တစ်သက်တာရုပ်ရှင် အနုပညာဆုရှင် စွယ်စုံရ ဘဘဗိုလ်ကလေးတင့်အောင်ရဲ့ငယ်ဘဝ ဓါတ်ပုံများနှင့် အမှတ်တရများ

တစ်သက်တာရုပ်ရှင် အနုပညာဆုရှင် စွယ်စုံရ ဘဘဗိုလ်ကလေးတင့်အောင်ရဲ့ငယ်ဘဝ ဓါတ်ပုံများနှင့် အမှတ်တရများ

စည်သူဗိုလ်ကလေးတင့်အောင် သည်အမည်ကို စတင် တွေ့ထိ ခဲ့ဘူးသည်မှာ1962 ခန့်ဖြစ်မည် ထင်ပါသည် ။ ထွန်းဝေ စံရှားတင် ပါဝင်သော”မေတ္တာဟူသည် ” လက်ကမ်းကြော်ငြာပေါ် ” ဒါရိုက်တာ ဗိုလ်ကလေး တင့်အောင်” ဟုဖတ်လိုက်ရသည့် အချိန်ကစတင် ရင်းနှီးခဲ့ပါသည်။

အဲသည်အချိန် ကိုယ်ကဒုတိယတန်း ကျောင်းသားကလေးဆိုတော့ သိတ်နားမလည်သေးတဲ့ အရွယ်,စစ်တပ်ထဲက ဗိုလ်ကြီးဗိုလ်ကလေး ကိုဆို လိုသည်ပဲသိထားပြီး ဦးတင့်အောင် ဆိုတာ စစ်ဗိုလ်ကလေးတ ဖြစ်သည်ဟုပင်ထင်မှတ်ခဲ့ပါသည် ။ နောင်မှမြို့အမည် ဖြစ်ကြောင်း သိရပါသည်။

၂၀၁၁ ခုနှစ်မတ်လ စိတ်ကူးချိုချိုက ဖြန်ချီတဲ့ မြန်မာ နိုင်ငံ ဓာတ်ပုံ အသင်းနှစ် (၆၀) ပြည့်အထိမ်းအမှတ် မဂ္ဂဇင်းဆရာကြီးစည်သူ ဗိုလ်ကလေးတင့်အောင်ရဲ့ ဓာတ်ပုံရိုက်ကူးခြင်းနဲ့ ပတ်သက် တဲ့ ဆောင်းပါးထဲက စာသားအချို့ ကိုကောက် နှုတ်ကူးယူ ဖော်ပြလိုက်ပါ သည်။

စည်သူဗိုလ်ကလေးတင့်အောင်၏ ” ဓာတ်ပုံဟောင်းကလေးများ ” ဆောင်းပါးဓာတ်ပုံရိုက်ကူးခြင်းနှင့် ပတ်သက်၍ ရယ်ပွဲဖွဲ့ကြသည် များလည်းရှိ ခဲ့ဖူးသည်။အချို့ အယူသည်းကြသော အဘိုးအဘွားများက ဓာတ်ပုံရိုက်ခံရလျင် မိမိတို့ဝိညာဉ်၌ ထိခိုက်တတ်သည်,ရုပ်ပုံကလည်း အခြားသို့ ကူးပြောင်း သွားခြင်းကြောင့် နိမိတ်မကောင်းပါဟု ထင်မြင်ကာ ဓာတ်ပုံ မရိုက်ကြပါ။

ဓာတ်ပုံရိုက်လျင် ကင်မရာနောက်ကျော၌ ပြောင်းပြန်ပေါ်သည့် ခေတ်ဖြစ်လေရာ မတတ်သာလွန်း၍ ဓာတ်ပုံ ရိုက်ခံမည့် အပျိုကြီးများမှာ ဓာတ်ပုံဆရာ မသိအောင် ကြိုးကွင်းကလေး(၂) ခု ယူလာပြီး ဓာတ်ပုံရိုက်မည့် အချိန်တွင်အသင့်ယူလာသည့် ကြိုးကွင်းကလေး(၂)ခုနှင့် မိမိတို့၏ ထဘီအောက်စ (၂) ဖက်ကို စွပ်ထားလိုက်ကြ၏။

ဘာကြောင့်ဤသို့ ပြုမူပါသနည်းဟု မေးသည်တွင် ဓာတ်ပုံရိုက်သည့် ကိရိယာနောက်ကျော၌ ပြောင်းပြန်ပေါ်သည်ဟု ကြားဖူးသောကြောင့် ထဘီစဇောက်ထိုးဖြစ်လျင် ခေါင်းပေါ်ပြန်အုပ်မည်ကို စိုးသည်,ရှက်စရာ ဖြစ်မည်ဟုဖြေကြ၏။ ဤမျှဓာတ်ပုံ ရိုက်ကူးခြင်းနှင့် မနီးစပ်သူများရှိခဲ့ကြသည်။

အသက် (၁၅) နှစ်အရွယ် ကျိုက်လတ်မြို့ အမျိုးသား အထက်တန်းကျောင်းသားဘဝတွင် ၉ ဖြတ်လမ်းထိပ်ရှိ ဆရာစဲဓာတ်ပုံဆိုင်တွင် ရိုက်ကူးခဲ့သောဓာတ်ပုံကလေးက ဟိုခေတ်ဟိုအခါက နုပျိုစိုပြည်ခဲ့ ပျော်ရွှင်ခဲ့ ကြုံဆုံခဲ့သည်များကိုဖြစ်စေရန် ဖန်တီးပေးခဲ့သည့် နည်းတူ။

ဝင်းဝင်းပြ ဇာတ်ရုံရှေ့တွင် ဇာတ်ညွှန်းစာရွက်ကိုကိုင်ကာ ဘလေဇာကွတ်အင်္ကျီင်္ကိုဝတ်၍ ရိုက်ကူးထားသော ဓာတ်ပုံကလေးကလည်း (၁၉၄၉)မှ(၁၉၅၅) အထိ ကျော်ကြားထင်ရှားခဲ့သော ဝင်းဝင်းပြဇာတ်ခေတ်ကိုပြန်လည်သတိရစေပါသည်။ အိမ်မဲမြို့ကမ်းနားတံတားပေါ် ရိုက်ထားသော(၁၉၇၀) နတ်တော်လစာဆိုတော်နေ့ စာပေဟောပြောပွဲကျင်းပခဲ့ပုံကို ပြန်လည်ပြောပြနေပါသည်။

ထိုစဉ်က ဟောပြောကြသူများမှာ ဆရာမင်းသိင်္ခနှင့် စာရေးသူတို့ဖြစ်ကြပါသည်။ထို့ကြောင့် ဓာတ်ပုံအဟောင်းကလေးများကား တန်ဖိုးကြီးမား လှပါသည်။ အမှတ်ရစရာများကို ပြန်လည်ပြောပြနိုင်ပါသည် ။ မပျောက်ပျက်အောင် သေချာစွာသိမ်းဆည်းထားကြပါဟု တိုက်တွန်းလိုပါ၏ ။ ဤသည်ကား ဆရာစည်သူ ဗိုလ်ကလေးတင့်အောင်၏ ဆောင်းပါးကောက်နှုတ်ချက်ဖြစ်ပါသည်။ Ko Min Kyaw Thein FB မှပြန်လည် ကူးယူဖော်ပြပါသည်။ လေးစားစွာဖြင့် ခရက်ဒစ်

Be the first to comment

Leave a comment

Your email address will not be published.


*