တိုင်းပြည်စီးပွားရေး အနာဂတ်စိုးရိမ်လို့ စုံတွဲတွေ ကလေးမွေးကြရန် ထိုင်းအစိုးရက တိုက်တွန်းလှုံ့ဆော်

တိုင်းပြည်စီးပွားရေး အနာဂတ်စိုးရိမ်လို့ စုံတွဲတွေ ကလေးမွေးကြရန် ထိုင်းအစိုးရက တိုက်တွန်းလှုံ့ဆော်

ထိုင်းနိုင်ငံမှာ အမျိုးသမီးတွေဟာ သားသမီးတွေ ပိုမိုမွေးဖွား စေလိုတာကြောင့် အာဏာပိုင် တွေက ငယ်ရွယ်တဲ့ စုံတွဲတွေ ကလေးယူဖို့ လှုံ့ဆော်ပေး တဲ့နေရာမှာ အနုပညာရှင်နဲ့ အောင်မြင် ကျော်ကြားသူ မိခင်တွေကို ငှားရမ်းဖို့ စီစဉ် နေပါတယ်။

Thethaiger သတင်းရဲ့ ရေးသား ဖော်ပြချက်အရ ထိုင်းနိုင်ငံရဲ့ ကလေးမီးဖွား နှုန်းဟာ လွန်ခဲ့ နှစ် ၅၀ အတွင်း အနိမ့်ဆုံး အဆင့်သို့ ရောက်ရှိသွားခဲ့တာကြောင့် ပြည်သူ့ ကျန်းမာရေးဝန်ကြီး ဌာနက အဆိုပါ အစီအစဉ်ကို ဦးဆောင် ကြိုးပမ်းလျှက် ရှိတယ်လို့ သိရပါတယ်။

ယခင်တုန်းကတော့ ပျမ်းမျှအားဖြင့် ထိုင်းအမျိုး သမီးတစ်ဦးမှာ ကလေး ၅ ယောက်ရှိပြီး လူဦးရေ အလွန်အကျွံ တိုးလာမှာကို စိုးရိမ် ပူပန် တာကြောင့် အစိုးရက ၁၉၇၂ ခုနှစ်မှာ ကလေးငယ် တွေများ ပိုမို ဆင်းရဲမွဲတေ ဆိုတဲ့ ခေါင်းစဉ်နဲ့ လှုပ်ရှားမှုကို စတင်ပြီး တားမြစ်ခဲ့ တာဖြစ်ပါတယ်။

သို့သော်လည်း ယခု အခါ ကလေးမွေးဖွားနှုန်း ကျဆင်းမှုက ထိုင်းနိုင်ငံ ရဲ့ အနာဂတ် စီးပွားရေး ကိုခြိမ်းခြောက်လျှက် ရှိနေကာ အမျိုးသား စီးပွားရေးနဲ့ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု ကောင်စီရုံးကနေ ကလေးမွေးဖွားနှုန်း နည်းတာကြောင့် အနာဂတ်မှာ လုပ်သားရှားပါးမှုနဲ့ အခွန်ဝင်ငွေနည်းခြင်း ကဲ့သို့သော ပြဿနာတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ထောက်ပြထားပါတယ်။ crd ; ဘန်ကောက်လမ်းညွန်ကိုစိုင်း

Be the first to comment

Leave a comment

Your email address will not be published.


*