တရုတ်မှာ နာမည်အကြီးဆုံးဖြစ်တဲ့ အွန်လိုင်းဆယ်လီ အမျိုးသမီး Viya ယွမ်ငွေ ၁.၃၄၁ ဘီလျံ ဒဏ်ငွေ အရိုက်ခံရ
အွန်လိုင်းမှာ Viya လို့ နာမည်ကြီးတဲ့ Huang Wei ဟာ ဝင်ငွေခွန် ဆရှာင်မှုနဲ့ မြန်မာငွေ ကျပ် (၃၇၃,၃၅၆,၉၀၀,၀၀၀) ဒဏ်ငွေ အရိုက် ခံရတာ ဖြစ်ပါတယ်။
သူမဟာ ၂၀၁၉ နဲ့ ၂၀၂၀ အတွင်းမှာ ဝင်ငွေ လိမ်ညာ ခဲ့တာ ဖြစ်တယ်လို့ဆို ပါတယ် ။ အဲ့ဒီအတွက် သူမက တရုတ် ဆိုရှယ် မီဒီယာ Weibo ကနေ တောင်းပန် ခဲ့ပါတယ် ။
ဒီနှစ် ဇွန်လ တုန်းကလည်း အရည်အသွေး မမီတဲ့ ထုတ်ကုန်တွေ ကို ဆိုရှယ် မီဒီယာမှာ live လွှင့်ရောင်း ခဲ့တာကို စစ်ဆေးတွေ့ရှိ ရတဲ့ အတွက် ဒဏ်ရိုက် ခံခဲ့ရ ပါသေးတယ်။
ဆိုရှယ် မီဒီယာမှာ ဆယ်လီ အချို့ဟာ live လွှင့်ရာက နာမည်ကြီးလာပြီး သူတို့ကို ယုံကြည်စိတ်ချသူ ဖောလိုဝါးတွေ အပေါ် အလိမ် အညာ နည်းလမ်းမျိုးစုံနဲ့ ပစ္စည်းတွေရောင်းချတာ ရှိပါတယ်။
သူများလှူတဲ့ ပစ္စည်းပုံးတွေ အပေါ်မှာ အရှက်မရှိ ကိုယ့်နာမည်ပြူးနေအောင်ကပ်တဲ့ အတော်ကြီးကိုမျ က်နှာပြောင်တဲ့ တူစံရှားမျက်နှာပြောင် live ဆယ်လီတွေ လည်းရှိနေပါတယ်။
ပြောပြန်ရင်လည်း ဆယ်လီတွေ ဘာလုပ်လုပ် ယုံနေ သူတွေက သူတို့လိမ်အရောင်းမခံရပါဘူးဆိုပြီး ငြင်းတာ၊ ပြောသူကို ဝိုင်းတွယ်တာတွေ ရှိတဲ့အတွက် အတော်များများက မပြောရဲကြပါဘူး ။ ရန်န်သူမျိုး (၆) ပါးထဲမှာပါတဲ့ လိမ်စားတတ်တဲ့ ဆယ်လီရန်က တစ်မျိုးကနေပါ ကင်းဝေးကြပါစေ။ လေးစားစွာဖြင့် ခရက်ဒစ် – Richard Myo Thant
Be the first to comment