ဆန်းပြားထူးခြားတဲ့ ခေါက်ဆွဲလက်ရာ ဒီဇိုင်းတွေကြောင့် နာမည်ကြီးလာခဲ့တဲ့ စားဖိုမှူး

ဆန်းပြားထူးခြားတဲ့ ခေါက်ဆွဲလက်ရာ ဒီဇိုင်းတွေကြောင့် နာမည်ကြီးလာခဲ့တဲ့ စားဖိုမှူး

လူတော်တော်များများ ကြိုက်နှစ်သက်ကြတဲ့ ခေါက်ဆွဲက နူးညံပြီး အရသာ ရှိလှတဲ့ အစားအစာ တစ်မျိုးဖြစ်ပါတယ် ။ ဒါပေမယ့် အနုပညာ လက်ရာနဲ့ဖန်တီးထားတဲ့ ခေါက်ဆွဲမျိုးကိုတော့ သင်စားဖူးမယ် မထင်ပါဘူး။

စားဖိုမှူး David Rivillo ပြုလုပ် ထားတဲ့ ခေါက်ဆွဲတွေဟာ အရမ်းကို ထူးခြားလှပပြီး ဒီလိုထူးခြားတဲ့ လက်ရာတွေကြောင့် သူ့ရဲ့ အင်စတာဂရမ်ပေါ်တွင် followers 40K နီးပါး ရရှိ ထားတာပါ။

“ ကျွန်တော် တစ်သက်လုံး ခေါက်ဆွဲစားဖူးပေမယ့် Proto Alegre မှာ ကျွန်တော့်ရဲ့ ပရော်ဖက်ရှင်နယ် အလုပ်ကို စတင်ခဲ့တဲ့ 2016 ခုနှစ်မှာ လတ်ဆတ်တဲ့ ခေါက်ဆွဲနဲ့ အလုပ် စတ င်ခဲ့ပါတယ် ” လို့ David Rivillo က ပြောကြား ခဲ့ပါတယ်။

“အဲဒီအချိန်ကစပြီး ကျွန်တော့်ရဲ့ပထမဆုံး ခေါက်ဆွဲပြုလုပ်စက်ကိုရခဲ့ပြီး စူပါမားကတ်ကနေ ခေါက်ဆွဲကိုဘယ်တော့မှ မဝယ်ခဲ့ပါဘူး” လို့ ဆိုပါတယ်။ ခေါက်ဆွဲဘုရင်လို့ခေါ်ရလောက်အောင် သူ့ရဲ့လက်ရာတွေက တကယ့်ကိုအံ့သြစရာကောင်းနေခဲ့တာပါ။

“ အားလုံး 2019 မှာ စတင် ခဲ့တယ် Carlos Cruz Diez ကို ဂုဏ်ပြုတဲ့ ပထမဆုံး ဒီဇိုင်းကို ပထမဆုံးလုပ်တုန်းက ခေါက်ဆွဲ အရောင် တွေကို စမ်းသပ်ပြီးပါပြီ သူက ကျွန်တော့် အကြိုက်ဆုံး အနုပညာရှင် ဖြစ်ပြီး မကြာသေးခင်ကမှ ဆုံးပါးသွားခဲ့ပါတယ် ။

ဗင်နီဇွဲလား နိုင်ငံသားအားလုံးအတွက် ကိုယ်စားပြု အနုပညာ လက်ရာတစ်ခုဖြစ်တဲ့ Simón Bolívar International Airport အတွက် သူဖန်တီးခဲ့တဲ့ အနုပညာလက်ရာCromointerferencia de colour aditivo ကို ဖန်တီးနိုင်ခဲ့ပါတယ် ။

အဲဒီကတည်းက ကျွန်တော့်စိတ်က ဒါကိုမတူညီတဲ့ ဒီဇိုင်းနဲ့ပုံစံတွေ ဘယ်လိုရနိုင်မလဲဆိုတာကို စဉ်းစားတာ ဘယ်တော့မှ မရပ်တန့်ခဲ့ဘူး” ဟု David က ပြောကြားခဲ့ပါတယ်။

သူ့ရဲ့ စိတ်ကူးစိတ်သန်းတွေကို မေးမြန်းတဲ့ အခါမှာတော့ David က “ ကျွန်တော့်ရဲ့ စိတ်ကူးစိတ်သန်းတွေက နေရာတိုင်းကနေ လာပါတယ် သဘာဝ၊ အနုပညာ လက်ရာ၊ ဗိသုကာပညာ၊ အထည်အလိပ်နဲ့ ဖက်ရှင် ဒီဇိုင်းတွေဆီကနေပါ ခေါက်ဆွဲကို စိတ်ဝင်စားဖို့ကောင်းတဲ့ ဒီဇိုင်းမျိုးဖန်တီးဖို့ အမြဲတွေးနေတယ် ။

2019 ခုနှစ် ကပ်ရောဂါ မဖြစ်ခင်မှာ ကျွန်တော့် အတွက် စိတ်ကူးစိတ်သန်းတစ် ချို့ရှိခဲ့ပြီး နည်းနည်းပါးပါး လုပ်ဖြစ်ခဲ့ပေမယ့် ကျွန်တော့်ရဲ့အလုပ်ကြောင့် အဲဒီစိတ်ကူး အားလုံးကို လုပ်ဖို့အချိန် မရှိခဲ့ပါဘူး lockdown ကာလမှာတော့ အရာအားလုံး ပြိုပျက်ခဲ့ပါတယ်” ဟု ပြောပြခဲ့ပါတယ်။

“ ခေါက်ဆွဲဒီဆိုင်းတွေ သို့ ရောင်စုံခေါက်ဆွဲတွေ အကြောင်း လေ့လာနိုင်ဖို့အတွက် အချက်အလက်တွေ သင်တန်းတွေ မရှိပါဘူး ဒါကြောင့် မချက်ပြုတ်ခင်မှာ ဒီဇိုင်းရဲ့အရောင်တွေ ပိုမိုကောင်းမွန်ပြီး ကွဲပြားတဲ့ ဒီဇိုင်းတွေ ဖန်တီးချင်တယ်ဆိုရင်တော့ သုတေသန လုပ်ရမယ်ဆိုတာ ကျွန်တော်သိခဲ့ပါတယ် ။

ဒါကြောင့် အခုရနေတဲ့ အရည်အသွေးကို ရဖို့အတွက် ခေါက်ဆွဲမှာပါတဲ့ ပါဝင်ပစ္စည်းတိုင်းရဲ့ နောက်ကွယ်က သိပ္ပံပညာကို လေ့လာခဲ့ပါတယ်”လို့ David က သူ့လေ့လာသ င်ယူခဲ့မှုကို ပြောပြခဲ့တာပါ။

“ ဓာတုဗေဒနဲ့ အစားအသောက် သိပ္ပံကို လေ့လာခဲ့တဲ့ သုတေသနစွမ်းရည်က လုပ်ငန်းစဉ် တစ်လျှောက်လုံး ကျွန်တော့်ကို ကူညီပေးခဲ့ ပါတယ် သူတို့အားလုံးဟာ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုမှာ အရေးပါပါတယ် ” လို့ သူ့ရဲ့ခေါက်ဆွဲဒီဇိုင်း ဖန်တီးမှုတွေအကြောင်း ဝေမျှပေးခဲ့တာ ဖြစ်ပါတယ်။ ခရက်ဒစ် ; SHWEMOM

Be the first to comment

Leave a comment

Your email address will not be published.


*