တိုက်လေယာဉ်တစ်စင်း လူနေအိမ်တွေပေါ် ပျက်ကျမှု တရုတ်မှာ ဖြစ်ပွား

တိုက်လေယာဉ်တစ်စင်း လူနေအိမ်တွေပေါ် ပျက်ကျမှု တရုတ်မှာ ဖြစ်ပွား

တရုတ်နိုင်ငံ အလယ်ပိုင်းမှာ ကြာသပတေးနေ့ (ဇွန် ၉) က တိုက်လေယာဉ်တစ်စင်း လူနေအိမ်တွေပေါ် ပျက်ကျခဲ့တာကြောင့် လူတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ နိုင်ငံပိုင် မီဒီယာက သတင်းထုတ်ပြန်ပါတယ်။

လေတပ်ရဲ့ J-7 တိုက်လေယာဉ် တစ်စင်းဟာ လေကျင့်ပျံသန်းမှု လုပ်နေစဉ် လေဆိပ် အနီးတစ်ဝိုက်မှာ ပျက်ကျခဲ့ပြီး လူနေ အိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ နိုင်ငံပိုင် ရုပ်သံလွှင့်ဌာန CCTV က ထုတ်လွှင့်ခဲ့ပါတယ် ။ တိုက်လေယာဉ်မှူးကတော့ လေထီးခုန် လွတ်မြောက်သွားခဲ့ပြီး အခြာ းရရှိခဲ့တဲ့ ဒဏ်ရာတွေနဲ့ ဆေးရုံကို တင်ပို့ထားကြောင်းလည်း CCTV က ဆက်လက်ဖော်ပြပါတယ်။

ဟူပေပြည်နယ် Xiangyang မြို့မှာဖြစ်ခဲ့တဲ့ လေယာဉ်ပျက်ကျရမှု အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပြီလို့လည်း သတင်းမှာ ဖော်ပြခဲ့ပါတယ်။ ဆင်ဟွ ာသတင်းဌာနက အွန်လိုင်းမှာတင်ခဲ့တဲ့ အခင်းဖြစ်နေရာက ဗီဒီယိုဖိုင်မှာတော့ Xiangyang မြို့ လမ်းတစ်ခုပေါ်မှာ မီးတောက်တွေကို တွေ့ရပြီး မီးခိုးမည်းတွေ ထွက်ပေါ်နေ ခဲ့ပါတယ် ။ အခင်းဖြစ်နေရာရှိ အဆောက်အအုံ အတော်များများဟာ ပြားပြားဝပ် ပျက်စီးသွားပုံရတာကိုလည်း တွေ့ခဲ့ရပါတယ်။

တရုတ်နိုင်ငံရဲ့ ကျွန်းပြည်နယ်တစ်ခုဖြစ်တဲ့ ဟိုင်နန်မှာ ၂၀၁၉ ခုနှစ်က ရေတပ်လေယာဉ်တစ်စင်း ပျက်ကျမှုဖြစ်ခဲ့တာကြောင့် လေယာဉ်မှူးနှစ်ဦး သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ယခုနှစ် မတ်လအတွင်းက တောင်ပိုင်းပြည်နယ် ကွမ်ရှီးမှာ အရပ်ဘက်လေယာဉ်တစ်စင်း ပျက်ကျမှုဖြစ်ခဲ့တာကြောင့် လူ ၁၃၂ ဦးအထိ သေဆုံးခဲ့ရပြီး တရုတ်နိုင်ငံမှာ ဆယ်စုနှစ်များစွာအတွင်း အဆိုးဝါးဆုံး လေကြောင်းဘေးအန္တရာယ်ဖြစ်ခဲ့ပါတယ်။ The Straits Times

Zawgyi … တိုက္ေလယာဥ္တစ္စင္း လူေနအိမ္ေတြေပၚ ပ်က္က်မွု တရုတ္မွာ ျဖစ္ပြား

တ႐ုတ္နိုင္ငံ အလယ္ပိုင္းမွာ ၾကာသပေတးေန႔ (ဇြန္ ၉) က တိုက္ေလယာဥ္တစ္စင္း လူေနအိမ္ေတြေပၚ ပ်က္က်ခဲ့တာေၾကာင့္ လူတစ္ဦး ေသဆုံးၿပီး ႏွစ္ဦး ဒဏ္ရာရခဲ့တယ္လို့ နိုင္ငံပိုင္ မီဒီယာက သတင္းထုတ္ျပန္ပါတယ္။

ေလတပ္ရဲ့ J-7 တိုက္ေလယာဥ္ တစ္စင္းဟာ ေလက်င့္ပ်ံသန္းမွု လုပ္ေနစဥ္ ေလဆိပ္ အနီးတစ္ဝိုက္မွာ ပ်က္က်ခဲ့ၿပီး လူေန အိမ္ေတြ ထိခိုက္ပ်က္စီးခဲ့တယ္လို့ နိုင္ငံပိုင္ ႐ုပ္သံလႊင့္ဌာန CCTV က ထုတ္လႊင့္ခဲ့ပါတယ္ ။ တိုက္ေလယာဥ္မွူးကေတာ့ ေလထီးခုန္ လြတ္ေျမာက္သြားခဲ့ၿပီး အျခာ းရရွိခဲ့တဲ့ ဒဏ္ရာေတြနဲ႔ ေဆး႐ုံကို တင္ပို့ထားေၾကာင္းလည္း CCTV က ဆက္လက္ေဖာ္ျပပါတယ္။

ဟူေပျပည္နယ္ Xiangyang ၿမိဳ့မွာျဖစ္ခဲ့တဲ့ ေလယာဥ္ပ်က္က်ရမွု အေၾကာင္းရင္းကို စုံစမ္းစစ္ေဆးေနၿပီလို့လည္း သတင္းမွာ ေဖာ္ျပခဲ့ပါတယ္။ ဆင္ဟြ ာသတင္းဌာနက အြန္လိုင္းမွာတင္ခဲ့တဲ့ အခင္းျဖစ္ေနရာက ဗီဒီယိုဖိုင္မွာေတာ့ Xiangyang ၿမိဳ့ လမ္းတစ္ခုေပၚမွာ မီးေတာက္ေတြကို ေတြ႕ရၿပီး မီးခိုးမည္းေတြ ထြက္ေပၚေန ခဲ့ပါတယ္ ။ အခင္းျဖစ္ေနရာရွိ အေဆာက္အအုံ အေတာ္မ်ားမ်ားဟာ ျပားျပားဝပ္ ပ်က္စီးသြားပုံရတာကိုလည္း ေတြ႕ခဲ့ရပါတယ္။

တ႐ုတ္နိုင္ငံရဲ့ ကၽြန္းျပည္နယ္တစ္ခုျဖစ္တဲ့ ဟိုင္နန္မွာ ၂၀၁၉ ခုႏွစ္က ေရတပ္ေလယာဥ္တစ္စင္း ပ်က္က်မွုျဖစ္ခဲ့တာေၾကာင့္ ေလယာဥ္မွူးႏွစ္ဦး ေသဆုံးခဲ့ပါတယ္။ ဒါ့အျပင္ ယခုႏွစ္ မတ္လအတြင္းက ေတာင္ပိုင္းျပည္နယ္ ကြမ္ရွီးမွာ အရပ္ဘက္ေလယာဥ္တစ္စင္း ပ်က္က်မွုျဖစ္ခဲ့တာေၾကာင့္ လူ ၁၃၂ ဦးအထိ ေသဆုံးခဲ့ရၿပီး တ႐ုတ္နိုင္ငံမွာ ဆယ္စုႏွစ္မ်ားစြာအတြင္း အဆိုးဝါးဆုံး ေလေၾကာင္းေဘးအႏၲရာယ္ျဖစ္ခဲ့ပါတယ္။ The Straits Times

Be the first to comment

Leave a comment

Your email address will not be published.


*