တစ်နေ့လုံးမှာ ထမင်းတစ်နပ်ပဲစားမယ်ဆိုရင် သင့်ခန္ဓကိုယ်မှာ ဘာတွေပြောင်းလဲလာနိုင်လဲ

တစ်နေ့လုံးမှာ ထမင်းတစ်နပ်ပဲစားမယ်ဆိုရင် သင့်ခန္ဓကိုယ်မှာ ဘာတွေပြောင်းလဲလာနိုင်လဲ

တစ်ချို့သောသူတွေက ကိုယ်အလေးချိန်ကို လျော့ချလိုတာကြောင့် တစ်ရက် ၂၄ နာရီအတွင်း ထမင်းတစ်နပ်ပဲစားပြီ ဝိတ်ချလေ့ရှိကြပါတယ် ။ ဒါပေမယ့် အဲ့ဒီနည်းလမ်းဟာ သင့်ရဲ့ကျန်းမာရေးအတွက် နာက်ဆက်တွဲ ဆိုူကျိုးတွေကို ဖြစ်စေ နိုင်ပါတယ် ။ သင့်အနေနဲ့ တစ်နေ့လုံးမှာမှ ထမင်းတစ်နပ်ကိုပဲ စားမယ်ဆိုရင် သင့်ခန္ဓာကိုယ်မှာ ဒီလိုတုံ့ပြန်မှုတွေကို ဖြစ်လာစေပါ ။

ဝိတ်တက်လာမယ်

ဟုပ်ပါတယ် ထမင်းတစ်နပ်ပဲစားခြင်က သင့်ကို ဝိတ်တက်စေမှာပါ ။ ခန္ဓာကိုယ်က သင်စားသုံးလိုက်တဲ့ အစားအစာအားလုံးကို လိုအပ်တဲ့အချိန်မှာ အသုံးပြုရန် သိုလှောင်ထားတတ်ပါတယ်။ ထမင်းလျှော့စားခြင်းက သင့်ရဲ့ဇီဝဖြစ်ပျက်မှုကို နှေးကွေးစေပြီး cortisol ဟော်မုန်းတွေ ထုတ်လုပ်မှုတိုးလာတာကြောင့် အဆီတွေကို အရင်ကထက် ပိုမိုသိုလှောင်ထားပါလိမ့်မယ် ။ ဒါကသင့်ကို တဖြည်းဖြည်းနဲ့ ဝိတ်တက်လာစေနိုင်ပါတယ်။

သွေးတွင်းသကြားဓာတ် မတည်မငြိမ်ဖြစ်မယ်

နောက်တသ်ချက်အနေနဲ့ အစာမစားပဲ အချိန်ကြာမြင့်စွာနေခြင်းက ခန္ဓာကိုယ်ရဲ့ သွေးတွင်းသကြားဓာတ်ကို မတည်မငြိမ် ဖြစ်လာစေမှာပါ ။ သွေးတွင်းသကြားဓာတ် မတည်မငြိမ်ဖြစ်ခြင်းကြောင့် ခေါင်းကိုက်ခြင်းနဲ့နောက်ပိုင်းတွင် ကြွက်သားတွေ တင်းမာမှုကို ခံစားရစေနိုင်ပါတယ်။

အာဟာရဓာတ် ချို့တဲ့လာမယ်

တစ်နေ့ကို ထမင်းတစ်နပ်ပဲစားခြင်းက ခန္တာကိုယ်အတွက် လုံလောက်တဲ့ ဗီတာမင်ကို ဖြည့်တင်းမပေးနိုင်ပါဘူး ။ ဒါ့ကြောင့် သင့်အနေနဲ့ အာဟာရချို့တြဲ့ခြင်းနဲ့ဆက်စပ်နေတဲ့ လက္ခဏာတွေဖြစ်တဲ့ ဆံပင်ကျွတ်ခြင်းနဲ့ လက်သည်းခွံပေါ်တွင် အဖြူရောင် အစက်အပြောက်လေးတွေ ပေါ်ခြင်းမျိုးတွေ ဖြစ်လာနိုင်ပါတယ် ။

ခေါင်းကိုက်ခြင်းဝေဒနာ ခံစားလာရမယ်

ခေါင်းကိုက်ခြင်းဟာ ကိုယ်အလေးချိန် အမြန်ကျချင်သူတွေမှာ အဖြစ်များတဲ့ အရာတစ်ခုဖြစ်ပါတယ် ။ အစားအစာ ပြုပြင်ပြောင်းလဲမှု လျှောချလိုက်မှုတို့ကြောင့် သွေးတွင်းသကြားဓာတ်ကျဆင်းမှု၊ မဂ္ဂနီဆီယမ်ချို့တဲ့မှုနဲ့ အခြားသော အကြောင်းအရာတွေကြောင့် သင့်ကို ခေါင်းကိုက်စေပါတယ် ။

Be the first to comment

Leave a comment

Your email address will not be published.


*