို cover song အနေ ဖြင့် သီဆိုခွင့်ပြုမှာ မဟုတ်ပါကြောင်း
( ပရိတ်သတ်များမှ အပျော်သဘော ဂစ်တာဖြင့်ဖြစ်စေ piano ဖြင့်ဖြစ်စေ ကိုယ်တိုင်တီးဆိုပြီး facebook တင်ခြင်းမှလွဲ၍ ခွင့်မပြုပါ )
Studioတွင် တီးခတ်အသံသွင်း MV, Lyric Video များပြုလုပ်ပြီး Facebook , You Tube,နှင့် အခြား social mediaများတွင် ခွင့်မတောင်းပဲ အသုံးပြုသီဆိုခွင့် တင်ခွင့်မရှိပါဘူး
တင်ထားပြီးသားရှိနေခဲ့ရင်လဲ ပြန်လည်ဖြုတ်ချပေးပါရှင် ဆက်လက်တွေ့ရှိ နေရမယ် ဆိုရင် တရားဥပဒေအရ အရေးယူမှာ ဖြစ်ပါတယ်
တေးသံရှင် စိုင်းထီးဆိုင်မိသားစု
မှတ်ချက်။ ။ အဖေရေးထားသော သီချင်းများကိုသာ သီးသန့်ရည်ရွယ်ခြင်းဖြစ်ပါသည် ဆရာစိုင်းခမ်းလိတ်နှင့် အခြားတေးရေးဆရာများရေးသားသောသီချင်းများကို ရည်ရွယ်ခြင်း မဟုတ်ပါ”လို့ စိုင်းထီးဆိုင်ရဲ့ သမီးဖြစ်သူ ဆိုင်စံက သူမရဲ့ လူမှုကွန်ရက်တွင် ရေးသားထားပါတယ်။
Be the first to comment