ဆေးခြောက်နဲ့ လုပ်ထားတဲ့ ရေခဲမုန့်တွေကို ထိုင်းမှာ စတင်ရောင်းချ

ဆေးခြောက်နဲ့ လုပ်ထားတဲ့ ရေခဲမုန့်တွေကို ထိုင်းမှာ စတင်ရောင်းချ

ထိုင်းနိုင်ငံမှာ ဆေးရွက်ကြီးနဲ့ ဆေးခြောက်တို့ကို တရားမဝင်ဆေးဝါးစာရင်းကနေ ဖယ်ရှားပြီးတဲ့နောက် ဆေးခြောက်နဲ့ Kratom အရွက်တို့နဲ့ လုပ်ထားတဲ့ ရေခဲမုန့်တွေ တွေဟာ ဈေးကွက်ထဲဝင်လာတဲ့ အစားအသောက် ထုတ်ကုန်အသစ် ဖြစ်လာခဲ့ပါတယ်။

Phathalung ပြည်နယ် Muang ခရိုင် Khru Wat Farm အဖွဲ့အစည်းကနေ ပါဝင်ပစ္စည်း ဆေးခြောက်နဲ့ Kratom အရွက်တို့နဲ့ လုပ်ထားတဲ့ ရေခဲမုန့်တွေကို ဖန်တီးထုတ်လုပ်ခဲ့တယ်လို့ သိရပါတယ်။

Songkhla ပြည်နယ် Prince Of Songkla University မှာ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ Kratom အရောင်းပြပွဲမှာ ပြည်တွင်းလုပ်ငန်းက ဆေးခြောက် ရေခဲမုန့်နဲ့ Kratom ရေခဲမုန့်တွေကို တစ်ခွက်လျှင် ဘတ် ၄၀ နဲ့ ကတော့တစ်ခုလျှင် ဘတ် ၂၀ နဲ့ ရောင်းချခဲ့တယ်လို့ သိရပါတယ်။

ရေခဲမုန့်တွေရောင်းချခဲ့တာနဲ့ပတ်သက်ပြီးတော့ စားသုံးသူတွေဆီက မျှော်လင့်ထားတာထက်ကို ပိုပြီးကောင်းမွန်တဲ့ တုန့်ပြန်မှုတွေရခဲ့ကြောင်း လုပ်ငန်းပိုင်ရှင် Patthawan Pleng-arun က ပြောကြားခဲ့ပါတယ်။

အရောင်းပြခန်းကို လာရောက်တဲ့ တရားရေးဝန်ကြီး Somsak Thepsutin က သာမန်ရေခဲမုန့်ထက် အရသာပိုကောင်းပြီး ကြိုက်နှစ်သက်တယ်လို့ မှတ်ချက်ပေးပြောကြားခဲ့ပါတယ် ။ crd

Zawgyi … ေဆးေျခာက္နဲ႔ လုပ္ထားတဲ့ ေရခဲမုန႔္ေတြကို ထိုင္းမွာ စတင္ေရာင္းခ်

ထိုင္းနိုင္ငံမွာ ေဆးရြက္ႀကီးနဲ႔ ေဆးေျခာက္တို့ကို တရားမဝင္ေဆးဝါးစာရင္းကေန ဖယ္ရွားၿပီးတဲ့ေနာက္ ေဆးေျခာက္နဲ႔ Kratom အရြက္တို့နဲ႔ လုပ္ထားတဲ့ ေရခဲမုန႔္ေတြ ေတြဟာ ေဈးကြက္ထဲဝင္လာတဲ့ အစားအေသာက္ ထုတ္ကုန္အသစ္ ျဖစ္လာခဲ့ပါတယ္။

Phathalung ျပည္နယ္ Muang ခရိုင္ Khru Wat Farm အဖြဲ႕အစည္းကေန ပါဝင္ပစၥည္း ေဆးေျခာက္နဲ႔ Kratom အရြက္တို့နဲ႔ လုပ္ထားတဲ့ ေရခဲမုန႔္ေတြကို ဖန္တီးထုတ္လုပ္ခဲ့တယ္လို့ သိရပါတယ္။

Songkhla ျပည္နယ္ Prince Of Songkla University မွာ မၾကာေသးမီက ျပဳလုပ္ခဲ့တဲ့ Kratom အေရာင္းျပပြဲမွာ ျပည္တြင္းလုပ္ငန္းက ေဆးေျခာက္ ေရခဲမုန႔္နဲ႔ Kratom ေရခဲမုန႔္ေတြကို တစ္ခြက္လၽွင္ ဘတ္ ၄၀ နဲ႔ ကေတာ့တစ္ခုလၽွင္ ဘတ္ ၂၀ နဲ႔ ေရာင္းခ်ခဲ့တယ္လို့ သိရပါတယ္။

ေရခဲမုန႔္ေတြေရာင္းခ်ခဲ့တာနဲ႔ပတ္သက္ၿပီးေတာ့ စားသုံးသူေတြဆီက ေမၽွာ္လင့္ထားတာထက္ကို ပိုၿပီးေကာင္းမြန္တဲ့ တုန႔္ျပန္မွုေတြရခဲ့ေၾကာင္း လုပ္ငန္းပိုင္ရွင္ Patthawan Pleng-arun က ေျပာၾကားခဲ့ပါတယ္။

အေရာင္းျပခန္းကို လာေရာက္တဲ့ တရားေရးဝန္ႀကီး Somsak Thepsutin က သာမန္ေရခဲမုန႔္ထက္ အရသာပိုေကာင္းၿပီး ႀကိဳက္ႏွစ္သက္တယ္လို့ မွတ္ခ်က္ေပးေျပာၾကားခဲ့ပါတယ္ ။ crd

Be the first to comment

Leave a comment

Your email address will not be published.


*