တစ်ခါအားသွင်းထားရုံနဲ့ ၁၈၆ မိုင်အထိ မောင်းနှင်နိုင်မယ့် NAWA Racer လျှပ်စစ်ဆိုင်ကယ်
NAWA Technologies ရဲ့ Racer ဆိုင်ကယ်ကတော့ သာမာန် ဘက်ထရီအပြင် Nano-Based Ultracapacitor နည်းပညာ ကိုအသုံးပြုထားတဲ့ Zero-Emission မော်တော်ဆိုင်ကယ် အသစ် ဖြစ်ပြီး ဆိုဒ်တူ ဆိုင်ကယ်တွေထက် အကွာအဝေး နှစ်ဆ လောက်ပိုပြီးမောင်းနှင်နိုင်စွမ်းရှိပါတယ်။
ယနေ့ခေတ် လျှပ်စစ် ကားတွေမှာ သုံးတဲ့ Lithium-Ion ဘက်ထရီ နဲ့ မျိုးဆက် သစ် Nano-Based Ultracapacitors နည်းပညာပေါင်းစပ် အသုံးပြုထားတာကြောင့် စွမ်းအင်ကို ၁၀ ဆကနေ အဆ၁၀၀ အထိ ပိုမိုသိုလှောင် နိုင်မှာဖြစ်ကာ ဘက်ထရီထက် အားသွင်းရတာပိုမြန်သလို သုံးရတာလည်း ပိုမြန်ကြောင်း ဆိုထားပါတယ်။
စွမ်းအင် အရင်းအမြစ် နှစ်ခုကို ပေါင်းစပ် အသုံးပြုထားတာ ဖြစ်တဲ့အတွက် စွမ်းအင်ကို အကောင်းဆုံး အသုံးချနိုင်မှာဖြစ်ပြီး လျှပ်စစ်ကားတွေအတွက်လည်း အလားအလာ အသစ် တွေကို ပေးစွမ်းနိုင် လိမ့်မယ်လို့ NAWA က ယုံကြည်နေတာပါ။
Supercapacitors အသုံးပြုထားတဲ့ အတွက် အားသွင်းချိန် ကို လျော့ချနိုင် လိုက်နိုင်သလို ကြီးမားတဲ့ Lithium-Ion ဘက်ထရီရဲ့ အရွယ်အစားကိုလည်း လျှော့ချနိုင်မှာ ဖြစ်တဲ့အပြင် စက်ပစ္စည်းရော၊ နည်းပညာရောကို သက်တမ်းကြာကြာ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ တီထွင်သူတွေက ဆိုထားပါသေးတယ်။
UKမှာရှိတဲ့ Envisage Group နဲ့ အခြားအဖွဲ့တွေကလည်းNAWA Racer ရဲ့ Concept Version ကို ဖန်တီးတဲ့နေရာမှာ အပြည့်အဝ ကူညီပေးခဲ့ကြပါတယ်။ ဘီးမှာ တပ်ဆင်ထားတဲ့ မော်တာကနေ စွမ်းအင်ထုတ်လွှတ်ပေးတဲ့ ပြိုင်ဘီး စတိုင်နဲ့ Café- Racer Bike ကတော့ တစ်ခါအားသွင်းထားရုံနဲ့ မြို့တွင်း ၃၀၀ ကီလိုမီတာ(၁၈၆မိုင်)ထိ မောင်းနှင်နိုင်မှာပါ။
Body Panels နဲ့ Rear Arm တွေကို Composite Material တွေအသုံးပြုထားတာ ကြောင့် အလေးချိန်ကလည်း လျော့ကျအုံးမှာဖြစ်ပါတယ်။ Motorbike အတွက် ဒီဇိုင်းထုတ်ထားတာ ဖြစ်ပေမယ့်လည်း သူ့ရဲ့ Powertrain က ဘယ်လို EV အမျိုးအစားမှာမဆို ချဲ့ထွင်အသုံးပြုနိုင်မှာဖြစ်တယ်လို့လည်း NAWA မှ အခိုင်အမာဆိုထားတာပါ။
အဆိုပါ NAWA Racer ကိုတော့ နိုဝင်ဘာ ၂၅ ရက် ကနေ ၂၈ ရက်နေ့ထိ မီလန်မှာ ကျင်းပခဲ့တဲ့ EICMA 2021 ကမ္ဘာ့အကြီးဆုံး မော်တော် ဆိုင်ကယ်ပြပွဲမှာ ခင်းကျင်းပြသခဲ့ပါတယ်။ crd
Be the first to comment