တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ် ဖြစ်ရမည် ( အချိန် ၁ မိနစ်လောက်ပေးပြီး ဖတ်ကြည့်ပါ )

တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ် ဖြစ်ရမည် ( အချိန် ၁ မိနစ်လောက်ပေးပြီး ဖတ်ကြည့်ပါ )

အမေရိကန်နိုင်ငံက တောမြို့လေးတစ်ခုရဲ့ မူလတန်းကျောင်းလေးတစ်ခုမှဆရာမက ကျောင်းသားလေးတွေကို သူတို့ကြီးလာရင် ဘာဖြစ်ချင်ကြသလဲ ဆိုတာကို စာရွက်ပေါ်မှာ ရေးပြီး စာရွက်တွေကို သူ့ဆီမှာ လာတင်ခိုင်းလိုက်တယ်။ကျောင်းသားလေးတွေက ဆရာမပြောတဲ့အတိုင်း လုပ်ကြတယ်။ ဆရာမက ကျောင်းသားလေးတစ်ယောက်ကို ခေါ်လိုက်ပြီး မဖြစ်နိုင်တာတွေ ရေးထားတယ်။ ဖြစ်နိုင်တာကိုပဲ ရေးပြီး စာရွက်အသစ်ကို နောက်နေ့မှာ ပြန်လာတင်ခိုင်းလိုက်တယ်။

ကျောင်းသားလေးဟာ အိမ်ပြန်ရောက်တော့ သူ့အဖေကို အဲဒီအကြောင်း ပြောပြတယ်။ အဖေက သူ့ကို စာရွက်ပေါ်မှာ ဘာများရေးလိုက်လို့လဲလို့ ပြန်မေးတော့ ကလေးက သူရေးထားတဲ့ စာရွက်ကို ပြလိုက်တယ်။ စာရွက်ပေါ်မှာ ရေးထားတာက “ကျနော် ကြီးလာရင် ပြိုင်မြင်းတွေ မွေးထားတဲ့ ဧက ၁၀၀ ကျယ်တဲ့ ခြံကြီးတစ်ခြံကို ပိုင်ဆိုင်တဲ့သူတစ်ယောက် ဖြစ်ချင်တယ်” တဲ့။

အဖေက “မင်း စာရွက်ပေါ်မှာ ဆရာဝန်ဖြစ်ချင်တယ်၊ အင်ဂျင်နီယာဖြစ်ချင်တယ်၊ အဆိုတော်ဖြစ်ချင်တယ်ဆိုတာတွေထဲက တစ်ခုခုကို ရေးပြီး မနက်ဖြန်ကျရင် ဆရာမကို ပြန်ပေးလိုက်။ ဒါပေမဲ့ စောစောက ဆရာမ ပြန်ပေး လိုက်တဲ့ စာရွက်ကို မင်းခေါင်းအုံးအောက်မှာ သိမ်းထားလိုက်ကွာ။ ပြီးရင် ညအိပ်ခါနီးတိုင်း အဲဒီစာရွက်ကို ဖတ်ပြီး ဖြစ်ကိုဖြစ်ရမယ်လို့ မင်းစိတ်ထဲမှာ အကြိမ်ကြိမ် ရွတ်ဆိုပေးလိုက်” လို့ ပြောလိုက်တယ်။

အနှစ် ၄၀ ကြာပြီးတဲ့အခါမှာ ကျောင်းသားလေးဟာ ဈေးအလွန်ကြီးတဲ့ ပြိုင်မြင်းအကောင် ၁၀၀ မွေးထားတဲ့ ဧက ၁၀၀ကျယ် ခြံကြီးကိုပိုင်ဆိုင်တဲ့ သူဋ္ဌေးကြီတစ်ယောက် ဖြစ်သွားပါတယ်။ဒီအဖြစ်အပျက်က ကျနော်တို့ကို ဘာအသိပေးလိုက်သလဲ။ လောကကြီးမှာ မဖြစ်နိုင် ဘူးဆိုတာ မရှိဘူး။ တကယ်ဖြစ်ချင်ရင် တကယ်လုပ် အဟုတ်ဖြစ်ရမယ်ဆိုတဲ့ စိတ်ရှိဖို့ပါ။

အမေရိကန်နိင်ငံက ဂျက်စီကာကော့စ် ဆိုတဲ့ အမျိုးသမီးဟာ မွေးက တည်းက လက်နှစ်ဖက်စလုံး လက်မောင်းရင်းကနေ ပြတ်နေခဲ့တယ်။ သူဟာ စိတ်ဓါတ်မကျဘဲ ဂျွမ်းဘားကစားတယ်။ ရေကူးတယ်။ တိုက်ကွမ်ဒို ကစားတယ်။အသက် ၁၄ နှစ်မှာ အမျိုးသားတွေကို ခြေထောက်နဲ့ တိုက်ခိုက် အနိုင်ယူရင်း အမေရိကန်နိုင်ငံရဲ့ တိုင်ကွမ်ဒိုချန်ပီယံ ဖြစ်လာခဲ့တယ်။ တက္ကသိုလ်က ဘွဲ့လည်း ရပြီးပြီ။

ဒါပေမဲ့ သူဟာ ခြေထောက်နဲ့ လေယဉ်မောင်းနှင်ချင်နေတယ်။ လူတွေက ပြောကြတယ်။ မိန်းမတစ်ယောက်ဖြစ်တယ်။ နောက်ပြီး လက်နှစ်ဖက်စလုံး မရှိလို့ လေယဉ်မောင်းဖို့ဆိုတာလည်း လုံးဝမဖြစ်နိုင်ဘူးတဲ့။သူဟာ ခြေထောက်နဲ့ မောင်းလို့ရမယ့် လေယဉ်အမျိုးအစားရဖို့ အချိန် တစ်နှစ်ကြာသွားခဲ့တယ်။ ကိုယ်ပိုင်လေယဉ်ပျံ အသေးလေး မောင်းနှင်ခွင့် ပိုင်းလော့လိုင်စင်ရဖို့ ပုံမှနိ ၆ လပဲ ကြာတတ်ပါတယ်။

ဒါပေမဲ့ သူဟာ ခြေထောက်နဲ့ မောင်းနှင်ရတာမို့ ပိုင်းလော့လိုင်စင်ရဖို့ ၃ နှစ်ကြာခဲ့တယ်။ အမေရိကန်ရဲ့ ပြည်နယ် ၃ ခုကို ပြောင်းပြီး လေ့ကျင့်ရတယ်။ နည်းပြတွေက စိတ်မရှည်ကြလို့ နည်းပြ ၃ ယောက် ပြောင်းခဲ့ရတယ်။ဂျက်စီကာဟာ အသက် ၂၅ နှစ်မှာ ကိုယ်ပိုင်လေယဉ်မောင်း ပိုင်လော့လိုင်စင်ကို ရလိုက်တယ်။ လိုင်စင်ရပြီး မကြာခင်မှာ သူဟာ အမေရိကန် ပြည်နယ်တစ်ခုကနေ နောက်တစ်ခုကို တစ်ယောက်ထဲ လေယဉ်မောင်းသွားလို့ နာမည်ကြီးသွားသလို ကမ္ဘာစံချိန်မှတ်တမ်းဖြစ်တဲ့ ဂီးနစ်စာအုပ်မှာလည်း ခြေထောက်နဲ့ လေယဉ်မောင်းသော ပထမဆုံး အမျိုးသမီးအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

သူ့ရဲ့ အဖြစ်အပျက်ဟာ လောကမှာ မဖြစ်နိုင်တာ ဘာမှ မရှိဘူး။ တကယ်ဖြစ်ချင်စိတ်ရှိပြီး ကြိုးစားရင် ဘာမဆို ဖြစ်နိုင်တယ်ဆိုတဲ့ စကား မှန်ကန်ကြောင်း သက်သေပြခဲ့တာပါ။ တကယ်လို့ စိတ်ကူးတစ်ခုကို မဖြစ်နိုင်ဘူးလို့ စိတ်ထဲမှာ ယုံကြည်မှတ်ယူလိုက်တာနဲ့ သင့်ခန္ဓာကိုယ်မှာ ဘာဖြစ်သွားသလဲ။ မဖြစ်နိုင်ဘူးလို့ ယုံကြည်မှုကို သူ့ရဲ့ဦးနှောက်က လက်ခံလိုက်ပြီး သူ့ရဲ့ ခန္ဓာကိုယ် အကြောအချဉ်အားးလုံးကို ခုလို သတင်းပို့လိုက်ပြန်တယ်။

“လုပ်မနေနဲ့၊ မဖြစ်နိုင်ဘူး”“မဖြစ်နိုင်တာတွေကို စိတ်ကူးမယဉ်စမ်းပါနဲ့”“ရတာလေးနဲ့ပဲ တင်းတိမ်နေစမ်းပါ၊ မဖြစ်နိုင်တာတွေကို တွေးမနေပါနဲ့” စတာတွေပါ။ ခန္ဓာကိုယ်ဆိုတာကလည်း ဦးနှောက်က ခိုင်းစေတာကို လိုက်လုပ်ရသူမို့ သူပြောတဲ့အတိုင်း ဆက်မလုပ်တော့ဘဲ လက်လျှော့လိုက်ပါလိမ့်မယ်။

ဒါကြောင့် သင့်အိပ်မက်၊ ရည်မှန်းချက်ကို အကောင်အထည်ဖေါ်ရာမှာ“ဖြစ်မှ ဖြစ်ပါ့မလား”ဆိုတဲ့ ဒွိဟစိတ်၊ “မဖြစ်နိုင်ပါဘူး” ဆိုတဲ့အဆိုးမြင်စိတ်တွေကို ခေါင်းထဲပေါ်လာရင် “လောကကြီးမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး၊ငါဇွဲရှိရှိအ ရှုံးမပေးဘဲ ကြိုးစားရင် သေချာပေါက် အောင်မြင်မယ်”ဆိုတဲ့စိတ်နဲ့ အစားထိုးလဲလှယ်လိုက်ပါ။ အဲဒီလို လုပ်ခြင်းဟာ အောင်မြင်ကြီးပွားသူတွေရဲ့ အလေ့အကျင့်တစ်ခုပါ။crd ;ဗန်းမော်သိန်းဖေ

Be the first to comment

Leave a comment

Your email address will not be published.


*