တသက်မှတခါ ကြုံရတဲ့တွေ့ရှိမှုလို့ ပညာရှင်တွေ တင်စားကြတဲ့ ရွှေတွေအတုံးလိုက်ထွက်တဲ့ သြစတြေလျနိုင်ငံမှ ရွှေတွင်းကြီး

တသက်မှတခါ ကြုံရတဲ့တွေ့ရှိမှုလို့ ပညာရှင်တွေ တင်စားကြတဲ့ ရွှေတွေအတုံးလိုက်ထွက်တဲ့ သြစတြေလျနိုင်ငံမှ ရွှေတွင်းကြီး

အလွန်ကြီးမားသည့် ရွှေနမူနာများ (Gold Specimens) အား အနောက်သြစတြေလျ ရှိ မြေအောက်သတ္ထုတွင်း မိတာ ၅၀၀ ခန့်အနက်မှာတွေ့ရှိခဲ့ပါတယ် ။ အလွန်ရှားပါးသော တွေရှိမှုဖြစ်ပြီး၊ ဘူမိ ပညာရှင်များက “တသက်တခါ တွေ့ရှိမှု (Once-in-a-lifetime Discovery)” လို့ကင်းပွန်တပ်ခေါ်ကြပါတယ် ။

အဲဒိသတ္ထုတွင်းက RNC Minerals ကုမ္ပဏီပိုင်Beta Huntသတ္ထုတွင်းဖြစ်ပြီး၊ Kambalda မြို့လေးနားမှာ ရှိပါတယ်၊ အဲဒိမြို့ကလေး က Western Australia ရှိ Perth မြို့ရဲ့အရှေ့ ၆၃၀ ကီလိုမိတာ အကွာအဝေးမှာရိပါတယ်၊ အဲဒိသတ္ထုတွင်းမှာ နီကယ် နှင် ရွှေ ထွက်ရှိ/ထုတ်လုပ်ပါတယ်၊

ဒီရွှေနမူနာတွေကို Beta Hunt သတ္ထုတွင်းရဲ့အနက် မိတာ ၅၀၀ ခန်မှာတွေ့ရှိရခြင်းပါ၊ အဲဒိနေရာက ၃မိတာကျယ်ပြီး၊၃မိတာအမြင့်ရှိတဲ့ မြေအောက်သတ္ထုတွင်းနံယံကရရှိခြင်းပါ၊ သတ္ထုတွင်းလုပ်သားများဟာ ၄ ရက်အတွင်း ၉၀၀၀ အောင်စ (သို့) ဒေါ်လာ ၁၅ သန်းကျော်တန်းဘိုးရှိတဲ့ ရွှေနမူနာများကိုတုတ်ယူနိုင်ခဲ့ကြပါတယ်၊

အဲဒိရွှေများတွေ့ရှိပုံလေးကတော့ စိတ်ဝင်စားစရာလေးပါ…… အဲဒိသတ္ထုတွင်းရဲ့ မြေအောက်သတ္ထုတွင်း လုပ်သားတဦးက သူရဲနေ့စဉ်လုပ်နေကျ အလုပ်ဖြစ်တဲ့ မြေအောက်သတ္ထုတွင်းမှာ drill အပေါက်များဖေါက်ပြီး ဖေါက်ခွဲဘို့ရမ်းများထည့်တယ်၊ နောက် ရမ်းဖေါက်တယ် ၊ သူကတော့ဘေးကင်းရာ မြေပြင်ပေါ်မှာရှောင်တယ်၊ နောက်တနေ့ သူရမ်းဖေါက်ခဲတဲ့ နေရာကိုပြန်လာခဲတယ်၊

အဲဒိမှာရမ်ဖေါက်ခွဲလို့ တွက်ရှိလာတဲ့ကျောက်ကျိုးကျောက်ပဲ့မျာကိုရေနှင်ဆေးလိုက်တဲ့အခါမှာတော့ နေရာတိုင်းမှာ ရွှေပါတဲ့ကျောက်များ (quartz သလင်းများ) ပြန့်ကျဲနေတာကို ထူးဆန်း အံသြစွာ တွေ့ပါတယ်၊ သူတခါမှမတွေဘူးသလို ကျွန်တော်လည် ပုံအရ တခါမှမတွေ့ဘူးပါဘူး၊ မျက်စေ့ဖြင့်မြင်ရသော ရွှေနှင့်သလင်းများ (Gold associate with quarz) ဖြစ်ပါတယ်၊

အဲဒိရွှေနမူနာများဟာ အရွယ်အစား အမျိုးမျိုး ရှိနေကြပြီး အကြီးဆုံး ၂ တုံး (ပုံ)ကတော့ ၉၀ ကီလိုဂရမ် (၂၃၀၀ oz အောင်စ ခန်မှန်း) ရှိပြီး တန်ဘိုး ဒေါ်လာ ၃.၈သန်း တန်ဘိုးရှိပြီး၊ ဒုတိယအကြီးဆုံကတော့ ၆၀ ကီလိုဂရမ်ရှိပြီး (၁၆၀၀ oz အောင်စ ခန့်မှန်း) ရှိပြီးဒေါ်လာ ၂.၆ သန်းတန်ဘိုးရှိပါတယ်၊

ခုလို မျက်စေ့နှင် မြင်ရသော ရွှေနမူနာ ( ရွှေကျောက် gold and quartz) များကတော့ တသက်မှာတွေ့မြင်ရဘို့ အထူးပင် ခက်ခဲပါပေသည်၊ အခုအဲဒိသတ္ထုတွင်းကို လုံခြုံရေး အထူးကြီးကြပ်လျက်ရှိနေပါပြီ၊ ရွှေနမူနာအတုံးကြီးများကို လေလံတင်ရောင်းချမယ်လို့သိရပါတယ်၊ကုမ္ပဏီ ဥက္ကဌကတော့ အဆိုပါတွေရိမှုကို “World Class Discovery” လို့ကင်ပွန်းတပ်ထားပါတယ်၊ crd

Be the first to comment

Leave a comment

Your email address will not be published.


*