တစ်နှစ်အတွင်း ဖမ်းဆီးအရေးယူခံခဲ့ရသည့် အနုပညာရှင်များနှင့် ထင်ပေါ်ကျော်ကြားသူများ

တစ်နှစ်အတွင်း ဖမ်းဆီးအရေးယူခံခဲ့ရသည့် အနုပညာရှင်များနှင့် ထင်ပေါ်ကျော်ကြားသူများ

နိုင်ငံတော်အရေးပေါ်အခြေနေကြေညာခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီနောက်ပိုင်းမှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်ထိ တစ်နှစ်အတွင်းတွင်ဖမ်းဆီးအရေးယူခံခဲ့ရသည့် အနုပညာရှင်များနှင့်ထင်ပေါ်ကျော်ကြားသူများစွာရှိခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဧပြီ ၃ ရက်မှစတင်၍ ရုပ်ရှင်၊ ဂီတမှအနုပညာရှင်များနှင့် Social influencer များကို နစကက နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ – က ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။

အဆိုပါ အနုပညာရှင်များနှင့် Social influencer များသည် နိုင်ငံတော်အရေးပေါ်အခြေနေကြေညာပြီး နောက်ပိုင်းတွင် အာဏာဖီဆန်ရေးအကြမ်းမဖက်လှုပ်ရှားမှုCivil Disobedience Moment(CDM) လှုပ်ရှားမှုများနှင့်၊ Facebook လူမှုကွန်ရက် စာမျက်နှာမှတဆင့်လှုံဆော်ခြင်းများ ပြုလုပ်ခဲ့ခြင်းကြောင့် ယခုကဲ့သို့အမှုဖွင့်အရေးယူခဲ့ခြင်းဖြစ်ကြောင်း နစကကထုတ်ပြန်ကြေညာခဲ့သည်။

အမှုဖွင့်အရေးယူခံရသည့် ရုပ်ရှင်သရုပ်ဆောင်များမှာ အကယ်ဒမီအိန္ဒြာကျော်ဇင်၊ အကယ်ဒမီမင်းမော်ကွန်း၊ ဒေါင်း၊ ရဲတိုက်၊ ညီနန္ဒ၊ ညီထွဋ်ခေါင်၊ အကယ်ဒမီဖွေးဖွေး၊ အကယ်ဒမီသက်မွန်မြင့်၊ အကယ်ဒမီပိုင်ဖြိုးသု၊ ခင်ဝင့်ဝါ၊ မေတိုးခိုင်၊ ဝါဆိုမိုးဦး၊ ထက်အောင်ရှိုင်း၊ စည်သူဝင်း၊ ခါရာ၊ နှင်းသွေးယုအောင်၊ အေးဝတ်ရည်သောင်း၊ မျိုးသန္တာထွန်း၊ အေးမြတ်သူ၊ စူးရှနိုင်၊ ခေးဆက်သွင်၊ သွင်ပပအောင်တို့ပါဝင်ခဲ့သည်။

အဆိုတော်များအနေဖြင့် R ဇာနည်၊ ပိုပို၊ ချမ်းမြေ့မောင်ချို၊ ကော်နီ၊ နိုဗန်ထူး၊ ဟန်နေတာ၊ ကျားပေါက်၊ ချစ်သုဝေ၊ နန်းသူဇာ၊ G Fatt၊ Mary၊ ဖြူဖြူကျော်သိန်း၊ လင်းလင်း၊ သားငယ်၊ အောင်ထက်၊ J Fire၊ ခြူးစစ်ဟန်၊ မေမဒီတို့ပါဝင်ပြီး မော်ဒယ်လ်သန္တာလှိုင်၊ အိန်ဂျယ်လမုန်၊ နော်ဖောအယ်ထား၊ သီဟထွန်း၊ နွယ်ဒါလီထွန်း၊ အေးငြိမ်းဆွေ၊ ရတနာဗိုလ်၊ ဆုအိမ့်စံ၊ သံသာမိုးသိမ့်၊ သက်ထားစုစံ၊ ထက်အိမ့် (ခ) ထက်ထက်အိမ့်၊ နန်းသူဇာ၊ သီဟထွန်း၊ မိတ်ကပ်မေဦး၊ မိတ်ကပ်မထက်၊ မိတ်ကပ်မေဦးမောင်၊ ကျော်ကျော်နန္ဒ၊ ဒါရိုက်တာထူးပိုင်ဇော်ဦး၊ ဒါရိုက်တာဏကြီး၊ ဒါရိုက်တာသွန်းနေစိုး အစရှိသူတို့ ပါဝင်ခဲ့သည်။

Social Influencer များအနေဖြင့် ၀င်းမင်းသန်း (Yangon In My Heart)၊ ဒေါက်တာမြ၀တ်ရည်၊ ဖြိုးဖြိုးအောင်(Food for your brain)၊ မေဇွန်ဝင်း (Travel Blogger)၊ ဒေါက်တာသူရိန်လှိုင်ဝင်း၊ Kelvin Kate (ခ) အောင်သူလွင်၊Presenter သဇင်နွယ်ဝင်းတို့လည်း ပါဝင်ခဲ့သည်။

ထိုသို့ အမှုဖွင့်ခံရသူများအနက် အကယ်ဒမီမင်းမော်ကွန်း၊ အကယ်ဒမီ ပိုင်ဖြိုးသု၊ ဒါရိုက်တာဏကြီး၊ အဆိုတော် နိုဗန်ထူး၊ သရုပ်ဆောင်မြနှင်းရည်လွင်၊ အဆိုတော်ကျားပေါက်၊ Idiot အဖွဲ့မှအဆိုတော်ရေမွန်၊ အဆိုတော်ချစ်သုဝေ၊ အဆိုတော်လင်းလင်း၊ မော်ဒယ်လ်ထားထက်ထက်၊ မိတ်ကပ်မေဦး၊ ဟန်လင်းနှင့် လူရွှင်တော်ဟားငါးကောင်အဖွဲ့အစရှိသူတို့သည် လွတ်မြောက်နယ်မြေသို့ထွက်ပြေးတိမ်းရှောင်နေခဲ့ပြီး ထိုအထဲတွင် Idiot အဖွဲ့မှ အသက် ၃၃ နှစ်အရွယ်ရှိ အဆိုတော်ရေမွန်သည် ၂၀၂၁ ခုနှစ်ဇွန်လ ၂၃ ရက်တွင် အစာအိမ်သွေးကြောပေါက်၍ လွတ်မြောက်နယ်မြေ၌ကွယ်လွန်ခဲ့သည်။

ယင်းသို့ အမှုဖွင့်အရေးယူခဲ့ပြီးနောက် နယ်ပယ် အသီးသီးမှ အနုပညာ ရှင်နှင့်ထင်ပေါ်ကျော်ကြားသူ ၄၈ ဦးအား ၅၀၅ – က အမှုမှရုပ်သိမ်းကြောင်း နစကက ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၉ ရက်တွင် ထုတ်ပြန် ကြေညာခဲ့ပြန်သည်။

အဆိုပါ အမှုရုပ်သိမ်းခံရသူများမှာ ရုပ်ရှင်သရုပ်ဆောင်များဖြစ်ကြသည့် ခင်ဝင့်ဝါ၊ ညီထွဋ်ခေါင်၊ ထက်အောင်ရှိုင်း၊ ခေးဆက်သွင်၊ ဝါဆိုမိုးဦး၊ သက်မွန်မြင့်၊ ခါရာ၊ စူးရှနိုင်၊ အေးဝတ်ရည်သောင်း၊ အေးမြတ်သူ၊ ညီနန္ဒ၊ သွင်ပပအောင်တို့ဖြစ်ကြသည်။

ဆက်လက်ပြီး အဆိုတော်များဖြစ်ကြသည့် ဖြူဖြူကျော်သိန်း၊ ချမ်းမြေ့မောင်ချို၊ ချစ်သုဝေ၊ ကော်နီ၊ ခြူးစစ်ဟန်၊ မေမဒီ၊ ဟန်နေတာ၊ G Fatt၊ Mary၊ J Fire၊ သားငယ်၊ အောင်ထက်၊ ခြူးစစ်ဟန်တို့ပါဝင်ခဲ့ပြီး နွယ်ဒါလီထွန်း၊ သက်ထားစုစံ၊ ထက်အိမ့် (ခ) ထက်ထက်အိမ့်၊ သံသာမိုးသိမ့်၊ သီဟထွန်း၊ နန်းသူဇာ၊ ဒါရိုက်တာသွန်းနေစိုး၊ ထူးပိုင်ဇော်ဦး၊ မိတ်ကပ်မထူး၊ မိတ်ကပ်မေဦးမောင်၊ Kelvin Kate၊ ကျော်နန္ဒ၊ Presenter သဇင်နွယ်ဝင်း တို့သည်လည်း အမှုရုပ်သိမ်းပေးခံရသူစာရင်းတွင်ပါဝင်ခဲ့သည်။

အမှုရုပ်သိမ်းပေးခဲ့သော်လည်း အချို့သော ရုပ်ရှင်၊ ဂီတနှင့် Social Influencer များမှာ လွတ်မြောက်နယ်မြေတွင်သာဆက်လက်နေထိုင်လျက်ရှိသကဲ့သို့ ဖမ်းဆီးခံထားရဆဲ အနုပညာရှင်များလည်း ရှိခဲ့သည်။

ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် အနုပညာရှင်များမှာ အကယ်ဒမီလူမင်း၊ အကယ်ဒမီအိန္ဒြာကျော်ဇင်၊ အကယ်ဒမီပြေတီဦး၊ အကယ်ဒမီဇင်ဝိုင်း၊ ရဲတိုက်၊ ပိုင်တံခွန်၊ မေတိုးခိုင်၊ အကယ်ဒမီမျိုးသန္တာထွန်း၊ ဇာဂနာ၊ ဆင်မ၊ ဒါရိုက်တာမင်းထင်ကိုကိုကြီး၊ အဆိုတော်ပိုပို၊ အဆိုတော်စောဖိုးခွား၊ အဆိုတော်အီတိုး၊ အေသင်ချိုဆွေ၊ မိတ်ကပ် Gucci Aung နှင့် Social influencer တစ်ဦးဖြစ်သည့် ၀င်းမင်းသန်း (Yangon In My Heart) တို့ဖြစ်သည်။

အဆိုပါ ၁၇ ဦးအနက် ပြန်လည်လွတ်မြောက်လာသူများမှာ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် အကယ်ဒမီဇင်ဝိုင်း၊ ဇွန်လ ၁၁ရက်တွင် အဆိုတော်အေသင်ချိုဆွေ၊ ဇွန်လ ၃၀ရက်တွင် သရုပ်ဆောင်မေတိုးခိုင်၊ အောက်တိုဘာ ၁၈ ရက်တွင် သရုပ်ဆောင် ဇာဂနာတို့ ပြန်လည် လွတ်မြောက်ခဲ့သည်။

အဆိုတော် အီတိုးသည်လည်း စက်တင်ဘာလ ၈ ရက်တွင် ဖမ်းဆီးခံခဲ့ရပြီး အောက်တိုဘာလ ၉ ရက်တွင် လွတ်မြောက်ခဲ့သည်။ သို့ရာတွင်အောက်တိုဘာ ၂၀ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပြန်လည် ဖမ်းဆီးခြင်းခံခဲ့ရသည်။

ဧပြီ ၈ ရက်တွင် ဖမ်းဆီးခံခဲ့ရသည့် မော်ဒယ်လ်သရုပ်ဆောင်ပိုင်တံခွန်အား ပြီးခဲ့သည့် ဒီဇင်ဘာ ၂၇ ရက် တွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။ ၎င်းသည် ဖမ်းဆီးခံအနုပညာရှင်များထဲတွင် ပထမဆုံးအမိန့်ချမှတ်ခံခဲ့ရသူလည်း ဖြစ်သည်။

၎င်းအား အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ နှစ် ချမှတ်သည်မှာ ရာဇ၀တ်ကျင့်ထုံးဥပဒေပြဋ္ဌာန်းချက်များ၊ တရားရုံးကျင့်ထုံး၊ ကျင့်စဉ်များနှင့်တရားစီရင်ရေး အတွေ့အကြုံများအရ တစ်ခါမျှမကြုံဖူးသော ဖြစ်စဉ်ဖြစ်ကြောင်း၊ တရားလိုပြသက်သေ စစ်ဆေးဆဲအဆင့်တွင် လုပ်ထုံးလုပ်နည်းများကျန်ရှိသေးကြောင်း အမိန့်ချမှတ်ခြင်းမှာ ဥပဒေနှင့်ညီညွတ်မှုမရှိကြောင်းကိုလည်း အမည်မဖော်လိုသူရှေ့နေ တစ်ဦးက သုံးသပ်ပြောဆိုခဲ့သည်။

ဆက်လက်ပြီး ဒီဇင်ဘာ ၃၀ ရက်တွင်လည်း အကယ်ဒမီပြေတီဦးနှင့် အကယ်ဒမီအိန္ဒြာကျော်ဇင်၊ အကယ်ဒမီလူမင်း၊ သရုပ်ဆောင်ရဲတိုက်၊ အဆိုတော်ပိုပိုနှင့် အဆိုတော်စောဖိုးခွားတို့အား ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ – က ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် အမိန့် ချမှတ်ခဲ့ပြီး Socia influencer ၀င်းမင်းသန်းကိုမူ ပုဒ်မ ၅၀၅ – က အပြင် မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇(၁) ဖြင့်ပါ ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့သည်။

သတင်းမှတ်တမ်းများအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက်အထိ တစ်နိုင်ငံလုံးနီးပါး အတိုင်းအတာဖြင့် ဖမ်းဆီးထိန်းသိမ်းခံရသူစုစုပေါင်း ၈၇၉၈ ဦးရှိပြီး ၆၅၄ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ပြစ်ဒဏ်ချမှတ်ခံရသူများအနက် အသက် ၁၈ နှစ်အောက် ကလေးနှစ်ဦးအပါအဝင် ၄၅ ဦးသည် သေဒဏ်ချမှတ်ခံထားရသည်။ ခရက်ဒစ်

Be the first to comment

Leave a comment

Your email address will not be published.


*