တောင်ခင်္သြေ့ရဲ့ တိုက်ခိုက်ခံရချိန်မှာ ပိုင်ရှင်ဖြစ်သူရဲ့အသက်ကို ကယ်တင်ပေးခဲ့တဲ့ ခွေးလေး Eva

တောင်ခင်္သြေ့ရဲ့ တိုက်ခိုက်ခံရချိန်မှာ ပိုင်ရှင်ဖြစ်သူရဲ့အသက်ကို ကယ်တင်ပေးခဲ့တဲ့ ခွေးလေး Eva

လူတွေရဲ့ ခြေလေးချောင်းအိမ်မွေးတိရိစ္ဆာန်လေးတွေဟာ ခြွင်းချက်မရှိတဲ့ ချစ်ခြင်းမေတ္တာနဲ့ သစ္စာစောင့်သိမှုအပေါ် လူတွေရဲ့နားလည်မှုကို အကြိမ်ကြိမ်ပြောင်းလဲစေတာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ခင်္သြေ့တိုက်ခိုက်မှုကနေ ပိုင်ရှင်ဖြစ်သူကို အသက်စွန့်ပြီးကာကွယ်ပေးခဲ့တဲ့ ခွေးလေးအကြောင်းကို မျှဝေပေးချင်ပါတယ်။

အသက် 24 နှစ်ရှိပြီဖြစ်တဲ့ Erin Wilson ဟာ သူမရဲ့ 2 နှစ်သားအရွယ် ခွေးလေး Eva နဲ့ Big Bar, Trinity Country, California တွင် နေ့လည်ခင်းအချိန်ဖြုန်းနေခဲ့ပါတယ်။Wildlife officer ရဲ့ပြောဆိုချက်အရ သူတို့ဟာ picnic area ရဲ့အနီး လမ်းပေါ်တွင် ကားရပ်ပြီး Trinity River ဆီသို့ လမ်းလျှောက်ပြီး သွားခဲ့ကြပါတယ်။

ခွေးလေး Eva က အရှေ့ကနေသွားပြီး Erin ကတော့ နောက်ကနေလိုက်တဲ့အချိန်မှာ သူမရဲ့ဘေးနားက ဆူညံသံတစ်ခုကို ကြားလိုက်ရပါတယ်။အဲနောက်မှာတော့ ရုတ် တရက် ချုံပုတ် ထဲကနေ တောင်ခင်္သြေ့ကြီး တစ်ကောင် ခုန်ထွက်လာကာ Erin ကို လက်သည်းဖြင့် ပွတ်ဆွဲလိုက်တာကြောင့်သူမရဲ့ဘယ်ဘက် ပခုံးပေါ်တွင် ဒဏ်ရာရ သွားခဲ့ပါတယ်။

တောင်ခင်္သြေ့ကြီးက ဟိန်းဟောက်ကာ နောက်ထပ်တစ်ကြိမ် Erin ကို တိုက်ခိုက်ဖို့ပြင်တဲ့အချိန်မှာ သူမကကြောက် လန့်တကြားနဲ့ Eva ရဲ့နာမည်ကို အော်ဟစ်ခေါ်ခဲ့ပါတယ်။ ပိုင်ရှင်ဖြစ်သူက သူ့ရဲ့နာမည်ကို အော်ခေါ်လိုက်တာကြားလိုက်ရတဲ့ Eva ဟာ တုံ့ဆိုင်းမနေပဲ ခင်္သြေ့ကိုပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။

ခွေးလေး Eva က ခင်္သြေ့ကြီးကို အာရုံလွှဲနိုင် ခဲ့တာကြောင့် Erin ကတော့ ဘေးကင်းရာကို သွားရောက်ဖို့ အချိန်ရ သွားခဲ့ပါတယ်။ ပိုင်ရှင်ဖြစ် သူကို အန္တရာယ်တွင်းထဲကနေ လွတ်မြောက်စေခဲ့ပေမယ့် ခွေးလေး Eva ကတော့ တောင်ခင်္သြေ့ကြီးရဲ့ တိုက်ခိုက်မှုကို ဆက်လက်ခံခဲ့ရတာပါ။

Eva ရဲ့ခေါင်းကို ခင်္သြေ့ကြီးက အလွတ်မပေးပဲကိုက်ထားခဲ့တာပါ။ Erin ရဲ့ပြောကြားချက်အရ “သူတို့စက္ကန့်အနည်းငယ်ကြာအောင် တိုက်ခိုက်နေကြပြီး ခဏကြတော့ သူ့ရဲ့ညည်းတွားသံကို ကြားလိုက်ရပါတယ် ဒါကသူ့ရဲ့ခေါင်းကို ခင်္သြေ့ကြီးကိုက်ထားတယ်ဆိုတာ သိလိုက်ရတယ်” ဟု ပြန်လည်ပြောပြခဲ့ပါတယ်။

သူမရဲ့ ခွေးလေးတိုက်ခိုက် ခံနေရတာကို မြင်လိုက်ရတဲ့အချိန်မှာ Erin ဟာ ခင်္သြေ့ကြီးကိုပြန်လည်တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့ပြီး ကျောက်ခဲတွေနဲ့ပစ်ပေါက်ကာ ခွေးလေးကိုဆွဲထုတ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ခင်္သြေ့ကြီးကတော့ ခွေးလေး Eva ကို လုံးဝလွှတ် မပေးခဲ့ပါဘူး။

နောက်ဆုံးမှာ Erin ဟာ အကူအညီရှာဖို့ လမ်းပေါ်ကို ပြန်တက်လာခဲ့ကာ ကားထဲကနေ ငရုတ်ကောင်းမှုန့်ဘူးနဲ့ PVC ပိုက်တစ်ချောင်းကိုယူပြီး တိရိစ္ဆာန်နှစ်ကောင် တိုက်ခိုက်နေတဲ့နေရာကို ပြန်သွားခဲ့ပါတယ်။ ငရုတ်ကောင်းဖြန်းဆေးက ခင်္သြေ့ကြီးကို မတွန့်ဆုတ်သွားစေပဲ ခွေးလေးကို လမ်းတစ်လျှောက်ဆွဲငင်သွားဖို့ အားပေးသလို ဖြစ်သွားစေခဲ့ပါတယ်။

ဒါပေမယ့် Erin ဟာလည်း လုံးဝလက်မလျော့ခဲ့ပဲ PVC ပိုက်ဖြင့် ခင်္သြေ့ကိုရိုက်နှက်ကာ ငါ့ခွေးကို လွှတ်လိုက်ဆိုပြီး အသံကျယ်ကြီးနဲ့ အော်ဟစ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ခင်္သြေ့ကြီးက ခွေးကိုလွှတ်ချပြီး ထွက်ပြေးသွားခဲ့ပါတယ်။ သွေးတွေထွက်နေတဲ့ သူမရဲ့ခွေးလေးကို ပွေ့ချီလာခဲ့ပြီး တိရိစ္ဆာန်ဆေးရုံသို့ အလျင်အမြန်ပို့ဆောင်ကာ ကုသမှုခံယူစေခဲ့တာပါ။

ခွေးလေး Eva ရဲ့ဦးခေါင်းခွံရိုးနှစ်ခု ကျိုးသွားခဲ့ပြီး၊ လေလမ်းကြောင်းပေါက်ခြင်းနဲ့ ဘယ်ဘက်မျက်လုံးကို ပြင်းထန်စွာထိခိုက်သွားခဲ့ပါတယ်။ ခွေးလေး အသက်ရှင်ရန်မသေချာပေမယ့် Erin က ခွေးလေးကို “ငါ့အနားမှာနေပေးပါ မင်းကိုချစ်တယ် မင်းမရှိရင်ငါမနေနိုင်ဘူး မသွားပါနဲ့ ငါ့ကိုထားမသွားပါနဲ့” စတဲ့ ဆက်လက်အသက်ရှင်စေလိုမယ့် စကားတွေကို ပြောကြားပေးနေခဲ့ပါတယ်။

Erin ဟာလည်း သူမရရှိထားတဲ့ဒဏ်ရာတွေကို ကုသခဲ့ရပြီး ခွေးလေး Eva အတွက် လူတွေဆီကနေ ရံပုံငွေ 32000 အထိ လက်ခံရရှိခဲ့တာပါ။ ခွေးလေး Eva က ခက်ခက်ခဲခဲရုန်းကန်ပြီးခဲ့ရတာဖြစ်ကာ နောက်ဆုံးမှာတော့ ပြန်လည်ကျန်းမာကာ အိမ်ပြန်နိုင်ခဲ့ပါတယ်။crd ; SHWEMOM

Be the first to comment

Leave a comment

Your email address will not be published.


*