ဆိုင်စဖွင့်ချိန်ကနေ ယနေ့အထိ နှစ်ပေါင်း ၃၀ကျော် ခေါက်ဆွဲတစ်ပွဲကို ၃ဘတ်( မြန်မာငွေ ၁၅၀ ကျပ် )နဲ့သာ ရောင်းပေးနေသည့် စားသောက်ဆိုင်ပိုင်ရှင်

ဆိုင်စဖွင့်ချိန်ကနေ ယနေ့အထိ နှစ်ပေါင်း ၃၀ကျော် ခေါက်ဆွဲတစ်ပွဲကို ၃ဘတ်( မြန်မာငွေ ၁၅၀ ကျပ် )နဲ့သာ ရောင်းပေးနေသည့် စားသောက်ဆိုင်ပိုင်ရှင်

ချင်းမိုင်က စားသောက်ဆိုင် ၁ ခုဟာ ကုန်ဈေးနှုန်း ကြီးမြင့်နေပေမယ့် ၃ ဘတ်နဲ့ ခေါက်ဆွဲ ဆက်ရောင်းမယ်လို့ ပြောပါတယ်။

ဆိုင် ပိုင်ရှင် Thawat Pirata က ၃၄ နှစ်အတွင်း ခေါက်ဆွဲ ဈေးနှုန်းကို မတိုးမြှင့်ခဲ့သလို ရှေ့လျှောက် လည်း တိုးဖို့ အစီအစဉ် မရှိဘူးလို့ ပြောပါတယ်။ ၃ ဘတ်ဟာ မြန်မာငွေနဲ့တွက်ရင် ၁၅၀ ပဲရှိတဲ့အတွက် ဈေးအရမ်း သက်သာတယ်လို့ ပြောနိုင်ပါတယ်။

အသက် ၆၄ နှစ်အရွယ် ပိုင်ရှင်ရဲ့ စားသောက်ဆိုင် အမည်က Kway Teow Sam Baht သို့မဟုတ် 3 Baht Noodles ဖြစ်ပြီး ပါဝင်ပစ္စည်းတွေရဲ့ ကုန်ကျစားရိတ် ကြီးမားလာတာကြောင့် သိပ်မကြာခင်ကစကာ အမြတ်ငွေ ၃၀ ရာခိုင်နှုန်း ဆုံးရှုံးခဲ့ပါတယ်။

ပါဝင်ပစ္စည်းတွေရဲ့ ဈေးနှုန်းဟာ ၂ ဆခုန်တက်ခဲ့ပေမယ့် Thawat က အခုလို ခက်ခဲကြပ်တည်းနေတဲ့ ကာလမှာ ရုန်းကန်နေရတဲ့ လူတွေကို ကူညီချင်တဲ့အတွက် ခေါက်ဆွဲကို ၃ ဘတ်နဲ့ ဆက်ရောင်းမယ်လို့ ပြောပါတယ်။

၃ ဘတ်ပဲရှိတဲ့အတွက် Thawat ရဲ့ ခေါက်ဆွဲဟာ 7 Eleven က ရောင်းတဲ့ ၆ ဘတ်တန် မာမား ခေါက်ဆွဲထက်တောင် ဈေးပိုသက်သာနေပါတယ်။ မာမား ခေါက်ဆွဲကို ၂၀၁၄ ခုနှစ် ကတည်းက ဈေးနှုန်းချိုသာစွာ ၆ ဘတ်နဲ့ ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။ Ref : ဘန်ကောက်လမ်းညွန်ကိုစိုင်း

Be the first to comment

Leave a comment

Your email address will not be published.


*