ဆီးနှင်းထူထပ်စွာကျဆင်းမှုကြောင့် ဂျပန်လေကြောင်းခရီးစဉ် ၁၀၀ ကျော် ဖျက်သိမ်းလိုက်ရ
ဂျပန်နိုင်ငံ မြောက်ပိုင်းနဲ့ အနောက်ပိုင်း ဒေသတွေမှာ ဆီးနှင်း ထူထပ်စွာ ကျဆင်းခဲ့မှုကြောင့် တနင်္ဂနွေနေ့ ( ဒီဇင်ဘာ ၂၆ ) က လေကြောင်းခရီးစဉ် ၁၀၀ ကျော် ဖျက်သိမ်း လိုက်ရတယ်လို့ နိုင်ငံရဲ့ အကြီးဆုံး လေကြောင်းလိုင်းနှစ်ခုက ပြောဆို ပါတယ်။
မွန်းလွဲ ၁ နာရီမှာ ANA Holdings ကုမ္ပဏီက ခရီးသည် ၅၁၀၀ ခန့်ကို သက်ရောက်စေမယ့် လေယာဉ်ခရီးစဉ် ၇၇ ခုကို ရပ်ဆိုင်းလိုက်ရကြောင်း ကုမ္ပဏီရဲ့ အော်ပရေးရှင်း ဒါရိုက်တာ ယူတာကာ ကီတာဟာရာက ပြောဆိုပါတယ်။
“ ဂျပန် အရှေ့မြောက် ပိုင်းမှာ ရာသီဥတု အခြေအနေက မတည်ငြိမ်သေးပါဘူး၊ နောက်ထပ် ခရီးစဉ် ဖျက်သိမ်းရ တာမျိုးတွေ ဖြစ်လာနိုင်ပါ တယ်” လို့ ကီတာဟာရာက ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် Japan Airlines ကုမ္ပဏီ ကလည်း ခရီးသည် ၁၈၁၀ ဦးအပေါ် သက်ရောက်စေမယ့် လေကြောင်းခရီးစဉ် ၃၅ ခုကို မနက် ၁၀ နာရီမှာ ဖျက်သိမ်းလို က်တယ်လို့ အဆိုပါ လေကြောင်းလိုင်းရဲ့ အော်ပရေးရှင်းပိုင်းဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောဆိုပါတယ်။
ကမ္ဘာ တစ်ဝန်းမှာတော့ ကိုရိုနာ ဗိုင်းရပ်စ် မျိုးကွဲ ပိုးသစ် အိုမီခရွန် အလျင်အမြန် ကူးစက် ပျံ့နှံ့နေ မှုကြောင့် ခရစ္စမတ် ရက် သတ္တပတ်မှာ လေယာဉ်ခရီးစဉ် ထောင်နဲ့ချီ ဖျက်သိမ်း လိုက်ရကြောင်း သိရပါတယ်။ CNA
Be the first to comment