ဆြဲခ်င္ရာ ေလၽွာက္ဆြဲတတ္တဲ့ ဝါသနာေၾကာင့္ စားေသာက္ဆိုင္ႀကီးတစ္ခုမွာ အလုပ္ရသြားတဲ့ ၉ႏွစ္သား ကေလးငယ္

ဆြဲခ်င္ရာ ေလၽွာက္ဆြဲတတ္တဲ့ ဝါသနာေၾကာင့္ စားေသာက္ဆိုင္ႀကီးတစ္ခုမွာ အလုပ္ရသြားတဲ့ ၉ႏွစ္သား ကေလးငယ္

ကေလးေတြ မွာ ထူးျခားတဲ့ ပင္ကိုယ္ဝါသနာေလးေတြ ပါလာတတ္ၾကပါတယ္။ ဒီလိုဝါသနာေလးေတြကို ဂ႐ုစိုက္ၿပီး ျပဳစုပ်ိဳးေထာင္ေပးတဲ့အခါ အဲဒီကေလးဟာ ထူးခၽြန္တဲ့ ကေလးတစ္ေယာက္ ျဖစ္လာပါတယ္။

အခုလည္း အဂၤလန္နိုင္ငံက Joe Whale ဆိုတဲ့ ၉ႏွစ္သား ေကာင္ေလးမွာ ဝါသနာတစ္ခုရွိပါတယ္။ အဲဒါကေတာ့ အခ်ိန္ရတိုင္း စာအုပ္ေတြ နံရံေတြမွာ သူ႔စိတ္ထဲေပၚလာတဲ့အတိုင္း ပုံေတြေလၽွာက္ျခစ္ေနတတ္တာပါ။

ဒါကို သူ႔ရဲ့မိဘေတြက “ဒီကေလး သူမ်ားေတြလို ပုံဆြဲတာလဲ မဟုတ္ပဲ ျခစ္ခ်င္ရာေလၽွာက္ျခစ္ေနတယ္ ေနာက္အဲလိုလုပ္ရင္ အရိုက္ခံရမယ္” ဆိုၿပီး မဆူခဲ့ပဲ သားျဖစ္သူရဲ့ ဝါသနာကို အားေပးခဲ့ပါတယ္။ ဒါေၾကာင့္လည္း ကေလးဟာ အားၿပီဆိုတာနဲ႔ သူ႔ဝါသနာအတိုင္း လြတ္လြတ္လပ္လပ္ ျခစ္ခ်င္ရာ ေလၽွာက္ျခစ္ပါေတာ့တယ္။

ဒီလိုစိတ္ကူးထဲရွိသလို ေလၽွာက္ျခစ္တာကို doodle art လို့ေခၚၿပီး ေသခ်ာၾကည့္ရင္ ဆြဲထားတာေတြဟာ ေသေ သပ္သပ္ေလးရွိေနတာကို ျမင္ရမွာပါ။

သူဆြဲခ်င္ရာ ဆြဲထားတာကို ေက်ာင္းကဆရာတစ္ေယာက္က ေတြ႕ သြားတဲ့အခါ သေဘာက်သြားၿပီး ဓာတ္ပုံရိုက္ကာInstargram မွာ တင္လိုက္ပါတယ္။ အြန္လိုင္းေပၚက လူေပါင္းမ်ားစြာဟာ ကေလးရဲ့ ဝါသနာကို ခ်ီးက်ဴးခဲ့ၾကပါတယ္။

သူတို့ထဲမွာ Shrewsbury ၿမိဳ့ No . 4 စားေသာက္ဆိုင္ႀကီးက ဝန္ထမ္းတစ္ေယာက္လည္း ပါဝင္ခဲ့ပါတယ္။မၾကာမီမွာပဲ No. 4 စားေသာက္ဆိုင္က သူတို့ရဲ့ ပင္မစားေသာက္ခန္းမ နံရံမွာ စိတ္တိုင္းက်သလို ပုံေတြေရးဆြဲေပးဖို့ Joe Whale ကို ဆက္သြယ္လာခဲ့ပါတယ္။ အခုဆိုရင္ေတာ့ ေက်ာင္းဆင္းခ်ိန္တိုင္းမွာ Joe ရဲ့ အေဖဟာ သားျဖစ္သူကို ပုံဆြဲေပးဖို့အတြက္ စားေသာက္ဆိုင္ဆီ ပုံမွန္ပို့ေပးခဲ့ရပါတယ္။

စားေသာက္ဆိုင္ရဲ့ နံရံမွာ သူ ၁၂ နာရီၾကာ ေရးျခစ္ထားတာေတြကို ဆိုင္ကလည္း အလြန္သေဘာက်ခဲ့ၿပီး အဲဒီပုံေတြကို အြန္လိုင္းေပၚမွာတင္ခဲ့ရာ လူေပါင္း ၁ သန္းခြဲခန႔္ ႀကည့္ရွု့ခဲ့တဲ့အထိ စိတ္ဝင္စားခဲ့ၾကပါတယ္။

အခုဆိုရင္ေတာ့ Joe ကို Doodle Boyလို့ ေခၚၾကၿပီး မီဒီယာ ေတြထက္မွာ နာမည္ႀကီးေနပါၿပီ။ ဒါအျပင္ သူ႔ရဲ့ေရးဆြဲမွုကိုႏွစ္သက္တာေၾကာင့္ အလုပ္လုပ္ေပးဖို့ ထပ္မံကမ္းလွမ္းျခင္းကိုလည္း ခံရပါတယ္။

Joe ရဲ့ ဖခင္ျဖစ္သူ Greg ကေတာ့ သားျဖစ္သူကို အသက္ငယ္ငယ္မွာတင္ သူဝါသနာပါတဲ့အလုပ္ကို ကၽြမ္းက်င္သူအျဖစ္ လုပ္ကိုင္နိုင္ျခင္းအတြက္ အလြန္ ဂုဏ္ယူေန သလို ဆက္လက္ၿပီးေတာ့လည္း ပံ့ပိုးမွုေတြ လုပ္ေပးဦးမွာျဖစ္တယ္လို့ ဆို ပါတယ္ ။Crd – Thutazone

Unicode … ဆွဲချင်ရာ လျှောက်ဆွဲတတ်တဲ့ ဝါသနာကြောင့် စားသောက်ဆိုင်ကြီးတစ်ခုမှာ အလုပ်ရသွားတဲ့ ၉နှစ်သား က လေးငယ်

ကလေးတွေ မှာ ထူးခြားတဲ့ ပင်ကိုယ်ဝါသနာလေးတွေ ပါလာတတ်ကြပါတယ်။ ဒီလိုဝါသနာလေးတွေကို ဂရုစိုက်ပြီး ပြုစုပျိုးထောင်ပေးတဲ့အခါ အဲဒီကလေးဟာ ထူးချွန်တဲ့ ကလေးတစ်ယောက် ဖြစ်လာပါတယ်။

အခုလည်း အင်္ဂလန်နိုင်ငံက Joe Whale ဆိုတဲ့ ၉နှစ်သား ကောင်လေးမှာ ဝါသနာတစ်ခုရှိပါတယ်။ အဲဒါကတော့ အချိန်ရတိုင်း စာအုပ်တွေ နံရံတွေမှာ သူ့စိတ်ထဲပေါ်လာတဲ့အတိုင်း ပုံတွေလျှောက်ခြစ်နေတတ်တာပါ။

ဒါကို သူ့ရဲ့မိဘတွေက “ဒီကလေး သူများတွေလို ပုံဆွဲတာလဲ မဟုတ်ပဲ ခြစ်ချင်ရာလျှောက်ခြစ်နေတယ် နောက်အဲလိုလုပ်ရင် အရိုက်ခံရမယ်” ဆိုပြီး မဆူခဲ့ပဲ သားဖြစ်သူရဲ့ ဝါသနာကို အားပေးခဲ့ပါတယ်။ ဒါကြောင့်လည်း ကလေးဟာ အားပြီဆိုတာနဲ့ သူ့ဝါသနာအတိုင်း လွတ်လွတ်လပ်လပ် ခြစ်ချင်ရာ လျှောက်ခြစ်ပါတော့တယ်။

ဒီလိုစိတ်ကူးထဲရှိသလို လျှောက်ခြစ်တာကို doodle art လို့ခေါ်ပြီး သေချာကြည့်ရင် ဆွဲထားတာတွေဟာ သေေ သပ်သပ်လေးရှိနေတာကို မြင်ရမှာပါ။

သူဆွဲချင်ရာ ဆွဲထားတာကို ကျောင်းကဆရာတစ်ယောက်က တွေ့ သွားတဲ့အခါ သဘောကျသွားပြီး ဓာတ်ပုံရိုက်ကာInstargram မှာ တင်လိုက်ပါတယ်။ အွန်လိုင်းပေါ်က လူပေါင်းများစွာဟာ ကလေးရဲ့ ဝါသနာကို ချီးကျူးခဲ့ကြပါတယ်။

သူတို့ထဲမှာ Shrewsbury မြို့ No . 4 စားသောက်ဆိုင်ကြီးက ဝန်ထမ်းတစ်ယောက်လည်း ပါဝင်ခဲ့ပါတယ်။မကြာမီမှာပဲ No. 4 စားသောက်ဆိုင်က သူတို့ရဲ့ ပင်မစားသောက်ခန်းမ နံရံမှာ စိတ်တိုင်းကျသလို ပုံတွေရေးဆွဲပေးဖို့ Joe Whale ကို ဆက်သွယ်လာခဲ့ပါတယ်။ အခုဆိုရင်တော့ ကျောင်းဆင်းချိန်တိုင်းမှာ Joe ရဲ့ အဖေဟာ သားဖြစ်သူကို ပုံဆွဲပေးဖို့အတွက် စားသောက်ဆိုင်ဆီ ပုံမှန်ပို့ပေးခဲ့ရပါတယ်။

စားသောက်ဆိုင်ရဲ့ နံရံမှာ သူ ၁၂ နာရီကြာ ရေးခြစ်ထားတာတွေကို ဆိုင်ကလည်း အလွန်သဘောကျခဲ့ပြီး အဲဒီပုံတွေကို အွန်လိုင်းပေါ်မှာတင်ခဲ့ရာ လူပေါင်း ၁ သန်းခွဲခန့် ကြည့်ရှု့ခဲ့တဲ့အထိ စိတ်ဝင်စားခဲ့ကြပါတယ်။

အခုဆိုရင်တော့ Joe ကို Doodle Boyလို့ ခေါ်ကြပြီး မီဒီယာ တွေထက်မှာ နာမည်ကြီးနေပါပြီ။ ဒါအပြင် သူ့ရဲ့ရေးဆွဲမှုကိုနှစ်သက်တာကြောင့် အလုပ်လုပ်ပေးဖို့ ထပ်မံကမ်းလှမ်းခြင်းကိုလည်း ခံရပါတယ်။

Joe ရဲ့ ဖခင်ဖြစ်သူ Greg ကတော့ သားဖြစ်သူကို အသက်ငယ်ငယ်မှာတင် သူဝါသနာပါတဲ့အလုပ်ကို ကျွမ်းကျင်သူအဖြစ် လုပ်ကိုင်နိုင်ခြင်းအတွက် အလွန် ဂုဏ်ယူနေ သလို ဆက်လက်ပြီးတော့လည်း ပံ့ပိုးမှုတွေ လုပ်ပေးဦးမှာဖြစ်တယ်လို့ ဆို ပါတယ် ။Crd – Thutazone

Be the first to comment

Leave a comment

Your email address will not be published.


*